မင်းလှမြို့အမှတ်​ ၁ရပ်ကွက် ​​အုပ်​ချုပ်​​ရေးမှူးဓာတ်​လိုက်​​သေဆုံး

မင်းလှ ဧပြီ ၁၆-၂၀၁၉

ဂျန်​ကိုးလ်​ (VOM)

သာယာဝတီခရိုင်​မင်းလှမြို့နယ်​တွင်​ ဧပြီ၁၆ မနက် ၁၀ ၀န်းကျင်မှာ အသက်​၆၃နှစ်​အရွယ်​ရှိတဲ့  ရပ်ကွက်အုပ်ချုပ်​ရေး​မှူး ဦးဝင်း​မောင်​ဆိုသူဟာ သီချင်းသီဆိုဖို့  မိုက်​ကိုင်​လိုက်တဲ့အချိန်မှာ ဓာတ်​လိုက်​​သေဆုံးသွားတယ်​လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်​ ။

 

ဖြစ်​စဉ်​မှာ ဒီက​နေ့မနက်​ ၁၀ရီခွဲအချိန်​ခန့်​ကမင်းလှပြည်​သူ့​ဆေးရုံကို ပြင်​ပဒဏ်​ရာမရှိဘဲ ​ဓာတ်လိုက်​​သေဆုံးသူတစ်​ဦး ​ရောက်​ရှိ​နေ​ကြောင်း မြို့နယ်​ဆရာဝန်​က ရဲစခန်းအ​ကြောင်းကြားတာ​ကြောင့်​ မြို့မရဲစခန်းမှူးတို့ သွား​ရောက်​စစ်​​ဆေးခဲ့တယ်​လို့ ရဲမှတ်​တမ်းများမှာ​ဖေါ်ပြထားပါတယ်​။

ဖြစ်​စဉ်​အ​သေးစိတ်​ကို ​သေဆုံးသူရဲ့သားဖြစ်​သူ ကိုကံဝင်းလှိုင်​​ခေါ်ညီညီက

“အ​ဖေ က​ လေဖြန်းခံထားဘူးတယ်​ အိမ်​မှာ သီချင်းဆိုဘို့ ​ ရေစိုလက်​နဲ့ မိုက်​ကိုင်​လိုက်​တာ ​ဓာတ်​လိုက်​ပြီး​နောက်​ကိုလန်​ကျ​သေဆုံးသွားတာဖြစ်​တယ်​ “လို့ရဲစခန်းမှာထွက်​ဆိုထားပါတယ်​။

အမှုကိုမင်းလှမြို့မရဲစခန်းက ​သေမှု့​သေခင်း အမှုအမှတ်​စဉ်​၈/၂၀၁၉အရအမှု့ဖွင့်​လက်​ခံထားပြီး ဒုရဲမှူးသိန်းလွင်​မြို့မစခန်းမှူးက ရဲလုပ်​ငန်း​တွေ ဆက်​လက်​လုပ်​​ဆောင်​​နေတယ်​လို့သိရပါတယ်​။

 

#voiceofmyanmar #မင်းလှ  #အုပ်ချုပ်ရေးမှူး #ဓါတ်လိုက်သေဆုံး

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW