ဖက်​ဝန်းချောင်းကျေးရွာသို့ လက်​နက်​ကြီးကျရောက်​ ၂ဦးဒဏ်​ရာရ

ကျောက်​တော်​၊ ဧပြီ ၁-၂၀၁၉ ခိုင်​လင်းစံ(VOM) ရခိုင်​ပြည်​နယ်​ ကျောက်​တော်​မြို့နယ်​ ဖက်​ဝန်းချောင်း မြိုတိုင်းရင်းသားကျေးရွာထဲကို ဒီနေ့ညနေပိုင်းက လက်​နက်​ကြီးကျည်​ကျရောက်​ပြီး ကျေးရွာသား ၂ဦးထိခိုက်​ဒဏ်​ရာရရှိခဲ့ပါတယ်​။ ဒဏ်​ရာရရှိ ၂ဦးထဲက တစ်​ဦးမှာ ဒဏ်​ရာပြင်းထန်​တဲ့အတွက်​ ကျောက်​တော်​ဆေးရုံကနေ စစ်​တွေဆေးရုံကိုယူဆောင်​လာခဲ့တာမှာ ညနေ၈နာရီကျော်​မှ ရောက်​ရှိခဲ့ပါတယ်​။   “ကျွန်​မသားလေးက နေ့လည်​ပိုင်းမှာ သူ့အစ်​မဆီမှာ အလုပ်​လုပ်​ပြီးတော့ ရွာထဲကအိမ်​ကြီးတစ်​အိမ်​မှာ သွားနေပါတယ်​။ အဲ့ဒီမှာ ရွာသား ၂၀ လောက်​ ရှိနေတာပါ။ အဲ့ဒီအိမ်​ရှေ့ခြံအတွင်းမှာ လက်​နက်​ကြီးကျည်​ကျပြီး ပေါက်​ကွဲခဲ့တာပါ။ ကျွန်​မသားလေးနဲ့ နောက်​တစ်​ယောက်​ကိုထိသွားပါတယ်​။”လို့ ဒဏ်​ရာရရှိသူ မောင်​မောင်​သူရဲ့အမေ ဒေါ်မဝင်းကပြောပါတယ်​။   နေအိမ်​ခြံဝင်းအတွင်း လက်​နက်​ကြီးကျည်​ကျရောက်​တဲ့အတွက်​ ထိခိုက်​ဒဏ်​ရာရရှိသူ ၂ဦးမှာ ဖက်​ဝန်းချောင်းရွာသား ဦးဇော်​မင်း ၃၂ နှစ်​နဲ့ မောင်​မောင်​သူ ၁၅ နှစ်​တို့ဖြစ်​ကြပါတယ်​။   “ဘယ်​ကပစ်​တယ်​ဆိုတာတော့ တိတိကျကျပြောဖို့ခက်​ပါတယ်​။ ကျွန်​တော်​တို့ရွာအရှေ့ဘက်​ ကန်​ဇောက်​ရွာရှိတဲ့ဘက်​ကလာတာပါ။ ညနေ ၃ နာရီလောက်​မှာ…

Read More

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး

နေပြည်တော် ဧပြီလ ၁-၂၀၁၉ ကိုထွန်း နေပြည်တော် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်က အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင် မြေကွက်မှာ မြေဖို့လုပ်ငန်းဆောင်ရွက်ပေးရတာ၊ အဲ့ဒီ မြေကွက်မှာ အိမ်ဆောက်လုပ်တဲ့ အင်ဂျင်နီယာကို ငွေပေးဖို့အတွက် ဖုန်းနဲ့ဆက်သွယ်တောင်းခံတဲ့အတွက် သူရဲ့ Bank Accountထဲကို ငွေထည့်သွင်းပေးခဲ့ရပြီး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှု ဖြစ်ပေါ်တဲ့အခါမှာသာ ပြန်လည်ပေးအပ်ခဲ့တာတွေကိုအရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ(၂)လမ်းနှင့် (၃)လမ်းကြားက သူပိုင်ဆိုင်တဲ့ အမှတ်(A064)မှာ မြေညှိ မြေဖို့တဲ့ လုပ်ငန်းကို ဆောင်ရွက်စေပြီး ကုန်ကျငွေကျပ် ၃,၂၇၂,၀၀ဝိ/-ကို ကုမ္ပဏီသို့ ပေးချေခိုင်းခဲ့သလို၊ ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း သူ့ရဲ့မိသားစုနဲ့အတူ ငပလီကမ်းခြေ အပန်းဖြေခရီး…

Read More

မိုးကုတ်က ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားရာကနေ ဂိုဒေါင်တလုံး မီးလောင်ပျက်စီး

ဧပြီ ၁၊ ၂၀၁၉ သက်သက်(VOM)   မိုးကုတ်မြို့ အနောက်ဖက် ၁၃ မိုင်အကွာက ဘောလုံးကြီးရွာမှာ ဌေးပိုင် ကျာက်မျက်တူးဖော်ရေး ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ နဲ့ ဒေသခံရွာသားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် ကုမ္ပဏီပိုင် ဂိုထောင်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   ဘောလုံးကြီးရွာမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဖက်စပ်ကုမ္ပဏီတခုဖြစ်တဲ့ ဌေးပိုင် ကုမ္ပဏီဝန်ထမ်းတွေနဲ့၊ကျောက်တူးသူရွာသားတွေ မတ်လ ၃၁ ရက်နေ့ညပိုင်းမှာ အခြေအတင် စကားများရာက ပြဿနာတက်ခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။   “ကုမ္ပဏီက ကျောက်တူးခွင့် သက်တမ်းကုန်ပြီး ကျောက်တူးခွင့်မရှိဘူးပေါ့။ သက်တမ်းကုန်ရင် အစိုးရကို ပြန်အပ်ရမှာကို မအပ်သေးပဲ သက်တမ်းတိုးဖို့ စောင့်နေတုန်းကို ကုမ္ပဏီက ပစ္စည်းတွေ စောင့်ရှောက်ဖို့ လူတွေ ထားတယ်ဆိုတာမျိုး သူတို့က နေနေတယ်ပေါ့။ ဒီလိုဖြစ်နေတုန်းကို ဒေသခံတချို့က အဲ့ဒီနားမှာ…

Read More

ဧရာဝတီဟာ အစိုးရပိုင် မဟုတ်တဲ့အတွက် ရောင်းစားပိုင်ခွင့်မရှိ

ရန်ကုန် ဧပြီ၁-၂၀၁၉ TGH (VOM)   လက်ရှိအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့တာက အရင်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့အမှားတွေကိုပြုပြင်ဖို့ဖြစ်ပြီး ဧရာဝတီဟာ အစိုးရပိုင်မဟုတ်တဲ့အတွက် ရောင်းစားပိုင်ခွင့်မရှိဘူးလို့ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့က ဒေါက်တာညိုညိုသင်းက ရန်ကုန်မြို့နာရေးကူညီမှုအသင်း(ရန်ကုန်)မှာပြုလုပ်ခဲ့တဲ့မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအစည်းအဝေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။   ပြည်သူတင်မြှောက်ထားတဲ့အစိုးရဖြစ်တာကြောင့် ဘာပဲလုပ်လုပ် ပြည်သူထောက်ခံအားပေးမှုရမှာပဲဆိုတဲ့အထဲမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းမပါဝင်ပဲ အရင် အစိုးရမှားခဲ့တဲ့ လုပ်ရပ်ကို ဘာကြောင့်ဆက်လက် လုပ်ဆောင်နေသလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။   “ဧရာဝတီဆိုတာ အစိုးရပိုင်အဟုတ်ဘူး။ဒါကြောင့်ရောင်းစားလို့မရဘူး။ပြည်သူကတင်မြှောက်ထားတဲ့အစိုးရဆိုပြီး ဘာလုပ်လုပ်ထောက်ခံလိမ့်မယ်ဆိုရင် မြစ်ဆုံကိစ္စကတော့အမှားကြီးမှားလိမ့်မယ်လို့ပြောချင်တယ်။ပြည်သူက တင်မြှောက်ခဲ့တာ ရှေ့အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့အမှားကို ဆက်လုပ်ဖို့ တင်မြှောက်ခဲ့တာမဟုတ်ဘူး။ဒီအချက်ကို လက်ရှိအစိုးရသဘောပေါက်ဖို့လိုတယ်။”လို့ ဒေါက်တာညိုညိုသင်းကပြောခဲ့ပါတယ်။   ဒါကြောင့် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းပေါင်း ထောင်ဂဏန်းဝန်းကျင် ပူပေါင်းပြီးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကနဦးခြေလှမ်းအဖြစ် အလုပ်အဖွဲ့ နဲ့ အကြံပေးအဖွဲ့ကို ဒီကနေ့မှာဖွဲ့စည်းခဲ့ပြီး မိုးလေဝသနဲ့ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင် ၊ ဒေဝီသန့်ဇင်၊ဆရာမဂျူး ၊ပြည်ထောင်စုရှေ့နေတွေနဲ့ ဥပဒေအထောက်အကူပြုသူတွေအဖွဲ့၊သဘာဝပတ်ဝန်းကျင်အရေးကိစ္စလှုပ်ရှားသူတွေ ၊ မြစ်ဆုံအရေး…

