ဧပြီ ၂ရက်က လေပြင်းကြောင့် ပြည်ရွှေဆံတော်စောင်းတန်းပြိုကျခဲ့

 

 

ပြည် ဧပြီ ၃=၂၀၁၉

ဂျန်ကိုးလ် (  VOM)

 

ပဲခူးတိုင်းပြည်​မြို့​မှာ ဧပြီလ၂ရက်​ည​နေက အချိန်​အခါမဟုတ်​ မိုးရွာ​လေပြင်းတိုက်​ခတ်​ခဲ့တာ​ကြောင့်​ ရွှေဆံ​တော်​​စေတီမြတ်​ကြီးရင်​​ပြင်​​တော်​​ပေါ်ရှိ ရုပ်​ပွား​တော်​၆ဆူ​စောင်းတန်းပြိုကျခဲ့ပါတယ်။

အခြားအ​ဆောက်​အဦတချို့အနည်းငယ်​ထိခိုက်​ခဲ့​သော်​လည်း​ရွှေဆံ​တော်​​စေတီမြတ်​ကြီးက​တော့အထိအခိုက်​မရှိခဲ့ဘူးလို့​ဂေါပကအဖွဲ့က​ပြောပါတယ်​ ။

“အဓိကတွေ့ရှိတာကတော့ အင်္ဂါထောင့်ဘက်မှာ ဆင်းတုတော် ခြောက်ဆူရှိတဲ့တန်ဆောင်းပေါ့ အဲတာအမိုးပြိုကျသွားပါတယ် ဒီပြင်ဟာကတော့ ပြောပလောက်တဲ့အထိ မရှိပါဘူး ပဌာန်းယာယီမဏ္ဍပ်ကတော့အမိုးလန်သွားတယ်ပေါ့ သစ်ကိုင်းကျိုးသွားတာ အနည်းအပါးလောက်ပါပဲ စေတီတော်ကြီးကတော့ ဘာမှထိခိုက်ပျက်ဆီးမှုမရှိပါဘူး” ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးကပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး မြို့နယ်​​ထွေအုပ်​ ရဲတပ်​ဖွဲ့ တိုင်းအစိုးရတို့ကိုအ​ချိန်​နဲ့တ​ပြေးညီအကြောင်းကြားတင်​ပြပြီး ​ဂေါပကအဖွဲ့ အ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်ပြီးအမြန်ဆုံးပြန်​လည်​ပြုပြင်​ဘို့ ပညာရှင်​ကို​ခေါ်​ဆောင်​ထားပြီဖြစ်​​ကြောင်း သူကဆက်​ပြောပါတယ်။

 

 ပြည်​မြို့​ပေါ်မှာ ​လေပြင်းတိုက်​ခတ်​မိုးရွာမှုကြောင့်​ အ​ဆောက်​အဦတချို့အမိုးလန်​ပျက်​ဆီးခြင်းနဲ့ သစ်​ပင်​များပြိုလဲတာတွေ လျှပ်​စစ်​မီးများပြတ်​​တောက်တာတွေ  ဖြစ်ခဲ့တယ်​လို့ ​ဒေသခံ​တွေက​ပြောကြပါတယ်​ ။

 

 

#voiceofmyanmar #ပြည် #ရွှေဆံတော် #လေပြင်းကျ #စောင်းတန်းပြို

Related posts

Leave a Comment

VOM News

FREE
VIEW