တောင်နဝင်းဆည်မှာ ရေကစားသူတွေစည်ကားနေ

ပြည် ဧပြီ ၁၆-၂၀၁၉ ဂျန်​ကိုးလ်​ ပြည်​မြို့အနီး​တောင်​န၀င်းဆည်​က လွှတ်​​ပေးတဲ့ သာစည်​ဆည်​လို့​ခေါ်တဲ့ ဆည်​​ရေ​အေး​အေး​လေးမှာ ​ဒေသစုံကလာတဲ့ ​ရေချိုးသူတွေ အပူဒဏ်ခိုသူတွေနဲ့သင်္ကြန်​အတက်​​နေ့မှာ တိုးမ​ပေါက်​​အောင်​စည်​ကား​နေပါတယ်​။ “ဆည်​​မြောင်းက​တော့ဆည်​​ရေလွှတ်​ထားလို့ ​ရေမချိုးဘို့တားမြစ်​ထားတယ်​ဘဲဆိုပါ​တော့ သတိ​ပေးစာကဒ်​ထားတယ်​ ပြည်​မြို့အထွက်​တိုးဂိတ်​အ​ကျော်​ ဇီးအုပ်​ဆိုတဲ့အနားက၀င်​ရတာ ၀င်​ပြီးပြန်​ထွက်​ဘို့ခက်​​အောင်​ကိုစည်​တယ်​”ဟု ဥသျှစ်​ပင်​မြို့ကနေ ပြည်​သင်္ကြန်​လာရင်း ​ရေစိမ်​သူကိုမင်းမင်းက​ပြောပါတယ်​။ ယခုနှစ်​သင်္ကြန်​အခါမှာအပူရှိန်​ပြင်းထန်​လို့ ​အခြားမြို့က​နေ ပြည်​သင်္ကြန်​ကို​ရေလာကစားသူများ အပူဒဏ်​ခံနိုင်​ရန်​သာစည်​ဆည်​သို့​နေ့လယ်​ခင်းဘက်​တွေမှာ ​သွား​ရောက်​ခိုလှုံကြ​ကြောင်းသိရပါတယ်​ ။  #voiceofmyanmar. #ပြည် #တောင်နဝင်းဆည်

Read More

မင်းလှမြို့အမှတ်​ ၁ရပ်ကွက် ​​အုပ်​ချုပ်​​ရေးမှူးဓာတ်​လိုက်​​သေဆုံး

မင်းလှ ဧပြီ ၁၆-၂၀၁၉ ဂျန်​ကိုးလ်​ (VOM) သာယာဝတီခရိုင်​မင်းလှမြို့နယ်​တွင်​ ဧပြီ၁၆ မနက် ၁၀ ၀န်းကျင်မှာ အသက်​၆၃နှစ်​အရွယ်​ရှိတဲ့  ရပ်ကွက်အုပ်ချုပ်​ရေး​မှူး ဦးဝင်း​မောင်​ဆိုသူဟာ သီချင်းသီဆိုဖို့  မိုက်​ကိုင်​လိုက်တဲ့အချိန်မှာ ဓာတ်​လိုက်​​သေဆုံးသွားတယ်​လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်​ ။   ဖြစ်​စဉ်​မှာ ဒီက​နေ့မနက်​ ၁၀ရီခွဲအချိန်​ခန့်​ကမင်းလှပြည်​သူ့​ဆေးရုံကို ပြင်​ပဒဏ်​ရာမရှိဘဲ ​ဓာတ်လိုက်​​သေဆုံးသူတစ်​ဦး ​ရောက်​ရှိ​နေ​ကြောင်း မြို့နယ်​ဆရာဝန်​က ရဲစခန်းအ​ကြောင်းကြားတာ​ကြောင့်​ မြို့မရဲစခန်းမှူးတို့ သွား​ရောက်​စစ်​​ဆေးခဲ့တယ်​လို့ ရဲမှတ်​တမ်းများမှာ​ဖေါ်ပြထားပါတယ်​။ ဖြစ်​စဉ်​အ​သေးစိတ်​ကို ​သေဆုံးသူရဲ့သားဖြစ်​သူ ကိုကံဝင်းလှိုင်​​ခေါ်ညီညီက “အ​ဖေ က​ လေဖြန်းခံထားဘူးတယ်​ အိမ်​မှာ သီချင်းဆိုဘို့ ​ ရေစိုလက်​နဲ့ မိုက်​ကိုင်​လိုက်​တာ ​ဓာတ်​လိုက်​ပြီး​နောက်​ကိုလန်​ကျ​သေဆုံးသွားတာဖြစ်​တယ်​ “လို့ရဲစခန်းမှာထွက်​ဆိုထားပါတယ်​။ အမှုကိုမင်းလှမြို့မရဲစခန်းက ​သေမှု့​သေခင်း အမှုအမှတ်​စဉ်​၈/၂၀၁၉အရအမှု့ဖွင့်​လက်​ခံထားပြီး ဒုရဲမှူးသိန်းလွင်​မြို့မစခန်းမှူးက ရဲလုပ်​ငန်း​တွေ ဆက်​လက်​လုပ်​​ဆောင်​​နေတယ်​လို့သိရပါတယ်​။   #voiceofmyanmar #မင်းလှ  #အုပ်ချုပ်ရေးမှူး #ဓါတ်လိုက်သေဆုံး        

Read More
VOM News

FREE
VIEW