၂၀၁၆ ခုနှစ် တူရကီအာဏာသိမ်းမှုနဲ့ ဆက်နွယ်သူ ၁၀၀ ကျော်ဖမ်းဆီး၊ ၄၀၀ ကျော်ဖမ်းဝရမ်းထုတ်

အန်ကာရာ၊ ဧပြီ ၁၀-၂၀၁၉

မျိုးဆက် (VOM)

တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုအတွက် လုပ်ဆောင်ခဲ့တဲ့အဖွဲ့နဲ့ ဆက်နွယ်နေသူ ၁၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဧပြီ ၉ ရက်မှာ တူရကီရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မြို့တော်အန်ကာရာနဲ့ ကမ်းရိုးတန်းမြို့ အိုင်ဇမားအပါအ၀င် မြို့အချို့ရှိ အစိုးရရှေ့နေတွေကို ဖမ်းဆီးပြီးနောက် လူ ၄၀၀ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး သံသယရှိသူ ၁၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တူရကီအခြေစိုက် အန်နာဒိုလူ သတင်းဌာနက ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ ရဲတပ်ဖွဲ့အရာရှိဟောင်းတွေ၊ အာဏာသိမ်းဖို့ ညှိနှိုင်းရာမှာအသုံးပြုတယ်လို့ အာဏာပိုင်တွေက သံသယရှိတဲ့ ByLock မက်ဆေ့ခ်ျအက်ပလီကေးရှင်းကို လျှို့ဝှက်အသုံးပြုတယ်လို့ စွပ်စွဲခံရတဲ့ တခြားသူတွေလည်းပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်အခြေစိုက် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် ဖီသူလာ့ဂူလန်နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လူသောင်းပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပြီး ၀န်ထမ်း ၁၄၀၀၀၀ ကျော်မှာ အလုပ်ကနေ ထုတ်ပယ်ခံရတာ ဒါမှမဟုတ် ဆိုင်းငံထားတာတွေခံခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၂၅၁ ဦးသေဆုံးခဲ့ရပြီး တူရကီနိုင်ငံမှာ နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့ရပြီး အာဏာသိမ်းဖို့ကြိုးစားတဲ့ အဖွဲ့တွေကို အကြီးအကျယ်နှိမ်နှင်းခဲ့ပါတယ်။

Ref : RT Photo : Getty Image

#voiceofmyanmar #တူရကီ #နိုင်ငံတကာသတင်း #အာဏာသိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW