မုံရွာမြို့နယ်တွင် ၃ ရက်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွား

မုံရွာ ဧပြီ ၁-၂၀၁၉

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁ ရက်နေ့အထိ ၃ ရက်အတွင်း မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ ၁ ရက်ထဲမှာတင် ကျောက္ကာရေနံချက်ဖိုကုန်းမှာ မီးလောင်မှု ၂ ကြိမ်၊ မတ်လ ၃၁ ရက်နေ့မှာ မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်းက ကြက်ခြံဟောင်းမှာ  ၁ ကြိမ်နှင့် ဧပြီ ၁ ရက်နေ့မှာတော့ ကွေ့ကြီးရပ်ကွက်အတွင်းရှိ ဂွမ်းဖတ်စက်ရုံတို့မှာ မီးလန့်မှု၊ မီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုတွေက ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

 

“ပူပြင်းခြောက်သွေ့တဲ့ရာသီရောက်လာပြီဖြစ်တဲ့အတွက် ထုံးစံအတိုင်း ပေါ့ဆမီးတွေက ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ မီးသတ်ဦးစီးဌာနအနေနဲ့တော့ သင့် ၄ သင့်နဲ့ အမြဲရှိနေသလို မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် ၇ ရပ်ကိုလည်း အားထည့်လုပ်ဆောင်နေပါတယ်။ ညစဉ်လည်း ရပ်ကွက်တွေကို လှည့်လည်ကာ အသံချဲ့စက်နဲ့ မီးဖိုမီး၊ ဖရောင်တိုင်မီး၊ အမွှေးတိုင်မီး၊ လျှပ်စစ်မီးတွေကို သေချာစိစစ် ငြိမ်းသတ်ပြီးမှာ အိပ်ကြဖို့၊ အမှိုက်မီးမရှို့ကြဖို့ကို လိုက်လံနှိုးဆော်နေတာလည်း ရှိနေပါတယ်။”လို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအကြိမ်ရေ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ အများစုက ပေါ့ဆမီးကြောင့်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၆၀ ကျော်ရှိခဲ့တယ်လို့  မီးသတ်ဦးစီးဌာနက စာရင်းတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ မုံရွာမြို့နယ်က မီးလောင်မှုအကြိမ်ရေးအများဆုံးဖြစ်ခဲ့တာပါ။ ဒီနှစ်အတွင်းမှာလည်း တောမီး၊ အမှိုက်ပုံမီးတွေအပြင် မီးလောင်မှုအကြိမ်ရေ ၁၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

 

#voiceofmyanmar  #မုံရွာ #မီးလောင်မှု  #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW