နိုင်ငံတကာအခြေအနေ ဘယ်လိုပြောင်းပြောင်း မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ တရုတ်ဆန္ဒရှိ

ပေကျင်း၊ ဧပြီ-၁၁ ၊ ၂၀၁၉

မျိုးဆက် (VOM)

 

နိုင်ငံတကာအခြေအနေတွေ ဘယ်လိုပြောင်းပြောင်း မြန်မာနို်င်ငံနဲ့ နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာမြောက်ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ တရုတ်သမ္မတ ရှိင်္ကျင်းပင်က ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။

 

တရုတ်နိုင်ငံ ပေကျင်းမှာ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်သမ္မတက ဒီလိုမှတ်ချက်ပြု ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံလုံးက ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ခံစားဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ သာယာဝပြောဖို့အတွက် မိမိတို့ရဲ့ မဟာဗျူဟာမြောက်တဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းသင့်တယ်လို့ ၎င်းကဆိုပါတယ်။

 

ဒါ့အပြင် တရုတ်-မြန်မာဆက်ဆံရေးမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပြီး အပြန်အလှန်ယုံကြည်မှုနဲ့ အကျိုးစီးပွားပေါ်အခြေခံပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေး ဆက်ဆံမှုတွေတည်ဆောက်ဖို့ နှစ်နိုင်ငံ တပ်မတော်တွေက လုပ်ဆောင်သင့်တယ်လို့ ရှီကျင်းပင်က ပြောပါတယ်။

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း တရုတ်နိုင်ငံက ထောက်ခံနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းက နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့အတွက် အာရုံစိုက်နေတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောပါတယ်။

 

Ref : Straits Time

Photo : CGTN

Related posts

Leave a Comment

VOM News

FREE
VIEW