အီတလီနိုင်ငံမှာ ကလေးငယ် ၅၁ ဦးပါကျောင်းကားကို ပြန်ပေးဆွဲပြီး မီးရှို့

မီလန် ၊ မတ်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

အီတလီနို်င်ငံမှာ ကလေးငယ် ၅၁ ဦးလိုက်ပါလာတဲ့ ကျောင်းကားတစ်စီးကို ကားမောင်းသူက ပြန်ပေးဆွဲပြီး မီလန်မြို့အနီးမှာ မီးရှို့ခဲ့ပါတယ်။

 

ကားအတွင်းရှိ ကလေးငယ်အချို့က ကားနောက်ပြူတင်းပေါက်မှန်ကို ရိုက်ခွဲပြီး ထိုမှတစ်ဆင့် ကလေးငယ်တွေကို  ကယ်တင်နိုင်ခဲ့ကာ ဘယ်သူမှ ဆိုးဆိုးရွားရွား ဒါဏ်ရာမရရှိခဲ့ပါဘူး။ ကလေး ၁၄ ဦးကတော့ မီးခိုးမွှန်တာကိုခံစားခဲ့ရပါတယ်။

 

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသက် ၄၇ နှစ်အရွယ်ဆီနီဂေါနွယ်ဖွား အီတလီနိုင်သား ကားမောင်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဒီဖြစ်ရပ်ဟာ အံ့အားသင့်ဖွယ်ဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ် သွားနိုင်တယ်လို့ မီလန်ရှိ အစိုးရရှေ့နေအကြီးအကဲ ဖရန်ဆိုဂရီကိုက ပြောပါတယ်။

 

အော့ဆေးနျူဆိုင်းလို့ ရဲတပ်ဖွဲ့က အမည်ထုတ်ဖော်ထားတဲ့ သံသယရှိသူ ကားမောင်းသမားဟာ အီတလီနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ သေဆုံးနေတာတွေနဲ့ ပတ်သက်လို့ မကျေနပ်ဘဲ ဒေါသထွက်နေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးထားတဲ့ ကားမောင်းသူဟာ  ပြန်ပေးဆွဲမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ကြိုးစားမှု၊ မီးရှို့မှုနဲ့ ဖမ်းဆီးတာကို ပြန်လည်ခုခံမှု စတဲ့ စွဲချက်တွေ နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ အီတလီအစိုးရရှေ့နေတွေက ပြောပါတယ်။

 

Ref : BBC

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW