သရက် မတ် ၃ – ၂၀၁၉
ဂျန်ကိုးလ် (VOM)
သရက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာ တည်ရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြုပြင်ထိန်းသိမ်း တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပဋိညာဉ်စာချုပ် ကို ၂၀၁၉ မတ်လ၂ရက် က သရက်မြို့စည်ပင်သာရေးရုံးမှာချုပ်ဆိုလိုက်ပါတယ်။
“တူရကီစစ်သင်္ချိုင်းဟာ ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး မြေယာအလှဆင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတို့ကို မြို့နယ်စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ နှစ်စဉ်ဝင်ငွေ ယူရို၁၂၀၀၀နဲ့ညီမျှတဲ့မြန်မာငွေကိုသံရုံးကနေ ရရှိတယ်”လို့စည်ပင်ကော်မတီဥက္ကဌဦးခင်မောင်စိုးက ပြောပါတယ်။
အခုလို လက်မှတ်ရေးထိုးတာဟာ ၄ကြိမ်မြောက်ဖြစ်ပြီး စာချုပ်မှာမြန်မာ တူရကီ အင်္ဂလိပ်၃ဘာသာနဲ့ရေးထိုးတာဖြစ်ပြီး တစ်စုံတခုအငြင်းပွားဖွယ်ဖြစ်ခဲ့ရင် အင်္ဂလိပ်ဘာသာက အတည်ဖြစ်တယ်လို့ ဦးခင်မောင်စိုးကပြောပါတယ်။
“သရက်မြို့စည်ပင်သာယာရေးအမှူ့ဆောင်အရာရှိ နဲ့သံအမတ်ကြီး H.E Mr Kerem-Divanliogluတို့ လက်မှတ်ရေးထိုးကြပြီး Mr.Sametkickနဲ့ ကော်မီဥက္ကဌဦးခင်မာင်စိုးတို့က သက်သေအဖြစ်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အုတ်ဂူပေါင်း၂၂၂ဂူရှိတဲ့ အဲဒီစစ်သင်္ချိုင်းမျိုး အရင်က မိတ္ထီလာမှာရှိဘူးပြီး ခုတော့ သရက်မှာဘဲရှိတော့တယ်လို့သိရပါတယ်။
ပထမကမ္ဘာစစ်အတွင်းက အီရတ်၊ ပါလက်စတိုင်း၊ ဆီးရီးယားနဲ့ အာရေဗီးယားစစ်မြေပြင်မှာ အော်တိုမင်တပ်မတော်နဲ့ ဗြိတိသျှတပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး သရက်မြို့မှာ ကျဆုံးခဲ့သူတွေကို အဆိုပါ တူရကီစစ်သင်္ချိုင်းမှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်။
#voiceofmyanmar #သရက် #တူရကီစစ်သင်္ချီုင်း