Myanmar News Week ဂျာနယ်​ကို အရေးယူပေးဖို့ မြောက်​ဦးက ပြည်​နယ်​လွှတ်​တော်​ကိုယ်​စားလှယ်​ တိုင်​ကြား

မြောက်​ဦး၊ မတ်​ ၂၁-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ အမှတ်​ ၁ မဲဆန္ဒနယ်​မြေ ပြည်​နယ်​လွှတ်​တော်​ကိုယ်​စားလှယ်​ ဦးထွန်းသာစိန်​က Myanmar News Week သတင်းဂျာနယ်​ကို အရေးယူပေးဖို့ ဒီကနေ့ မတ်​လ ၂၁ ရက်​နေ့မှာ မြန်​မာနိုင်​ငံ သတင်းမီဒီယာကောင်​စီကို တိုင်​ကြားလိုက်​တာ ဖြစ်​ပါတယ်​။   အခုလိုတိုင်​ကြားရတာဟာ Myanmar News Week ဂျာနယ်​အနေနဲ့ သတင်းရေးသားဖော်​ပြရာမှာ လွှတ်​တော်​ကိုယ်​စားအမည်​ကိုသုံးပြီး သူမပြောတဲ့ စကားလုံးတွေနဲ့ သတင်းမှားတွေရေးသားထုတ်​ဝေတဲ့အတွက်​ မီဒီယာကျင့်​ဝတ်​ကို ဖောက်​ဖျက်​ကျော်​လွန်​ပြီး မဟုတ်​မမှန်​ရေးသားထားတာကြောင့်​ ဖြစ်​တယ်​လို့ ဦးထွန်းသာစိန်​ကပြောပါတယ်​။   “Myanmar News Week ဂျာနယ်​မှာ ရခိုင့်​တပ်​မတော်​ AA က မြောက်​ဦးမြို့ထဲကို ကျည်​အပြည့်​နဲ့ဝင်​ရောက်​ပတ်​ခတ်​မှုတွေပြုလုပ်​ကြောင်း ကျွန်​တော်​ကပြောတယ်​လို့ ရေးသားထားတယ်​။ ဒီအပေါ်မှာ လုံးဝကန့်​ကွက်​ပါတယ်​။ ဒါကြောင့်​ အရေးယူပေးဖို့ မီဒီယာကောင်​စီကို ဒီကနေ့တိုင်​ကြားလိုက်​တာပါ။”လို့ ဦးထွန်းသာစိန်​ကပြောပါတယ်​။…

Read More

ကားလက်မှတ်အခက်အခဲရှိသူတွေကို YRTA က အရံကားတွေနဲ့ပြေးဆွဲမယ်

ရန်ကုန် ၊ မတ် ၂၁-၂၀၁၉ TGH (VOM) သင်္ကြန်ပိတ်ရက်မှာ နယ်ပြန်ဖို့  ကားလက်မှတ်အခက်အခဲရှိသူတွေအနေနဲ့   YRTA ကဖွဲ့ထားတဲ့ ကြီးကြပ်ရေးရုံးကို အကြောင်းကြားတာတွေရှိမှသာ  အရံထားရှိတဲ့ကားတွေနဲ့ ပြေးဆွဲပေးဖို့ စီစဉ်နိုင်မှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ၊ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောပါတယ်။ “ လက်မှတ်မရရင် ကြီးကြပ်ရေးရုံးကို သွားအကြောင်းကြားပါ။ သွားမယ့်ကားလိုင်းက ပြည့်သွားရင် ဆရာတို့က စီစဉ်ပေးမယ်။ တချို့လိုင်းတွေကတော့ ကြိုရောင်းတယ်ဆိုတာရှိပါတယ်။ အများအားဖြင့် သွားမယ့်ရက် ၂ ရက်ကြိုရောင်းတဲ့စနစ် ပြောထားတာပေါ့။ တကယ်လို့အခက်အခဲရှိရင် YRTA ကဖွဲ့ထားတဲ့ ကြီးကြပ်ရေးအဖွဲ့ကို ဆက်သွယ်ပါ။ ဗီနှိုင်းတွေပါတွေချိတ်ထားတယ်။ လိုအပ်ရင် ကားတွေဘာတွေနဲ့ပြေးဆွဲပေးမယ်။ မနှစ်ကလည်း ပြေးဆွဲပေးဖို့ဆိုပြီး ကားတွေထား တယ်။ တကယ်တမ်းကျ ဘယ်သူမှမလာဘူး။ ခုနှစ်လည်းအညာဘက် ၊ မန်းလေးဘက်တွေကို ပြေးဆွဲပေးသွားဖို့ရှိတယ်။ အခက်အခဲရှိရင် ဆက်သွယ်ပါရပါတယ်။ ကားတွေရှိတယ်။”လို့ YRTA…

Read More

ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း) ကိုနိုင်ရဲဝေ အမရပူရရဲစခန်းကို လာရောက်အဖမ်းခံ

မန္တ​လေး၊ ​မတ်​ ၂၁-၂၀၁၉ ဟိန်းကို(VOM)   ဒီဇင်​ဘာ(၂၈)ရက်​​နေ့က ရတနာပုံတက္ကသိုလ်​​ကျောင်း​ရှေ့မှာ မန္တ​လေးတိုင်းအစိုးရအဖွဲ့တာဝန်​ရှိသူ​တွေကို အသုဘချသည့်​ သရုပ်​ပြမှုပြုလုပ်​ခဲ့တဲ့​နေရာမှာ ရတနာပုံတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(​ဟောင်း) ကိုနိုင်​ရဲ​ဝေ ပါဝင်​ပက်​သက်​ခဲ့တဲ့လို့ဆိုကာ ရဲတပ်​ဖွဲ့က ဖမ်းဝရမ်းထုတ်​ထားရာ ဒီက​နေ့ ည​နေ့ပိုင်းက အမရပူရရဲစခန်းမှာ လာ​ရောက်​ အဖမ်းခံခဲ့ပါတယ်​။ အမရပူရရဲစခန်း က နိုင်​ရဲ​ဝေကို ပ/၇၂၂ ၂၀၁၈ငြိမ်းစုစီပုဒ်​မ ၁၉/ကျင့်​ ၅၁၂ နဲ့ တရားစွဲဆိုပြီး မနက်​ဖြန်​မနက်​ မတ်​လ၂၂ရက်​​နေ့မှာ အမရပူရတရားရုံးမှာ ရုံးထုတ်​စစ်​​ဆေးမှာဖြစ်​ပါတယ်​။   ဒီအမှုမှာပါဝင်​တဲ့ ​ကျောင်းသားသမဂ္ဂ​ အဖွဲ့ဝင်​(၇)ဦးကို ​ဖေ​ဖော်​၀ါရီ ၁၃ရက်​ နံနက်​ပိုင်းက အမရပူရမြို့နယ်​တရားရုံးက​နေ ပုဒ်မ ၄၃၅ ဖြင့် ​​ထောင်​ဒဏ်​(၃)လ၊ ပုဒ်မ ၁၉ ဖြင့် ​ထောင်​ဒဏ်​(၂)လ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။   #voiceofmyanmar #ရတနာပုံကျောင်းသား #နိုင်ရဲဝေ  

Read More

တရုတ်မယားအဖြစ် ရောင်းစားခံရသူအများစု ပိတ်လှောင်ထားပြီး အဓမ္မအကျင့်ခံနေကြရ

ဗန်ကောက်၊ မတ်-၂၁ -၂၀၁၉ မျိုးဆက် (VOM)     ကချင်ပြည်နယ်က အမျိုးသမီးတွေအပါအ၀င် မြန်မာနိုင်ငံက မိန်းမငယ်တွေကို လိင်ကျွန် သို့မဟုတ် တရုတ်မယားအဖြစ် လူကုန်ကူးနေကြတာတွေကို မြန်မာနဲ့ တရုတ်နိုင်ငံ တာဝန်ရှိသူတွေက ရပ်တန့်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘူလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြပါတယ်။   မြန်မာမိန်းကလေးတွေဟာ တရုတ်နိုင်ငံက အမျိုးသားတွေအတွက် သတို့သမီးအဖြစ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ လှည့်ဖြားပြီး ရောင်းစားခံနေရကြောင်း၊ သူတို့ထဲက အများစုကတော့ တရုတ်မိသားစုတွေက ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်ခံနေရတယ်လို့ မတ် ၂၁ ရက်မှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့ “ ကလေးမွေးပေးပါမယ် ၊ တို့ကိုလွတ်မြောက်ခွင့်ပေးပါ “ လို့အမည်ပေးထားတဲ့ စာမျက်နှာ ၁၁၂ မျက်နှာရှိ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။     တာဝန်ရှိသူတွေအနေနဲ့ လူကုန်ကူးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေကို တိုးမြင့်လုပ်ဆောင်ဖို့၊ နေရပ်ပြန်ရောက်လာသူတွေကို…

Read More

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

ဝါရှင်တန်၊ မတ်-၂၁ -၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုမိုတာဝန်ခံမှုရှိစေရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်အချို့က မတ် ၂၁ ရက်မှာ တိုက်တွန်းလိုက်ကြပါတယ်။ ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေဟာ သိသာထင်ရှားတဲ့တိုးတက်မှု လက္ခဏာတွေ မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင်တို့ဆီကို ပေးပို့တဲ့ အထက်လွှတ်တော်အမတ်လေးဦးရဲ့ပေးစာမှာ ရေးသားဖော်ပြထားပါတယ်။   မြန်မာထိပ်တန်းတာဝန်ရှိသူတွေအပါအ၀င် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့မှု ချမှတ်တာဟာ အခြေခံလူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် အမေရိကန်က လုံးဝသည်းမခံဘူးဆိုတာ ပြသလိုက်သလိုဖြစ်လိမ့်မယ်လို့ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်သူ ဒစ်ခ်ဒါဘင်က ပြောပါတယ်။   ဒီလို အရေးယူပိတ်ဆို့မှုချမှတ်ဖို့…

Read More

အီတလီနိုင်ငံမှာ ကလေးငယ် ၅၁ ဦးပါကျောင်းကားကို ပြန်ပေးဆွဲပြီး မီးရှို့

မီလန် ၊ မတ်-၂၁-၂၀၁၉ မျိုးဆက် (VOM)   အီတလီနို်င်ငံမှာ ကလေးငယ် ၅၁ ဦးလိုက်ပါလာတဲ့ ကျောင်းကားတစ်စီးကို ကားမောင်းသူက ပြန်ပေးဆွဲပြီး မီလန်မြို့အနီးမှာ မီးရှို့ခဲ့ပါတယ်။   ကားအတွင်းရှိ ကလေးငယ်အချို့က ကားနောက်ပြူတင်းပေါက်မှန်ကို ရိုက်ခွဲပြီး ထိုမှတစ်ဆင့် ကလေးငယ်တွေကို  ကယ်တင်နိုင်ခဲ့ကာ ဘယ်သူမှ ဆိုးဆိုးရွားရွား ဒါဏ်ရာမရရှိခဲ့ပါဘူး။ ကလေး ၁၄ ဦးကတော့ မီးခိုးမွှန်တာကိုခံစားခဲ့ရပါတယ်။   ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသက် ၄၇ နှစ်အရွယ်ဆီနီဂေါနွယ်ဖွား အီတလီနိုင်သား ကားမောင်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဒီဖြစ်ရပ်ဟာ အံ့အားသင့်ဖွယ်ဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ် သွားနိုင်တယ်လို့ မီလန်ရှိ အစိုးရရှေ့နေအကြီးအကဲ ဖရန်ဆိုဂရီကိုက ပြောပါတယ်။   အော့ဆေးနျူဆိုင်းလို့ ရဲတပ်ဖွဲ့က အမည်ထုတ်ဖော်ထားတဲ့ သံသယရှိသူ ကားမောင်းသမားဟာ အီတလီနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ…

Read More

နေရပ်ပြန်ဖို့ အသက်အိုးအိမ် လုံခြုံမှုမရှိသလို ကယ်ဆယ်ရေးစခန်းတွေမှာလည်း ရေရှည်နေထိုင်ဖို့မဖြစ်နိုင်တဲ့  ရခိုင်စစ်ဘေးရှောင်တွေဘဝ

မြောက်ဦး၊ မတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကိုပြန်ချင်နေကြပေမယ့် ပစ်ခတ်မှုတွေရှိနေတဲ့အတွက် အသက်အိုးအိမ်လုံခြုံမှုမရှိသလို လက်ရှိနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရေရှည်နေထိုင်ဖို့မဖြစ်နိုင်ကြောင်းနဲ့ တည်ငြိမ်အေးချမ်းမှုရရှိဖို့ လိုအပ်တယ်လို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်တွေကပြောပါတယ်။ ခိုင်လင်းစံ ရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။   #voiceofmyanmar #ရခိုင်စစ်ဘေးရှောင် #မြောက်ဦး

Read More
VOM News

FREE
VIEW