Myanmar News Week ဂျာနယ်​ကို အရေးယူပေးဖို့ မြောက်​ဦးက ပြည်​နယ်​လွှတ်​တော်​ကိုယ်​စားလှယ်​ တိုင်​ကြား

မြောက်​ဦး၊ မတ်​ ၂၁-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ အမှတ်​ ၁ မဲဆန္ဒနယ်​မြေ ပြည်​နယ်​လွှတ်​တော်​ကိုယ်​စားလှယ်​ ဦးထွန်းသာစိန်​က Myanmar News Week သတင်းဂျာနယ်​ကို အရေးယူပေးဖို့ ဒီကနေ့ မတ်​လ ၂၁ ရက်​နေ့မှာ မြန်​မာနိုင်​ငံ သတင်းမီဒီယာကောင်​စီကို တိုင်​ကြားလိုက်​တာ ဖြစ်​ပါတယ်​။

 

အခုလိုတိုင်​ကြားရတာဟာ Myanmar News Week ဂျာနယ်​အနေနဲ့ သတင်းရေးသားဖော်​ပြရာမှာ လွှတ်​တော်​ကိုယ်​စားအမည်​ကိုသုံးပြီး သူမပြောတဲ့ စကားလုံးတွေနဲ့ သတင်းမှားတွေရေးသားထုတ်​ဝေတဲ့အတွက်​ မီဒီယာကျင့်​ဝတ်​ကို ဖောက်​ဖျက်​ကျော်​လွန်​ပြီး မဟုတ်​မမှန်​ရေးသားထားတာကြောင့်​ ဖြစ်​တယ်​လို့ ဦးထွန်းသာစိန်​ကပြောပါတယ်​။

 

“Myanmar News Week ဂျာနယ်​မှာ ရခိုင့်​တပ်​မတော်​ AA က မြောက်​ဦးမြို့ထဲကို ကျည်​အပြည့်​နဲ့ဝင်​ရောက်​ပတ်​ခတ်​မှုတွေပြုလုပ်​ကြောင်း ကျွန်​တော်​ကပြောတယ်​လို့ ရေးသားထားတယ်​။ ဒီအပေါ်မှာ လုံးဝကန့်​ကွက်​ပါတယ်​။ ဒါကြောင့်​ အရေးယူပေးဖို့ မီဒီယာကောင်​စီကို ဒီကနေ့တိုင်​ကြားလိုက်​တာပါ။”လို့ ဦးထွန်းသာစိန်​ကပြောပါတယ်​။

 

ဦးထွန်းသာစိန်​ဟာ လူထုကရွေးကောက်​တင်​မြောက်​ထားတဲ့ ကိုယ်​စားလှယ်​တစ်​ဦးဖြစ်​ပြီး လူထုရဲ့သဘောဆန္ဒတွေကို တစိုက်​မတ်​မတ်​တင်​ပြနေသူတစ်​ဦးဖြစ်​ပြီးတော့ မိမိရဲ့ သဘောဆန္ဒ၊ အမြင်​၊ အယူအဆတွေကို ဖြေကြားခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်​။

 

“ကျွန်​တော်​က မီဒီယာကောင်​စီကို ဒီကိစ္စနဲ့ပတ်​သက်​လို့ ပြည်​ထောင်​စု ပြန်​ကြားရေးဝန်​ကြီးနဲ့လည်း အဆက်​အသွယ်​ရှိပါတယ်​။ အခုလိုမဟုတ်​မမှန်​ရေးသားတဲ့အပေါ်မှာ ထိထိရောက်​ရောက်​ အရေးယူပေးပါ။ ကျွန်​တော်​ကို ကူညီပါလို့ ပြောထားပါတယ်​။”လို့  ဦးထွန်းသာစိန်​ကပြောပါတယ်​။

 

ဦးထွန်းသာစိန်​အနေနဲ့ ၎င်းအားမေးမြန်းလာတဲ့ မီဒီယာတွေကို လူသားချင်းလေးစားတဲ့အနေနဲ့ ဖြေကြားတဲ့အပေါ် အခွင့်​ကောင်းယူပြီး အခုလိုလုပ်​တာဟာ တစ်​ဖက်​သားကိုဂုဏ်​သိက္ခာချ စော်​ကားတာဖြစ်​တယ်​လို့ ဆက်​လက်​ပြောကြားခဲ့ပါတယ်​။ “Myanmar News Week ဂျာနယ် ဘက်ကိုတော့ အဆက်သွယ်မရသေးလို့ သူတို့ရဲ့ သဘောထားကိုတော့ မေးမြန်နိုင်ခြင်းမရှိသေးပါဘူး။

 

#voiceofmyanmar #”Myanmar News Week  #မြောက်ဦး #ဦးထွန်းသာစိန်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW