အသားညိုစိမ့်စိမ့် ၊ပိန်ပိန်ပါးပါးနဲ့ သွက်သွက်လက်လက်ပဲရှိသေးတယ်။သူ့ကြည့်လိုက်ရင် အသက်ခြောက်ဆယ်ကျော်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ပဲ သူပြသနာတက်တယ်။အသက်ခြောက်ဆယ်ထက် သုံးနှစ်ကျော်လုပ်လို့ ဆိုပြီး သူ့ကိုငွေကျပ်သိန်းခုနှစ်ဆယ်ကျော် ပြန်လျော်ဖို့ ဆုံးဖြတ်ခံခဲ့ရတယ်။သူက ဆရာမ ဒေါ်မာမာမြင့်ပါ။အထက ၁၂ ကျောင်းက အလယ်တန်းပြတစ်ဦးဖြစ်ပြီး စာအသင်အပြကောင်းသူ ၊လူချစ်လူခင်များသူလို့ ပြောရမယ်။ ကျွန်တော်နဲ့တွေ့တော့ ကျွန်တော်သူ့ကို မင်္ဂလာပါ ဆရာမလို့ နုတ်ဆက်လိုက်တယ်။ သူလည်းပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြပြီး ပြန်နုတ်ဆက်တယ်။တကယ်တော့ ဒီလိုပြသနာတက်ထားသူတစ်ယောက်ကို ခစေ့တွင်းကျ အင်တာဗျုးဖို့ ဆိုတာ အားနာစရာကောင်းသလို ၀မ်းနည်းစရာတွေလည်း ပါလာနိုင်တယ်လေ။ သူပေါ့ပေါ့ပါးပါးပြုံးပြပေမယ့် စိတ်ဆင်းရဲခဲ့ရတဲ့ပုံကတော့မပျောက်သေးပါဘူး၊မျက်တွင်းတွေကျနေသလို နည်းနည်းလည်းနွမ်းနေပုံပဲ။ ပြီးတော့ သူကပဲစပြောတယ်။ အသိတွေက မီဒီယာတွေနဲ့ အင်တာဗျုးဆက်မလုပ်ဖို့ တားထားတယ်တဲ့။ဒါပေမယ့် တိုင်းမှူးလာလှူတဲ့ကိစ္စကတော့ ပြောရဦးမှာပဲ ဆိုပြီး “ဆရာမလျော်ရမယ့်ငွေကို တိုင်းမှူးက လာလှူသွားတယ်။ခုနှစ်ဆယ့်ရှစ်သိန်းလာလှူသွားတယ်”ဆိုပြီးပြောတယ်။ ဒါပြီးတော့ အင်တာဗျူးရအောင်ဆိုသူ့အခန်းထဲခေါ်သွားတယ်။သူ့အခန်းဆိုတာက တစည(တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ) ၀င်းထဲက လိုင်းခန်းလေးပါ။ကျွန်တော်အမြင်အရဆို ဆယ်ပေပတ်လည်လောက်ပဲရှိမယ်။ပစ္စည်းတွေကလည်း များများစားစားမရှိဘူး၊ဟင်းချက်စရာတွေတင်ထားတဲ့ စင်လေးရယ်၊ထိုင်ခုံလေးတွေရယ်။ဝှိုက်ဘုတ်တစ်ချက်ရယ်။ကျွန်တော်သတိထားမိတာက အိပ်ရာမရှိတာပါ၊အဲ့ဒီသံမံတလင်းခင်းထားတဲ့အခန်းထဲမှာ…
Read MoreDay: March 25, 2019
မြောက်ဦးမြို့နယ်အတွင်းမှ မရမာကြီးလူမျိုး ၄ ဦးပျောက်ဆုံးနေ
မြောက်ဦး၊ မတ် ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အရှေ့ဘက် လေးမြို့မြစ်ကမ်းနေဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ရော်မတီကျေးရွာက ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုဝင် မရမာကြီးလူမျိုး ၄ ဦးတို့မှာ လေးမြို့မြစ်ကြောင်းအတွင်းပျောက်ဆုံးနေကြောင်း ကျေးရွာသားတွေက ပြောပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူ ရော်မတီကျေးရွာသားတွေဟာ လေးမြို့မြစ်ကြောင်းအတွင်းမှာ ပဲအရောင်းအဝယ်ပြုလုပ်နေသူတွေ ဖြစ်ကြပြီး ပဲဝယ်ယူရန်သွားရောက်နေတုန်းမှာ အခုလိုပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ “ပျောက်နေတာ လေးငါးရက်လောက်ရှိပါပြီ။ ကျွန်တော်တို့ရွာသားလေးယောက်က လှေနှစ်စီးနဲ့ ပဲတင်ဖို့ အထက်ပိုင်းကိုသွားခဲ့ကြတာပါ။ နှစ်ယောက်က ၂၁ ရက်နေ့က ရွာကနေအသွားမှာ ပျောက်သွားတာဖြစ်ပြီးတော့ နောက်နှစ်ယောက်က အထက်ပိုင်းကနေ ပဲတင်ပြီးပြန်အဆင်းမှာ ပျောက်သွားတာပါ။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူလေးဦးတို့ဟာ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လေးမြို့မြစ်ကြောင်းအတွင်းက ဘုရားကြီးကျေးရွာနဲ့ ခြိတ်ချောင်းကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သတင်းရကြောင်း ရွာသားတွေကပြောပါတယ်။ “ပျောက်နေတဲ့လေးယောက်မှာ ၂၁ ရက်နေ့က ဘော်ရှောနဲ့ နိုင်နိုင်ဦးပါ။…
Read Moreလွတ်လပ်ရေး ကြိုးပမ်းမှုမှာပါခဲ့သူ ပြည်သူ့ရဲဘော်ဦးမျိုးထွဋ် ကွယ်လွန်
မေမြို့ မတ် ၂၅-၂၀၁၉ ဦးမျိုထွဋ် (ခ) ရဲဘော် သက်ပြင်း(အဘ-ဦးဘိုးငွေ) အသက်(၉၂)နှစ် ဟာ ၂၅.၃.၂၀၁၉ မနက် ၅:၄၅ မှာ ကွယ်လွန်ခဲ့ပ်တယ်။ အသက် (၁၄)နှစ်ကတည်းက စတင်၍ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်သော ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ နောက်ဆုံး အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကိုကိုးကျွန်းတွင် (၃)နှစ်ကျော် အကျဉ်းကျခဲ့ပြီး နောက်ဆုံး ကိုကိုးကျွန်းဖျက်သိမ်းသည်အထိ အစာငတ်ခံ တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုကိုးကျွန်းဖျက်သိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်အကျဉ်းကျခဲ့ပြီး ကျွန်းပြန်များတွင် နောက်ဆုံးမှ လွတ်မြောက်လာခဲ့တာပါ။ မဆလ ၊နဝတ ၊ နအဖ စစ်အာဏာရှင်ခေတ် တလျှောက်လုံး မည်သည့်စစ်အာဏာရှင်နှင့်မှ ပူးပေါင်းခဲ့ခြင်းမရှိခဲ့ပဲ အစဉ်ထာဝရ ပြည်သူလူထုဘက်မှ ရပ်တည်ကာ လယ်သမားအကျိုးပြု ဆောင်းပါးများ နိုင်ငံရေးဆောင်းပါးများ နိုင်ငံအကျိုးပြု ဆောင်းပါးများကို သက်ပြင်း(ရမည်းသင်း) ဗိုလ်မျိုးထွဋ်(ကိုကိုးကျွန်းပြန်) ကလောင်အမည်များဖြင့် ရေးသားခဲ့ပါတယ်။ မလညပ…
Read More