စစ်ကိုင်းမြို့မှာ သိမ်းဆည်းရမိသော အသံဆူညံတဲ့ အိပ်ဇောပိုက် တွေကို ဖျက်ဆီး

  စစ်ကိုင်း ဧပြီ ၁၀-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ သိမ်းဆည်း ရမိခဲ့တဲ့ အသံဆူညံတဲ အိပ်ဇောပိုက် ၃၅၀ ကို ဒီနေ့ မနက်ပိုင်း အချိန်က စစ်ကိုင်းမြို့တော်ခန်းမ ရှေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ အမှတ် (၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)ကနေ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လက်ရှိ အချိန်အထိ သိမ်းဆည်း ရမိခဲ့တဲ့ အသံဆူညံစေတဲ့ အိပ်ဇောပိုက် ၃၅၀ ခုကို လမ်းကြိတ်စက်နဲ့ဖျက်ဆီး ခဲ့တယ်လို့ အမှတ် (၁၀၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း) က ဒုတိယရဲမှူး ဝင်းကိုကို ကပြောပါတယ်။ #voiceofmyanmar #စစ်ကိုင်း #ဆူညံအိတ်ဇော #ပါဝါအိတ်ဇော

Read More

မြောက်ဦးမြို့နယ်မှာ တိုက်ပွဲပြင်းထန် အရပ်သားတချို့ထိခိုက်

မြောက်ဦး၊ ဧပြီ ၁၀-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ညက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က ည ၁၀ နာရီလောက်မှာ နှစ်ဖက်တိုက်ခိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး  တပ်မတော်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ပြောပါတယ်။ “မြောက်ဦးမှာ မနေ့ညနေ ၃ နာရီလောက်ကနေ မြို့ဝန်းကျင်မှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတော့ ကြားရတယ်။ ည ၁၀ နာရီလောက်မှာ စပြီးတော့ဖြစ်တယ်လို့သိရတယ်။ ကိုးသောင်းဘုရားရဲ့ မြောက်ဘက်ရဲတပ်ရင်း နားမှာဖြစ်တယ်လို့ ကြားတယ်။ တော်တော်လေးတော့ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။   အဲ့ဒီတိုက်ပွဲဟာ မြောက်ဦးမြို့ နန်းတော်ရာကုန်းနဲ့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ကိုးသောင်းပုထိုးတော်ကြီး-ရတနာ့မာရ်အောင်-သကျမာရ်အောင်တို့အကြားမှာရှိတဲ့ ရဲတပ်ရင်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “စဖြစ်တာကတော့ ရဲတပ်ရင်းအနားမှာဖြစ်ပါတယ်။နောက် မနက်ပိုင်း ၅ နာရီလောက်မှာတော့ လေယာဉ်တွေနဲ့…

Read More

၂၀၁၆ ခုနှစ် တူရကီအာဏာသိမ်းမှုနဲ့ ဆက်နွယ်သူ ၁၀၀ ကျော်ဖမ်းဆီး၊ ၄၀၀ ကျော်ဖမ်းဝရမ်းထုတ်

အန်ကာရာ၊ ဧပြီ ၁၀-၂၀၁၉ မျိုးဆက် (VOM) တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုအတွက် လုပ်ဆောင်ခဲ့တဲ့အဖွဲ့နဲ့ ဆက်နွယ်နေသူ ၁၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဧပြီ ၉ ရက်မှာ တူရကီရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ မြို့တော်အန်ကာရာနဲ့ ကမ်းရိုးတန်းမြို့ အိုင်ဇမားအပါအ၀င် မြို့အချို့ရှိ အစိုးရရှေ့နေတွေကို ဖမ်းဆီးပြီးနောက် လူ ၄၀၀ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး သံသယရှိသူ ၁၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တူရကီအခြေစိုက် အန်နာဒိုလူ သတင်းဌာနက ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ ရဲတပ်ဖွဲ့အရာရှိဟောင်းတွေ၊ အာဏာသိမ်းဖို့ ညှိနှိုင်းရာမှာအသုံးပြုတယ်လို့ အာဏာပိုင်တွေက သံသယရှိတဲ့ ByLock မက်ဆေ့ခ်ျအက်ပလီကေးရှင်းကို လျှို့ဝှက်အသုံးပြုတယ်လို့ စွပ်စွဲခံရတဲ့ တခြားသူတွေလည်းပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်အခြေစိုက် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် ဖီသူလာ့ဂူလန်နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လူသောင်းပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပြီး ၀န်ထမ်း…

Read More

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၂)

NLD ပါတီအာဏာရတာ ၃ နှစ်ကျော်လာခဲ့ပြီမို့ ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ ကတိကဝတ်တွေ ဘယ်လောက် အကောင်အထည်ဖေါ်နိုင်ခဲ့ပြီလဲ ? လွှတ်တော်၊ အစိုးရ နဲ့ ပါတီ တို့ရဲ့ လုပ်ရပ်တွေ ဟန်ချက်ညီရဲ့လား ဆိုတာတွေအပါအဝင် ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက်

Read More
VOM News

FREE
VIEW