ဧပြီ ၂ရက်က လေပြင်းကြောင့် ပြည်ရွှေဆံတော်စောင်းတန်းပြိုကျခဲ့

    ပြည် ဧပြီ ၃=၂၀၁၉ ဂျန်ကိုးလ် (  VOM)   ပဲခူးတိုင်းပြည်​မြို့​မှာ ဧပြီလ၂ရက်​ည​နေက အချိန်​အခါမဟုတ်​ မိုးရွာ​လေပြင်းတိုက်​ခတ်​ခဲ့တာ​ကြောင့်​ ရွှေဆံ​တော်​​စေတီမြတ်​ကြီးရင်​​ပြင်​​တော်​​ပေါ်ရှိ ရုပ်​ပွား​တော်​၆ဆူ​စောင်းတန်းပြိုကျခဲ့ပါတယ်။ အခြားအ​ဆောက်​အဦတချို့အနည်းငယ်​ထိခိုက်​ခဲ့​သော်​လည်း​ရွှေဆံ​တော်​​စေတီမြတ်​ကြီးက​တော့အထိအခိုက်​မရှိခဲ့ဘူးလို့​ဂေါပကအဖွဲ့က​ပြောပါတယ်​ ။ “အဓိကတွေ့ရှိတာကတော့ အင်္ဂါထောင့်ဘက်မှာ ဆင်းတုတော် ခြောက်ဆူရှိတဲ့တန်ဆောင်းပေါ့ အဲတာအမိုးပြိုကျသွားပါတယ် ဒီပြင်ဟာကတော့ ပြောပလောက်တဲ့အထိ မရှိပါဘူး ပဌာန်းယာယီမဏ္ဍပ်ကတော့အမိုးလန်သွားတယ်ပေါ့ သစ်ကိုင်းကျိုးသွားတာ အနည်းအပါးလောက်ပါပဲ စေတီတော်ကြီးကတော့ ဘာမှထိခိုက်ပျက်ဆီးမှုမရှိပါဘူး” ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးကပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး မြို့နယ်​​ထွေအုပ်​ ရဲတပ်​ဖွဲ့ တိုင်းအစိုးရတို့ကိုအ​ချိန်​နဲ့တ​ပြေးညီအကြောင်းကြားတင်​ပြပြီး ​ဂေါပကအဖွဲ့ အ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်ပြီးအမြန်ဆုံးပြန်​လည်​ပြုပြင်​ဘို့ ပညာရှင်​ကို​ခေါ်​ဆောင်​ထားပြီဖြစ်​​ကြောင်း သူကဆက်​ပြောပါတယ်။   ​ ပြည်​မြို့​ပေါ်မှာ ​လေပြင်းတိုက်​ခတ်​မိုးရွာမှုကြောင့်​ အ​ဆောက်​အဦတချို့အမိုးလန်​ပျက်​ဆီးခြင်းနဲ့ သစ်​ပင်​များပြိုလဲတာတွေ လျှပ်​စစ်​မီးများပြတ်​​တောက်တာတွေ  ဖြစ်ခဲ့တယ်​လို့ ​ဒေသခံ​တွေက​ပြောကြပါတယ်​ ။     #voiceofmyanmar #ပြည် #ရွှေဆံတော် #လေပြင်းကျ #စောင်းတန်းပြို

Read More

AA လက်နက်ကိုင်အဖွဲ့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မနှောင့်ယှက်ရန် ခူမီးချင်းမျိုးနွယ်စု ကြေညာချက်ထုတ်

ပလက်ဝ ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို AAလက်နက်ကိုင် အဖွဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ဧပြီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။   ဒီလို ထုတ်ပြန်ရတာကတော့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ ကုလားတန်မြစ်ကူးတံတားစီမံကိန်း အစိတ်အပိုင်းတွေကို AA လက်နက်ကိုင်အဖွဲ့က မတ်လ (၁၉) ရက်နေ့က ဖျက်ဆီးခဲ့သလို မတ်လ ၃၀ ရက်နေ့မှာလည်း ပလက်ဝမြို့နဲ့ ဇိုရမ်ပူမြို့အကြား ကားလမ်းဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   ကြေညာချက်ထဲမှာတော့ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို…

Read More

ကျောက်တော်မြို့နယ် ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်းပစ်ခတ်လို့ တစ်ဦးသေ

    ကျောက်တော်၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြပြီး ပစ်ခတ်မှုတစ်ခု မနေ့ ဧပြီလ ၂ ရက်နေ့ နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။   အဲ့ဒီပစ်ခတ်မှုကြောင့် သေဆုံးသူမှာ တင်းမရဲစခန်းမှူး ရဲအုပ် မောင်မောင်လေးဖြစ်ပြီးတော့ အဲ့ဒီနေရာမှာပင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။   “ဟုတ်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာပါ။ အချင်းချင်းစကားများပြီးတော့ ဖြစ်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းဖြစ်ပါတယ်။”လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။   ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ကျောက်တော်မြို့မရဲစခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားတာ ဖြစ်ပါတယ်။   “ပစ်ခတ်တာက ရဲတပ်ကြပ်ကြီး ကျော်အေးစိန်ကပစ်လိုက်တာပါ။ အခုသူ့ကို ကျောက်တော်စခန်းမှာချုပ်ထားတယ်။ စစ်ဆေးမှုတွေပြုလုပ်နေတယ်။”လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။   ပစ်ခတ်ခံရပြီးသေဆုံးသူ ရဲအုပ်မောင်မောင်လေးရဲ့ မူလတာဝန်မှာ ကျောက်တော်မြို့နယ် တင်းမရဲကင်းစခန်းမှူး…

Read More

ညမထွက်ရအမိန့် ထုတ်ပြန်ရုံနဲ့တရားဥပဒေစိုးမိုးမှုမရရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော

  စစ်တွေ၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်ငါးမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်ညနေပိုင်းကစတင်ပြီး တော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေသတည်ငြိမ်မှုမရှိဘူးဆိုပြီး ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ရတာဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေအရ အဲ့ဒီအမိန့်ကိုထုတ်ပြန်လိုက်တာကြောင့် တရားဥပဒေစိုးမိုးမှုကို ရရှိလာနိုင်မှာမဟုတ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။   “အခုဖြစ်နေတာက လူထုကြားထဲမှာ အချင်းချင်းဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အဖြေတစ်ခုမရနိုင်သရွေ့တော့ ၁၄၄ ပဲထုတ်ထုတ် ဘာပဲထုတ်ထုတ် တည်ငြိမ်အေးချမ်းလာမယ်လို့တော့ ကျွန်တော်မမြင်ဘူး။” လို့သူကပြောပါတယ်။   အခုလိုမျိုး ညမထွက်ရအမိန့်ကို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ကိုထုတ်ပြန်ရတာဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေရှိလာနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့…

Read More

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေလွှတ်ပေးကြောင်း သတင်းမှားကို လူမှုကွန်ယက်တင်မိသူ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ

မန္တလေး ဧပြီ ၃-၂၀၁၉ PEN (VOM)     မတ်​လ ၂၉ ရက်​​နေ့ ညပိုင်းက  သမ္မတရဲ့ လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့  အကျဉ်းသားတွေ အစုလိုက်​အပြုံလိုက်​ လွှတ်​​ပေး​ကြောင်း ဖေ့ဘုတ်လူမှုကွန်ယက်တင်သူတယောက်ကို မန္တလေးတိုင်း အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပုဒ်မ ၆၆ဃ နဲ့ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ မန္တ​လေးတိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ရုံးကနေသိရပါတယ်။   ​ ကျော်​​ထွေး facebook account ပိုင်ရှင်ဟာ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်​ယက်​စာမျက်​နှာပေါ်မှာ ​ သမ္မတ၏ လွတ်​ငြိမ်းချမ်းသာခွင့်​ဖြင့်​ အကျဉ်းသားအစုံလိုက်​အပြုံလိုက်​လွှတ်​​ပေး​တာ ဝမ်းသာပီတိဖြစ်ရပါတယ် သမ္မတကြီးရေ ခေါင်းစဉ်နဲ့“   ယနေ့သမ္မတကြီးအမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများစာရင်းမှာ အစုလိုက် အပြုံလိုက် လွှတ်ပေးတဲ့စာရင်းက ထူးခြားတယ်၊ AAI//W စာရင်းဝင်နိုင်ကျဉ်း (၃၆)ယောက်ကတော့ မထူးခြားပါဘူး။ တကယ်တူးခြားတာ တွေက အသက် (၇၅ ) နှစ်က အထက်…

Read More

စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၀၀ နီးပါးထိခိုက်ပျက်စီး

  မုံရွာ ဧပြီ ၃-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလ ကနေ ဧပြီလ ၂ ရက်နေ့ အထိ လေပြင်းတိုက်ခတ်တဲ့ အတွက် ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀ နီးပါးအထိ ရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကိုင်း တိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဧပြီလ (၂)ရက်နေ့ ညပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။…

Read More

ပိုင်ရှင်မဲ့သစ်တွေ ​​မကြာခဏဖမ်း​မိတဲ့ မင်းတုန်းက သစ်ဖမ်းပွဲ

မင်းတုန်း ဧပြီ ၃-၂၀၁၉ ဂျန်​ကိုးလ်​(VOM)   ​​​မ​ကွေးတိုင်း​ မင်းတုန်းမြို့နယ်​က ရူ​ချောင်းအဖျားမှာ တရားမ၀င်​ကျွန်းသစ်​ စကွဲယားတုံး (လေးထာင့်တုံး)  အလုံး၈၀ခန့်​နဲ့အတူ သစ်​တင်​ကား တူးက​ရောင်း သစ်တစ်​စီးကို မတ်​လ၂ရက်​​နေ့လယ်​က ပိုင်​ရှင်​မဲ့ဖမ်းမိခဲ့တယ်​လို့ မင်းတုန်းမြို့ အမှတ်​၁ မဲဆန္ဒနယ်​​မြေ တိုင်းလွှတ်​​တော်​ကိုယ်စားလှယ် ​ဦးတင်​၀င်းထံကသိရပါတယ်​။   “​ဒေသခံပြည်​သူတဦးကသတင်း​ပေးလို့ ကျ​နော်​နဲ့​ထွေအုပ်​ကဒုဦးစီးမျိုးမင်းထွန်း သစ်​​တောနဲ့ရဲ ​နောက်​ ကျ​နော်​တို့မြို့နယ်​ပါတီက အီးစီကို​ကျော်​မင်းဦးကို အ​ဖေါ်​ခေါ်တက်​ရတာ​ ကျေးရွာ​တွေနဲ့မိုင်​၂၀​လောက်​​ဝေးတယ်​ ။ ဟိုဘက်​မြို့နယ်​(ကံမ)ဘက်​ကိုထုတ်​တာ ။ ကားကပျက်​ကျန်​ခဲ့တာ လမ်းကဖုန်​​နေတာဘဲ”လို့ မကြာခဏသစ်ဖမ်းရာမှာပါခဲ့တဲ့ ဦးတင်​၀င်းက​ပြောပြပါတယ်​   သတင်းအရကျန်​​နေ​သေးတဲ့ သစ်​​တွေကိုဆက်​လက်​ရှာ​ဖွေရဦးမှာဖြစ်​တယ်​လို့သူကဆက်​​ပြောပါတယ်​။ အခုဖမ်းမိတဲ့​နေရာဟာ သစ်​​တောဦးစီးဌာနရဲ့ စီးပွားဖြစ်​ ကျွန်းစိုက်​ခင်းနဲ့လည်း မ​ဝေးဘူးလို့​ဒေသခံ​တွေက​ပြောပါတယ် ။ စီးပွား​ဖြစ် ကျွန်းစိုက်​ခင်းကို အုပ်​ချုပ်​​ထောက်​ပံ့မှု လွယ်​ကူ​စေရန်​ ကားလမ်း​ဖောက်​တာကို  ဦး​ဆောင်​ကန့်​ကွက်​ခဲ့တဲ့ စပါးတန်း ဆည်ကော်မတီဥက္ကဋ္ဌ  ဦးဌေးလွင်​​ပြောတာက   “ကျ​နော်​တို့ရွာရဲ့ မိုးရာသီစိုက်​ပျိုး​ရေ အတွက်​တည်​​ဆောက်​ထားတဲ့ဆည်​​ဘေးက ကပ်​​ဖောက်​တာဆည်​ပျက်​မှာစိုးတယ်​ ​နောက်​ပီးမကြာခင်​သစ်​ခိုးလမ်းဖြစ်​မှာစိုးရိမ်​တယ်​”လို့ဆိုပါတယ်​။…

Read More

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကားလမ်း နှောင့်ယှက်မှုများရှိသော်လည်း လုပ်ငန်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

ဟားခါး ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ  (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့  အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့  အကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်နေတဲ့ စီမံကိန်းမှာ လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ နှောင့်ယှက်ဖျက်စီးတာတွေ လုပ်နေပေမယ့် စီမံကိန်း ကို ပြီးစီးဆောင် ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။ အေအေလက်နက်ကိုင် အဖွဲ့ ဟာဆိုရင် ပလက်ဝမြို့နယ် တွင်းကင်းအလောင်းကျေးရွာ အနီးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်းအတွက် လမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆုထူးစံ ကုမ္မဏီက ၀န်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လမ်းလုပ်ဖို့ အသုံးပြုနေရတဲ့ ယာဉ်ယန္တရားတွေကို ဖျက်ဆီးတာတွေ ကို မတ်လ ၃၀ ရက်နေ့ က လုပ်ဆောင်ခဲ့ပါတယ်။   ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အလုပ်တွေ ဆက်မလုပ်နိုင်ကြပဲ…

Read More

သရက်မှာရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြန်လည်ပြုပြင်ထိမ်းသိမ်းမည်

သရက် မတ် ၃ – ၂၀၁၉ ဂျန်​ကိုးလ်​ (VOM)     သရက်​မြို့​မြောက်​ဘက်​ နှစ်မိုင်​ခန့်​အကွာမှာ တည်ရှိတဲ့ တူရကီစစ်​သင်္ချိုင်းကို ပြုပြင်​ထိန်းသိမ်း တဲ့ လုပ်​ငန်းတွေ လုပ်​​ဆောင်​ဖို့ ​ ပဋိညာဉ်စာချုပ်​ ကို ၂၀၁၉ မတ်​လ၂ရက်​ က သရက်​မြို့စည်​ပင်​သာ​ရေးရုံးမှာချုပ်​ဆိုလိုက်​ပါတယ်​။   “တူရကီစစ်​သင်္ချိုင်းဟာ ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်​လည်​ပြုပြင် ​တည်​​ဆောက်​ခဲ့ပြီး ​မြေယာအလှဆင်​ခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း လုပ်​ငန်းတို့ကို မြို့နယ်​စည်​ပင်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့တာပါ။  နှစ်​စဉ်​ဝင်​​ငွေ ယူရို၁၂၀၀၀နဲ့ညီမျှတဲ့မြန်မာ​​ငွေကိုသံရုံးက​နေ ရရှိတယ်​”လို့စည်​ပင်​​ကော်​မတီဥက္ကဌဦးခင်​​မောင်​စိုးက​ ပြောပါတယ်​။   အခုလို လက်​မှတ်​​ရေးထိုးတာဟာ ၄ကြိမ်​​မြောက်​ဖြစ်​ပြီး စာချုပ်​မှာမြန်​မာ တူရကီ အင်္ဂလိပ်​၃ဘာသာနဲ့​ရေးထိုးတာဖြစ်​ပြီး တစ်​စုံတခုအငြင်းပွားဖွယ်​ဖြစ်​ခဲ့ရင် အင်္ဂလိပ်​ဘာသာက အတည်​ဖြစ်​တယ်​လို့ ဦးခင်​​မောင်​စိုးက​ပြောပါတယ်​။   “သရက်​မြို့စည်​ပင်​သာယာ​ရေးအမှူ့​ဆောင်​အရာရှိ နဲ့သံအမတ်​ကြီး H.E Mr Kerem-Divanliogluတို့ လက်​မှတ်​​ရေးထိုးကြပြီး Mr.Sametkickနဲ့…

Read More
VOM News

FREE
VIEW