Read More

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ

ကျောက်တော်၊ ဧပြီ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။   မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ သလူချောင်းကျေးရွာအနီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး မြန်မာ့တပ်မတော်ဘက်က လေယဉ်ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   “မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ စပြီးတော့တိုက်ပွဲဖြစ်တဲ့အသံတွေကိုကြားရတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ သုံးနာရီလောက်အကြာဖြစ်ခဲ့တယ်။ လေယာဉ်တွေနဲ့ပစ်တာတွေလည်း ရှိခဲ့ပါတယ်။ ရွာတွေတော့ထိခိုက်တာမရှိခဲ့ဘူး။ သလူချောင်းအုပ်စုအတွင်းမှာဖြစ်တာပါ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။   အဲ့ဒီတိုက်ပွဲဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ သလူချောင်းအုပ်စု ဖက်ဝန်းချောင်းနဲ့ ခရုချောင်းကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး လေယာဉ်တွေနဲ့ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်နဲ့ စပါးထားကျေးရွာအနီးမှာလည်း…

Read More

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီကပဲ အများစုနိုင်တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေမြင့်

ရန်ကုန် ဧပြီ ၁-၂၀၁၉ TGH(VOM) မတ်လ ၃၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေက ဆိပ်ကမ်းမြို့နယ်တစ်ခုမှာပဲ ရှုံးနိမ့်ခဲ့ပြီး ကျန်မြို့နယ် ၃၂ မြို့နယ်မှာ အနိုင်ရတာဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ဘေးမှာ NLDပါတီအလံပါတီတွေ အသုံးပြုခဲ့တာကြောင့် ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ခုလိုပြောပါတယ်။ “နည်းဥပဒေ၊ ဥပဒေ တွေအတိုင်းအားလုံးက ကျင့်သုံးကြတာပဲလေ။ပြုပြင်မရသေးရင်တော့ ဒါကိုပဲဝိုင်းလိုက်နာကြရမှာပေါ့။ပြင်ဆင်ပြီးရင်တော့လည်း ပြင်ဆင်ပြီးတာကို လိုက်နာရမှာပေါ့ ကျွန်တော် ကတော့ ဒီလိုပဲနားလည်တယ်”။လို့ ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ခံတဲ့အခါ ပါတီအလံသုံးတာ ၊ ပါတီနာမည်သုံး မဲဆွယ်ခဲ့တာတွေကြောင့် ဒီစည်ပင်သာယာရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ဘေးမှာ နိုင်ငံရေးပါတီအလံထည့်တာ ၊ နိုင်ငံရေးပါတီတွေရဲ့အမည်ကိုသုံးပြီး မဲဆွယ်တာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေမှာရော၊ ရွေးကောက်ပွဲနည်းဥပဒေမှာပါ ၊ ပြန်သုံးသပ်ဖို့လိုအပ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ နောက်ပြီး…

Read More

စစ်ကိုင်းတိုင်းက  မြို့နယ်လေးခုမှာ လေပြင်းတိုက်ခတ်လို့ အဆောက်အဦး အလုံး (၇၀) ကျော် ပျက်စီး

မုံရွာ ဧပြီ ၁-၂၀၁၉ မိုင်ချယ်ရီ (VOM)   စစ်ကိုင်းတိုင်း အတွင်းမှာရှိတဲ့ မြို့လေးမြို့မှာ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးကနေ သိရပါတယ်။   လေပြင်းတိုက်ခတ်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်တဲ့ ခမ်းပါတ်မြို့မှာတော့ စာသင်ဆောင် အဆောက်အဦး ၁ လုံး ၊ ကလေးဝမြို့မှာတော့ လူနေအိမ် အပါအ၀င် အဆောက်အဦး အလုံး (၇၀) နီးပါး ၊ ၀က်လက်မြို့နယ် မှာ လူနေအိမ် (၁)လုံး နဲ့ တန့်ဆည်မြို့နယ်မှာ လူနေအိမ် (၁)လုံး တို့ အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   ပျက်စီးခဲ့တာတွေ နဲ့ ပတ်သက်လို့ ထောက်ပံ့တာတွေ…

Read More

မြောက်ဦး-စစ်တွေ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း တချို့  ရပ်နား

မြောက်ဦး၊ ဧပြီ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မြောက်ဦးနဲ့ စစ်တွေမြို့နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတချို့ကို ရပ်နားထားရတာဖြစ်ပါတယ်။   အဲ့ဒီယာဉ်လိုင်းတွေဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းကို အဓိကအသုံးပြုပြေးဆွဲနေကြတာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ခရီးသွားတွေအနေနဲ့ ကားလမ်းကိုအသုံးပြုသွားလာသူတွေ နည်းပါးနေတာကြောင့် ကားလိုင်းတစ်ချို့ကို အခုလိုရပ်နားထားရတာဖြစ်ပါတယ်။ “လိုင်းကားတွေကိုသွားလာမှု ပိတ်ထားတာတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကားသမားတွေစိုးရိမ်ပြီးတော့မသွား ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တွေနဲ့မြောက်ဦးကြားမှာ တော်တော်များများပစ်ခတ်မှုတွေရှိနေတယ်။ ဒါကြောင့် စိုးရိမ်ပြီးတော့ ရပ်နားထားတာပါ။ အခြေအနေအရတော့ တချို့ကားတွေထွက်တယ်။ တချို့ဆိုလည်း လုံးဝရပ်ထားပါတယ်။”လို့ ကားသမားတစ်ဦးကပြောပါတယ်။   အခုလို စစ်တွေ-မြောက်ဦးပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းငယ်တွေဟာ ပြီးခဲ့တဲ့မတ်လ အစောပိုင်းကနေ ရပ်နားခဲ့ရတာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ရေလမ်းကိုအသုံးပြုမှုများပြားနေတာဖြစ်ပါတယ်။   “ကျွန်တော်တို့က ကားနဲ့ဘာလို့မသွားလဲဆိုတော့ စိုးရိမ်လို့ပါ။ အဲ့ဒီကျောက်တော်မြို့နယ်မှာက စစ်တပ်တွေကိုဖြတ်ပြီးသွားရတယ်။ အဲ့ဒီနားမှာ…

Read More

မုံရွာမြို့နယ်တွင် ၃ ရက်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွား

မုံရွာ ဧပြီ ၁-၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁ ရက်နေ့အထိ ၃ ရက်အတွင်း မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ ၁ ရက်ထဲမှာတင် ကျောက္ကာရေနံချက်ဖိုကုန်းမှာ မီးလောင်မှု ၂ ကြိမ်၊ မတ်လ ၃၁ ရက်နေ့မှာ မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်းက ကြက်ခြံဟောင်းမှာ  ၁ ကြိမ်နှင့် ဧပြီ ၁ ရက်နေ့မှာတော့ ကွေ့ကြီးရပ်ကွက်အတွင်းရှိ ဂွမ်းဖတ်စက်ရုံတို့မှာ မီးလန့်မှု၊ မီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုတွေက ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့ သိရပါတယ်။   “ပူပြင်းခြောက်သွေ့တဲ့ရာသီရောက်လာပြီဖြစ်တဲ့အတွက် ထုံးစံအတိုင်း ပေါ့ဆမီးတွေက ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ မီးသတ်ဦးစီးဌာနအနေနဲ့တော့ သင့် ၄ သင့်နဲ့ အမြဲရှိနေသလို မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် ၇ ရပ်ကိုလည်း အားထည့်လုပ်ဆောင်နေပါတယ်။…

Read More

မတူပီမှာ လေပြင်းတိုက်လို့  ဘုရားကျောင်းနဲ့ လူနေအိမ် ၂၀ ကျော် ပျက်စီး

မတူပီ ဧပြီ ၁-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် မတူပီမြို့နယ်မှာ  မတ်လ ၃၁ ရက်နေ့  ညနက်ပိုင်းအချိန်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်မှာတော့ မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ လူနေအိမ် ၂၅ လုံး အမိုးလန် ပျက်စီးခဲ့သလို ဘုရားကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့တယ်လို့ မတူပီမြို့ဒေသခံတွေက ပြောပါတယ်။   လေပြင်းတိုက်ခတ်တာက ည ၁၁ နာရီ ၀န်းကျင်ခန့်ထဲက ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လေပြင်းတိုက်ခတ်တာကြောင့် စန်ဘောင်ရပ်ကွက်က လူနေအိမ် ၅ လုံး ၊ ခိုဘွေရပ်ကွက် မှာ လူနေအိမ် ၅ လုံး ၊ လောင်ဗန်းရပ်ကွက်မှာ လူနေအိမ် ၁၃ လုံး ၊ ငလားရပ်ကွက်မှာ လူနေအိမ် ၂လုံး နဲ့ အရှေ့ခိုဘွေးရပ်ကွက် ဖုန်းတာဝါတိုင်အနီးက သစ်သာအုပ်ညှပ်နဲ့ တည်ဆောက်ထားတဲ့ တစ်ထပ်…

Read More
VOM News

FREE
VIEW