စစ်ကိုင်းတိုင်းက  မြို့နယ်လေးခုမှာ လေပြင်းတိုက်ခတ်လို့ အဆောက်အဦး အလုံး (၇၀) ကျော် ပျက်စီး

မုံရွာ ဧပြီ ၁-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

စစ်ကိုင်းတိုင်း အတွင်းမှာရှိတဲ့ မြို့လေးမြို့မှာ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးကနေ သိရပါတယ်။

 

လေပြင်းတိုက်ခတ်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်တဲ့ ခမ်းပါတ်မြို့မှာတော့ စာသင်ဆောင် အဆောက်အဦး ၁ လုံး ၊ ကလေးဝမြို့မှာတော့ လူနေအိမ် အပါအ၀င် အဆောက်အဦး အလုံး (၇၀) နီးပါး ၊ ၀က်လက်မြို့နယ် မှာ လူနေအိမ် (၁)လုံး နဲ့ တန့်ဆည်မြို့နယ်မှာ လူနေအိမ် (၁)လုံး တို့ အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ပျက်စီးခဲ့တာတွေ နဲ့ ပတ်သက်လို့ ထောက်ပံ့တာတွေ ပြုလုပ်သွားမယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးက တိုင်းဦးစီးမှူး ဦးစ၀ီလီဖရန့် က အခုလို ပြောပါတယ်

 

“မနက်ဖြန်ကနေ စပြီးတော့ ထောက်ပံ့တာတွေ လုပ်မှာပါ။ ထောက်ပံ့တဲ့ အခါမှာ  ငွေလည်း ပါတယ် ကယ်ဆယ်ရေး ပစ္စည်းတွေလည်းပါမယ်။ကယ်ဆယ်ရေးပစ္စည်း ငါမျိုးနဲ့ ငွေကတော့ အမိုးလန်တဲ့ အတိုင်းအတာပေါ် မူတည်ပြီးတော့ တွက်ပြီး ထောက်ပံ့တယ်။ စာသင်ကျောင်းတွေကြတော့ ပညာရေးက သူ့ဟာသူတင်မှာ ဆိုတော့ ထောက်ပံ့မှု မလုပ်တော့ဘူး”။

စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် (၆)မြို့နယ်မှာလည်း မတ်လ ၁၈ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၆၉ လုံး ပျက်စီးခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့ ညမှာပဲ စစ်ကိုင်းတိုင်း အပြင် ချင်းပြည်နယ်မှာလည်း လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ချင်းပြည်နယ် အတွင်းရှိတဲ့ မြို့နယ် မတူပီမြို့နယ် မှာ လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ နီးပါး ၊ကျီခါးမြို့နယ်မှာ လူနေအိမ် အပါအ၀င် အဆောက်အဦး (၁၇)လုံး ၊တွန်းဇံမြို့နယ်မှာ လူနေအိမ် တစ်လုံး အမိုးလန်း ပျက်စီးတာ အဆောက်အဦး အလုံးလိုက် ပြိုကျတာတွေ ဖြစ်ပွားခဲ့ပါတယ်။

 

#voiceofmyanmar #စစ်ကိုင်းတိုင်းမှာလေပြင်းကျ #ဝက်လက် #တန့်ဆည် #ခမ်းပတ်

Related posts

Leave a Comment

VOM News

FREE
VIEW