ဧရာဝတီဟာ အစိုးရပိုင် မဟုတ်တဲ့အတွက် ရောင်းစားပိုင်ခွင့်မရှိ

ရန်ကုန် ဧပြီ၁-၂၀၁၉

TGH (VOM)

 

လက်ရှိအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့တာက အရင်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့အမှားတွေကိုပြုပြင်ဖို့ဖြစ်ပြီး ဧရာဝတီဟာ အစိုးရပိုင်မဟုတ်တဲ့အတွက် ရောင်းစားပိုင်ခွင့်မရှိဘူးလို့ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့က ဒေါက်တာညိုညိုသင်းက ရန်ကုန်မြို့နာရေးကူညီမှုအသင်း(ရန်ကုန်)မှာပြုလုပ်ခဲ့တဲ့မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအစည်းအဝေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

ပြည်သူတင်မြှောက်ထားတဲ့အစိုးရဖြစ်တာကြောင့် ဘာပဲလုပ်လုပ် ပြည်သူထောက်ခံအားပေးမှုရမှာပဲဆိုတဲ့အထဲမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းမပါဝင်ပဲ အရင် အစိုးရမှားခဲ့တဲ့ လုပ်ရပ်ကို ဘာကြောင့်ဆက်လက် လုပ်ဆောင်နေသလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။

 

“ဧရာဝတီဆိုတာ အစိုးရပိုင်အဟုတ်ဘူး။ဒါကြောင့်ရောင်းစားလို့မရဘူး။ပြည်သူကတင်မြှောက်ထားတဲ့အစိုးရဆိုပြီး ဘာလုပ်လုပ်ထောက်ခံလိမ့်မယ်ဆိုရင် မြစ်ဆုံကိစ္စကတော့အမှားကြီးမှားလိမ့်မယ်လို့ပြောချင်တယ်။ပြည်သူက တင်မြှောက်ခဲ့တာ ရှေ့အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့အမှားကို ဆက်လုပ်ဖို့ တင်မြှောက်ခဲ့တာမဟုတ်ဘူး။ဒီအချက်ကို လက်ရှိအစိုးရသဘောပေါက်ဖို့လိုတယ်။”လို့ ဒေါက်တာညိုညိုသင်းကပြောခဲ့ပါတယ်။

 

ဒါကြောင့် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းပေါင်း ထောင်ဂဏန်းဝန်းကျင် ပူပေါင်းပြီးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကနဦးခြေလှမ်းအဖြစ် အလုပ်အဖွဲ့ နဲ့ အကြံပေးအဖွဲ့ကို ဒီကနေ့မှာဖွဲ့စည်းခဲ့ပြီး မိုးလေဝသနဲ့ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင် ၊ ဒေဝီသန့်ဇင်၊ဆရာမဂျူး ၊ပြည်ထောင်စုရှေ့နေတွေနဲ့ ဥပဒေအထောက်အကူပြုသူတွေအဖွဲ့၊သဘာဝပတ်ဝန်းကျင်အရေးကိစ္စလှုပ်ရှားသူတွေ ၊ မြစ်ဆုံအရေး ကန့်ကွက်တဲ့အဖွဲ့အစည်တွေး၊ဒေသခံအဖွဲ့အစည်းတွေ စတဲ့နေရာစုံကအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်သွားမှာဖြစ်ပါတယ်။

၊ပြည်ထောင်စုရှေ့နေတွေနဲ့ဥပဒေအထောက်အကူပြုသူများအဖွဲ့ရဲ့ တရားလွှတ်တော်ရှေ့နေဒေါ်ခင်ခင်ကျော်ကလည်း

 

“ကျွန်မတို့ အဖွဲ့ကနေလည်း ဒီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးမှာ ပါဝင်လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်”လို့ပြောပါတယ်။

 

ဒီအဖွဲ့နှစ်ခုကနေ မြစ်ဆုံအရေးကိစ္စတွေကို ဆက်လုပ်ဆောင်မှာဖြစ်ပြီး အဖွဲ့မှာ ပါဝင်မယ့်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအသိအမှတ်ပြုသူဖြစ်ဖို့လိုသလို ဧရာဝတီအရေး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ၊ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့သူ၊ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအပေါ် သဘောထားမပြောင်းလဲသူတွေဖြစ်ဖို့ အရေးကြီးတယ်လို့လည်းပြောခဲ့ပါတယ်။

 

#voiceofmyanmar #မြစ်ဆုံ #NLD #မြစ်ဆုံအပြီးတိုင်ဖျက်သိမ်းရေး

 

Related posts

Leave a Comment

VOM News

FREE
VIEW