ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီကပဲ အများစုနိုင်တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေမြင့်

ရန်ကုန် ဧပြီ ၁-၂၀၁၉
TGH(VOM)

မတ်လ ၃၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေက ဆိပ်ကမ်းမြို့နယ်တစ်ခုမှာပဲ ရှုံးနိမ့်ခဲ့ပြီး ကျန်မြို့နယ် ၃၂ မြို့နယ်မှာ အနိုင်ရတာဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ဘေးမှာ NLDပါတီအလံပါတီတွေ အသုံးပြုခဲ့တာကြောင့် ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ခုလိုပြောပါတယ်။

“နည်းဥပဒေ၊ ဥပဒေ တွေအတိုင်းအားလုံးက ကျင့်သုံးကြတာပဲလေ။ပြုပြင်မရသေးရင်တော့ ဒါကိုပဲဝိုင်းလိုက်နာကြရမှာပေါ့။ပြင်ဆင်ပြီးရင်တော့လည်း ပြင်ဆင်ပြီးတာကို လိုက်နာရမှာပေါ့ ကျွန်တော် ကတော့ ဒီလိုပဲနားလည်တယ်”။လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ခံတဲ့အခါ ပါတီအလံသုံးတာ ၊ ပါတီနာမည်သုံး မဲဆွယ်ခဲ့တာတွေကြောင့် ဒီစည်ပင်သာယာရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ဘေးမှာ နိုင်ငံရေးပါတီအလံထည့်တာ ၊ နိုင်ငံရေးပါတီတွေရဲ့အမည်ကိုသုံးပြီး မဲဆွယ်တာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေမှာရော၊ ရွေးကောက်ပွဲနည်းဥပဒေမှာပါ ၊ ပြန်သုံးသပ်ဖို့လိုအပ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

နောက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌဦးခင်မောင်ဆွေကလည်း နေရာတိုင်းမှာ အနိုင်လိုချင်နေတဲ့ပါတီတွေကို တွေ့ရတော့ စိတ်ပျက်မိကြောင်းနဲ့ ပါတီတွေနေရာတိုင်းမှာတွေ့နေရတာ ကိုလည်းစိတ်ညစ်လို့ မှတ်ချက်ပြုပြောဆိုထားပါတယ်။

လက်ရှိမှာတော့ မဲရုံတွေရဲ့ မဲရေတွက်မှုအရ NLD ပါတီကိုယ်စားလှယ်လောင်းတွေအနိုင်ရရှိတယ်လို့ သိရပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောပါတယ်။

အခုစည်ပင်ရွေးကောက်ပွဲမှာမြို့တော်စည်ပင်ကော်မတီဝင် ၊မြို့နယ်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်နေရာတွေအတွက် nld ၊ပြည်ခိုင်ဖြိုး ၊တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူ ၊ပညာရှင်တချို့ စတဲ့သူတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန်စည်ပင်ရွေးကောက်ပွဲ #NLD

Related posts

Leave a Comment

VOM News

FREE
VIEW