ဖက်​ဝန်းချောင်းကျေးရွာသို့ လက်​နက်​ကြီးကျရောက်​ ၂ဦးဒဏ်​ရာရ

ကျောက်​တော်​၊ ဧပြီ ၁-၂၀၁၉

ခိုင်​လင်းစံ(VOM)

ရခိုင်​ပြည်​နယ်​ ကျောက်​တော်​မြို့နယ်​ ဖက်​ဝန်းချောင်း မြိုတိုင်းရင်းသားကျေးရွာထဲကို ဒီနေ့ညနေပိုင်းက လက်​နက်​ကြီးကျည်​ကျရောက်​ပြီး ကျေးရွာသား ၂ဦးထိခိုက်​ဒဏ်​ရာရရှိခဲ့ပါတယ်​။

ဒဏ်​ရာရရှိ ၂ဦးထဲက တစ်​ဦးမှာ ဒဏ်​ရာပြင်းထန်​တဲ့အတွက်​ ကျောက်​တော်​ဆေးရုံကနေ စစ်​တွေဆေးရုံကိုယူဆောင်​လာခဲ့တာမှာ ညနေ၈နာရီကျော်​မှ ရောက်​ရှိခဲ့ပါတယ်​။

 

“ကျွန်​မသားလေးက နေ့လည်​ပိုင်းမှာ သူ့အစ်​မဆီမှာ အလုပ်​လုပ်​ပြီးတော့ ရွာထဲကအိမ်​ကြီးတစ်​အိမ်​မှာ သွားနေပါတယ်​။ အဲ့ဒီမှာ ရွာသား ၂၀ လောက်​ ရှိနေတာပါ။ အဲ့ဒီအိမ်​ရှေ့ခြံအတွင်းမှာ လက်​နက်​ကြီးကျည်​ကျပြီး ပေါက်​ကွဲခဲ့တာပါ။ ကျွန်​မသားလေးနဲ့ နောက်​တစ်​ယောက်​ကိုထိသွားပါတယ်​။”လို့ ဒဏ်​ရာရရှိသူ မောင်​မောင်​သူရဲ့အမေ ဒေါ်မဝင်းကပြောပါတယ်​။

 

နေအိမ်​ခြံဝင်းအတွင်း လက်​နက်​ကြီးကျည်​ကျရောက်​တဲ့အတွက်​ ထိခိုက်​ဒဏ်​ရာရရှိသူ ၂ဦးမှာ ဖက်​ဝန်းချောင်းရွာသား ဦးဇော်​မင်း ၃၂ နှစ်​နဲ့ မောင်​မောင်​သူ ၁၅ နှစ်​တို့ဖြစ်​ကြပါတယ်​။

 

“ဘယ်​ကပစ်​တယ်​ဆိုတာတော့ တိတိကျကျပြောဖို့ခက်​ပါတယ်​။ ကျွန်​တော်​တို့ရွာအရှေ့ဘက်​ ကန်​ဇောက်​ရွာရှိတဲ့ဘက်​ကလာတာပါ။ ညနေ ၃ နာရီလောက်​မှာ ရွာနောက်​ဘက်​က တောင်​ပေါ်မှာတစ်​လုံးကျတယ်​။ နောက်​ ရွာပြင်​မှာတစ်​လုံးကျတယ်​။ ပြီးတော့ရွာထဲမှာတစ်​လုံးကျတာပါ။ အဲ့ဒီမှာရွာသားတွေကို ထိတာဖြစ်​ပါတယ်​။”လို့ ဖက်​ဝန်းချောင်းရွာသား ကိုကျော်​မင်းကပြောပါတယ်​။

 

ဖက်​ဝန်းချောင်းကျေးရွာဟာ မြိုတိုင်းရင်း​သားတွေနေထိုင်​တဲ့ကျေးရွာဖြစ်​ပြီး အိမ်​ခြေ ၅၄ ဆောင်​ရှိပြီးတော့ ပစ်​ခတ်​သံတွေကြားရတဲ့အတွက်​ ရွာကနေအိမ်​တစ်​ဆောင်​မှာ ပုန်းအောင်းနေတဲ့အချိန်​ အခုလို လက်​နက်​ကြီးကျည်​ ကျရောက်​ပေါက်​ကွဲခဲ့တာဖြစ်​ပါတယ်​။

 

#voiceofmyanmar #ကျောက်တော် #မြိုတိုင်းရင်းသား #လက်နက်ကြီးကျည်ကျ

 

Related posts

Leave a Comment

VOM News

FREE
VIEW