စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံတဲ့အပေါ် တားဆီးခံရတာနဲ့ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်

စစ်တွေ၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ ဧပြီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ကူညီပေးရေးအတွက် အလှူငွေကောက်ခံနေတဲ့ မျိုးဆက်ရင်သွီးပရဟိတအဖွဲ့ကို နယ်မြေခံရဲတပ်ဖွဲ့က တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အလှူငွေကောက်ခံနေတဲ့ အဖွဲ့ကလူငယ်တွေကို တားဆီးမှုတွေပြုလုပ်ခဲ့တဲ့အပေါ်ရှုတ်ချကြောင်းနဲ့ အခုလို ဆက်လက်မပြုလုပ်ကြဖို့အတွက် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မနေ့ညနေပိုင်းမှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။   “စစ်ဘေးရှောင်ဦးရေ ၂၅၀၀၀ ကျော်လောက်ကို ပုဂ္ဂလိကအလှူရှင်တွေဆီကနေ အခုလို အလှူငွေတွေကောက်ခံပြီးတော့ ကျွေးမွေးလာတာ ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပြီ။ အခုမှ အလှူငွေမကောက်ခံရဆိုပြီး တားဆီးပိတ်ပင်တယ်ဆိုလို့ရှိရင် ဒီလူတွေအတွက် အစိုးရကအပြည့်အဝတာဝန်ယူပေးဖို့လိုပါတယ်။ အလှူမခံရလို့ တရားဝင်ထုတ်ပြန်ပေးပါ။”လို့ စစ်တွေမြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီနာယက ဦးသန်းထွန်းကပြောပါတယ်။ အဲ့ဒီကြေညာချက်မှာ အလှူငွေကောက်ခံမှုအပေါ် ရဲတပ်ဖွဲ့ရဲ့အခုလုပ်ရပ်ဟာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနဲ့ ညီညွတ်မှုမရှိ သလို မတရားတားဆီးကန့်ကွက်မှု၊ ရာဇဝတ်မင်းသောအနိုင်အထက်ပြုမှုတွေနဲ့ ငြိစွန်းနေတဲ့အတွက်…

Read More

မင်းပြားမြို့လေးမြို့မြစ်အတွင်းမှာ ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိ

မင်းပြား၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့ လေးမြို့မြစ်အတွင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်း ကို ဒီကနေ့မနက် ၈ နာရီလောက်က တွေ့ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီအလောင်းဟာ လေးမြို့မြစ်အထက်ပိုင်းကနေ မျောလာတာဖြစ်ပြီး မင်းပြားမြို့မဈေးရဲ့ အရှေ့ဘက် ဦးစိုးတင့်ရပ်ကွက် ကင်းချောင်း၊ ချောင်းဝ ကမ်းပါးမှာ မှောက်လျက်တင်နေတာဖြစ်ပါတယ်။ “အလောင်းက ဦးစိုးတင့်ရပ်ကွက် ကင်းချောင်းဝမှာတင်နေတာပါ။ ယောက်ျားအလောင်းဖြစ်ပါတယ်။ အထက်ပိုင်းကနေ မျောလာတာဖြစ်ပါတယ်။ ကြိုးချည်ထားပြီးတော့ မှောက်လျက်ကိုရှိနေတာပါ။”လို့ မင်းမြားမြို့ခံ ဦးသိန်းဇံကပြောပါတယ်။   အဲ့ဒီအလောင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးတွေနဲ့တုပ်ချည်ထားတာတွေကိုတွေ့ရတဲ့အတွက် လူသတ်ပြီးတော့ ရေထဲမှာမြှုပ်ထားတာကနေ ပြန်လည်ပေါ်လာပြီးတော့ မျောလာခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ “လောလောဆယ်မှာတော့ အလောင်းက ဒီရေတက်လာလို့ မြစ်ထဲမျောနေတဲ့အတွက် ပြန်ဆယ်ယူနေရပါတယ်။ လှေတွေနဲ့ မြစ်ထဲမှာဆယ်နေတုန်းပါပဲ။ အကျိုးအကြောင်းကတော့ ပြောလို့မရသေးဘူး။”လို့ မင်းပြားမြို့မရဲစခန်းမှူးက ပြောပါတယ်။   အလောင်းတွေ့ရှိတဲ့…

Read More

ဂေါတမ မြတ်စွာဘုရားပုံစံတုပ၀တ်ဆင်ထားသူကို ဖမ်းဆီးမယ်ဆိုတဲ့ကိစ္စ သာသနာရေးဌာနက ထုတ်ပြန်ထားတာမဟုတ်

  ရန်ကုန် ၊ ဧပြီ ၇ TGH (VOM) ဂေါတမမြတ်စွာ ဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအောင် လုပ်ဆောင်နေတဲ့  Saw Seven အမည်ရှိ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကို ထိန်းသိမ်းအရေးယူဖို့ဆိုတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ယက်မှာပြန့်နှံ့နေပေမယ့် ဒီညွှန်ကြားချက်ဟာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မသိရှိကြောင်း ၊ ထုတ်ပြန်ထားတာမျိုးလည်းမရှိဘူးလို့ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနခွဲ( သာသနာရေး)ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကပြောပါတယ်။ ” ဘာညွှန်ကြားချက်မှ ထုတ်ထားတာမရှိဘူး။ တကယ်လို့ ခုပြောတဲ့ကိစ္စက အမှန်ဆိုရင် ဘယ်နေရာမှာလဲ ဘယ်သူလဲ အတိအကျကို ကျွန်တော်တို့ကို ပြောပြပါ။ ဒီလိုဆိုရင် ထိထိရောက်ရောက် လုပ်သွားပါမယ်။”လို့ ပြောပါတယ်။ လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ညွှန်ကြားချက်မှာရေးသားဖော်ပြထားတာက လူမှုကွန်ယက်အမည် saw seven ( ဦးကျော်စွာအောင် အသက် ၃၅ ) ဟာ ဗုဒွမြတ်စွာဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအော် ဆောင်ရွက်ခဲ့ကြောင်း ၀န်ကြီးဌာနသို့တိုင်ကြားစာများလက်ခံရရှိခဲ့ပါတယ်။သူဟာ…

Read More

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ မိသားစုတွေအသိမပေးဘဲ ထောင်ပြောင်းရွှေ့

စစ်တွေ၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးဟာ ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်လို့ နှစ်ရှည်ထောင်ထောင်ဒဏ်ကျခံ နေရသူတွေဖြစ်ကြပါတယ်။ အဲ့ဒီနှစ်ဦးစလုံးမှာ နိုင်ငံတ်ာပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ နှစ် ၂၀၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ၂ နှစ် စီကျခံနေရတာဖြစ်ပြီး မဧပြီလ ၆ ရက်နေ့ညနေပိုင်းက မိသားစုတွေကိုအသိမပေးဘဲ ထောင်ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။ “ထောင်ပြောင်းသွားတယ်ဆိုတာဟုတ်ပါတယ်။ မနေ့ကညနေပိုင်းမှာ ပြောင်းသွားတာပါ။ ကျွန်တော်တို့ မိသားစုတွေကိုလည်း အသိမပေးခဲ့ပါဘူး။ သတင်းကြားလို့ ကျွန်တော်တို့လိုက်သွားတဲ့အချိန်မှာ ယူသွားပါပြီ။ ပြည်ထဲရေးကနေ သီးသန့်လေယာဉ်နဲ့ ယူသွားတာလို့သိရပါတယ်။ ထောင်ကပြောတဲ့သတင်းတွေအရတော့ အင်းစိန်ထောင်ကိုရောက်နေတယ်လို့ သိရပါတယ်။တွေ့ခွင့်တော့မရသေးဘူး”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ အစ်ကို ဦးသိန်းဝင်းကပြောပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးကို အင်းစိန်အကျဉ်းထောင်မှာ ရှိနေကြောင်းသတင်းရရှိထားပြီး မနက်ဖြန် ဧပြီ ၈ ရက်နေ့မှာ…

Read More

၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကိုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိပြီး  ပြည်သူ့ဂုဏ်ရည် (အထူးဆု)ကို ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အပါအဝင် ၄ ဦးရရှိခဲ့

ရန်ကုန် ၊ ဧပြီ ၇ TGH (vom) ၁၀ကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိခဲ့ပြီး    ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုကိုတော့  မဆွတ်ဆိုင်းထွယ်၊ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်း  အပါအဝင် Clean Yangon Campaign က  ရရှိခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းကထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ပြုလုပ်ခဲ့တဲ့  ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်များကြေငြာတဲ့ပွဲမှာ ရွေးချယ်ကြေငြာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု နဲ့ အထူးဆုတွေအတွက် ဂုဏ်ပြုဆုငွေနဲ့  ဆုတံဆိပ်တွေကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမြို့Mandalay Convention Center မှာ ပေးအပ်သွားမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းက ဒီကနေ့မနက်မှာထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားတဲ့ အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အမည်စာရင်းတွေထဲကနေ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့…

Read More

လျှပ်စစ် ကဏ္ဍအရှုံးပေါ်နေမှုအတွက် ဓတ်အားခတိုးမြှင့်ဖို့ လိုအပ်နေလို့ ဆို

ရန်ကုန် ၊ဧပြီ ၇ TGH ( vom)   လျပ်စစ်ကဏ္ဍအရှုံးပေါ်နေတာကို ကာမိဖို့အတွက် သင့်တင့်မျှတတဲ့ ဓာတ်အားခနူန်းထားတွေကာက်ခံနိုင်ဖို့လိုတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောပါတယ်။ ဒါဟာ လျှပ်စစ်တစ်ယူနစ်ထုတ်တိုင်းမှာ ငွေကျပ် ၁၁၀ ကျပ်ကနေ ၁၁၅ ကျပ်ထိ ကျသင့်တဲ့အချိန်မှာ သုံးစွဲတဲ့ ပြည်သူတွေကို လျပ်စစ်တစ်ယူနစ် အတွက် ၃၅ ကျပ်၊ ၅၀ ကျပ်နဲ့သာ ရောင်းချပေးနေတာကြောင့် ထုတ်လုပ်မှုကုန်ကျစ ရိတ်နဲ့ ရောင်းချစရိတ် ကွာခြားပြီး လျှပ်စစ်ကဏ္ဍမှာ အရှုံးပေါ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ “ထုတ်လုပ်မှုကူန်ကျစ ရိတ်နှင့် ရောင်းချစရိတ်မက အရမ်းကွာခြားတဲ့အခြေအနေမှာရှိနေတဲ့အတွက် ရေအားလျှပ်စစ်ကနေရတဲ့ ဓာတ်အားကို ပိုတိုးပြီးထုတ်ဖို့စဉ်းစားပါတယ်။ ဘာကြောင့်ဆို ရေအားလျှပ်စစ်နဲ့ ဓာတ်အားထုတ်လုပ်တဲ့စနစ်က ပိုပြီးသက်သာလို့ဖြစ်တယ်။ လျှပ်စစ် လည်းပိုထွက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်က ပိုသက်သာတယ်ဒါမှသာ အရှုံးကိုပိုပြီးထိန်းနိုင်မှာဖြစ်ပါတယ်။”လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ ရေအားလျှပ်စစ်ထုတ်နိုင်နေပေမယ့်လည်း   ပြီးခဲ့သောဘဏ္ဍာနှစ်တုန်းက  ငွေကျပ် ၁၆၂ ဘီလီယံဝန်းကျင်…

Read More

ကနီမြို့မှာ လေပြင်းတိုက်ခတ် အဆောက်အဦး ၇၀ ကျော် ပျက်စီး

ကနီ ဧပြီ ၇-၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးကနေ သိရပါတယ်။ ကနီမြို့နယ် မှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် ကျေးရွာ ၁၉ ရွာ က လူနေအိမ် ၆၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ပြိုကျပျက်စီးပြီးတော့ စာသင်ကျောင်းဆောင် နဲ့ ဘုန်းတော်ကြီးကျောင်းဆောင် စုစုပေါင်း (၃)လုံး အမိုးလန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျက်စီးခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ သိရပါတယ်။ပျက်စီးသွားတဲ့ နေအိမ်အတွက် ထောက်ပံ့မှုတွေကိုတော့ ဧပြီလ ၈ ရက်နေ့ တနင်္လာနေ့မှာ ပြုလုပ်မှာ…

Read More
VOM News

FREE
VIEW