NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၃)

  မကြာခင်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာမို့ ဒီခရီးစဉ်မှာ တရုတ်မြန်မာ ဘယ်လိုစီမံကိန်းတွေ ဘယ်လိုသဘောတူညီမှုတွေ လုပ်နိုင်သလဲ? မြစ်ဆုံစီမံကိန်းအပေါ် ဘယ်လိုသဘောထားတွေရှိမလဲဆိုတာနဲ့ နိုင်ငံခြားရေးရာမူဝါဒကိစ္စတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက် #မြစ်ဆုံစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #တရုတ်ခရီးစဉ် #နိုင်ငံခြားရေးမူဝါဒ

Read More

ဆီဘောက်ဆာအတွင်း ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား လူ(၃)ဦး  မီးလောင်

ကသာ ဧပြီ ၁၁-၂၀၁၉ နိုင်ကြီး (ကသာ) (VOM)   စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ချမ်းသာကျေးရွာအနီး ဆီခြံမှာ ဧပြီလ (၁၁)ရက်နေ့ နေ့လည်(၁၁း၄၅)အချိန်က လောင်စာဆီ သယ်ယူတဲ့ ဆီဘောက်ဆာ အတွင်း ဆီဖြည့်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့တယ် လို့  လူ ၃ဦးမီးလောင်ခံရတယ်လို့ သိရပါတယ် ။   ကသာမြို့နယ် အောင်ချမ်းသာကျေးရွာ အနီးက ဘီအိုစီကုမ္ပဏီပိုင် ဆီခြံအတွင်း ယာဉ်အမှတ် MDY – 9F/8719  UD အမျိုးအစား ၁၂ဘီးယာဉ် ဂါလံ ၄၀၀၀ ဆံ့ ဆီဘောက်ဆာ အတွင်းကို ကိုကိုမောင် ဦးဆောင်တဲ့ ဆီခြံအလုပ်သမားတွေက ဆီဖြည့်နေကြချိန်မှာ ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ကိုကိုမောင် (၂၈ နှစ်) ၊ ထွန်းဝေ (၂၁ နှစ်) ၊ တင်ဖြိုးအောင်…

Read More

စစ်ကိုင်းမြို့ သင်္ကြန်ကာလမှာ မှုခင်းမဖြစ်ပွားရေး ရဲတပ်ဖွဲ့ပြင်ဆင်

စစ်ကိုင်း၊ ဧပြီ ၁၁-၂၀ စောပြည့်ချမ်းသာ(VOM)   မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလမှာ စစ်ကိုင်းမြို့ အတွင်း မှုခင်းမဖြစ်ပွားရေး အတွက် အသိပညာပေးလှုပ်ရှားမှုတရပ်အနေနဲ့ ရဲတပ်ဖွဲ့ဝင်များက  အသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။   #voiceofmyanmar  #စစ်ကိုင်းရဲတပ်ဖွဲ့ #သင်္ကြန်

Read More

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးတာတွေ စတင်နေ

ဒေလီ ၊ ဧပြီ-၁၁ ၊ ၂၀၁၉ မျိုးဆက် (VOM)   ၀န်ကြီးချုပ်မိုဒီအပေါ် ဆန္ဒခံယူပွဲတစ်ရပ်လို့  ရှုမြင်ရတဲ့ အထွေထွေရွေးကောက်ပွဲရဲ့ ပထမအဆင့် မဲပေးတာတွေကို ဧပြီ ၁၁ ရက်မှာ အိန္ဒိယပြည်သူတွေစတင်မဲပေးနေပြီဖြစ်ပါတယ်။   သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသား မဲဆန္ဒရှင်တွေဟာ ပြည်နယ် ၂၀ နဲ့  ပြည်ထောင်စုနယ်မြေတွေရှိ မဲဆန္ဒနယ် ၉၁ ခုမှာ ၎င်းတို့မဲပေးကြရမှာဖြစ်ပါတယ်။ ပါလီမန်ရှိ အောက်လွှတ်တော်သစ်အတွက် လွှတ်တော်အမတ်တွေရွေးချယ်ဖို့ အဆင့်ခုနှစ်ဆင့်နဲ့ မဲပေးတာတွေ ကို မေ ၁၉ တိုင်အောင် ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဆန္ဒမဲရေတွက်တာကို မေ ၂၃ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။   ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့သမျှရွေးကောက်ပွဲတွေထဲမှာတော့ အကြီးဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။ ၀န်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒိုအမျိုးသားရေး ဘီဂျေပီ ပါတီဟာ…

Read More

မန္တလေးမှာ သင်္ကြန်တွင်း ကားခပိုတောင်းတဲ့ ယာဉ်အသင်းကို ပထမဆုံး အရေးယူ

မန္တလေး၊ ဧပြီ ၁၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေး-စစ်ကိုင်းပြေးဆွဲနေတဲ့ စစ်မန်းဧရာ ယာဉ်လိုင်းမှာ ဧပြီလ ၁၀ ရက်နေ့က ခရီးသည်(၂)ဦးစီကနေ ငွေ ၁၅၀၀၀ ပိုတောင်းခဲ့တာကြောင့် မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) က အရေးယူမှုပြုလုပ်ထားပါတယ်။   ပုံမှန်ဈေးနူန်း အရှေ့ခန်း ၁၀၀၀ကျပ်၊ အနောက်ခန်း ၅၀၀ကျပ် ပေးရမည်ကို စစ်မန်းဧရာ ယာဉ်လိုင်းက ပိုက်ဆံတောင်းချိန်မှ ၁၅၀၀၀ တောင်းခဲ့တာကြောင့် အရေးယူမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။   ” ကာယကံရှင်က မနေ့ညနေပိုင်းက ဖုန်းနဲ့ဆက်ပြီးတိုင်ကြားပါတယ်၊ တိုင်ကြားမှုလက်ခံရရှိတာနဲ့ ဒီနေ့မှာ အသင်းအုပ်ချုပ်သူရယ် ယာဉ်မောင်းရယ်ကို ခေါ်ပြီး စစ်ဆေးတယ်၊ စည်းကမ်းလိုက်နာ ဖို့သတိပေးခဲ့ပြီး ဒဏ်ငွေ ၅၀၀၀၀ကျပ် တပ်ပြီး အရေးယူခဲ့ပါတယ်၊”ခုလို ကားခ ပိုတောင်းတာတွေက ၂၀၁၅ ကနေ ၂၀၁၈ ထိ တိုင်ကြားတာ အရေးယူခဲ့တာ မရှိခဲ့ဘူး၊ ဒါက…

Read More

စစ်ပွဲတွေရပ်စဲပေးဖို့နဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ကြဖို့ လူမှုအဖွဲ့အစည်းတွေတိုက်တွန်း 

စစ်တွေ၊ ဧပြီ ၁၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်ကြဖို့အတွက် မနေ့ ဧပြီလ ၁၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို လူမှုအဖွဲ့အစည်း တွေက တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။   အဲ့ဒီကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစီရင်ခံစာတစောင်ကို အစိုးရကိုတင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။   #voiceofmyanmar  #ရခိုင်ပြည်နယ် #စစ်ပွဲတွေရပ် #ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ

Read More

နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းပြောင်း မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ တရုတ်ဆန္ဒရှိ

ပေကျင်း၊ ဧပြီ-၁၁ ၊ ၂၀၁၉ မျိုးဆက် (VOM)   နိုင်ငံတကာအခြေအနေတွေ ဘယ်လိုပြောင်းပြောင်း မြန်မာနို်င်ငံနဲ့ နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာမြောက်ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ တရုတ်သမ္မတ ရှိင်္ကျင်းပင်က ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။   တရုတ်နိုင်ငံ ပေကျင်းမှာ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်သမ္မတက ဒီလိုမှတ်ချက်ပြု ပြောဆိုလိုက်တာဖြစ်ပါတယ်။   နှစ်နိုင်ငံလုံးက ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ခံစားဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ သာယာဝပြောဖို့အတွက် မိမိတို့ရဲ့ မဟာဗျူဟာမြောက်တဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းသင့်တယ်လို့ ၎င်းကဆိုပါတယ်။   ဒါ့အပြင် တရုတ်-မြန်မာဆက်ဆံရေးမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပြီး အပြန်အလှန်ယုံကြည်မှုနဲ့ အကျိုးစီးပွားပေါ်အခြေခံပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေး ဆက်ဆံမှုတွေတည်ဆောက်ဖို့ နှစ်နိုင်ငံ တပ်မတော်တွေက လုပ်ဆောင်သင့်တယ်လို့ ရှီကျင်းပင်က…

Read More
VOM News

FREE
VIEW