၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး နတ္တလင်းမှာ ဆန္ဒထုတ်ဖေါ်

နတ္တလင်း ဧပြီ ၂၇-၂၀၁၉

မိုးယံ(ဇီးကုန်း)

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို နတ္တလင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လူအင်အား တစ်ထောင့်ငါးရာခန့်​နဲ့ နတ္တလင်းမြို့မှာ ဒီ​နေ့မနက်က ဆန္ဒထုတ်​​ဖော်​ခဲ့ပါတယ်​။

 

ဆန္ဒထုတ်ဖော်ရာမှာ “ပုဒ်မ ၅၉(စ) မပြင်​ဆင်​​ရေး ပုဒ်​မ(၂၆၁) အမြန်​ဆုံးပြင်​ဆင်​အတည်​ပြု​ရေး´စတဲ့ ကြွေးကြော်သံတွေ နဲ့ ကြွေးကြော်ပြီးတော့ မနက် ၈ နာရီ အချိန်ခန့်က​​​နေ ၉ နာရီ အချိန်​ထိ နတ္တလင်းမြို့ ရန်​ကုန်​-ပြည်​ ကားလမ်းတစ်​​လျောက်​ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

 

အဲဒီ​နောက်​ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးထဲမှာ ​​ဟော​ပြောပွဲပြုလုပ်​ခဲ့ပါတယ်​။

” ကျွန်​​တော်​တို့ အမိမြန်​မာနိုင်​ငံမှာ တိုင်းရင်းသား (၁၃၅)မျိုးရှိပါတယ်​ အဲဒီတိုင်းရင်းသား(၁၃၅)မျိုးမှာ ​မွေးဖွားလာသူ မြန်​မာ နိုင်​ငံသားစစ်​စစ်​ သမ္မတ ဖြစ်​ရမယ်​လို့်​ ​ပြောခဲ့တာပါ ဒါ​ကြောင့်​ကိုယ့်​တိုင်းရင်းသား စစ်​စစ်​သမ္မတ ဖြစ်​​ရေးအတွက်​​ရေးဆွဲထားတဲ့ ပုဒ်​မ ၅၉(စ) မပြင်​ဆင်​​ရေး ကို ​လေး​လေးနက်​နက်​ ​ထောက်​ခံ​ကြောင်း ​ပြောကြားလိုပါတယ်​´လို့ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီမြို့နယ်​အတွင်း​ရေးမှူး ဦး​ကျော်​မင်းထွဋ်​က​ဟော​ပြောခဲ့ပါတယ်​။

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတွေရဲ့ အရည်အချင်းများ ဆိုတဲ့ ပုဒ်မ ၅၉(စ) မှာတော့ မိမိကိုယ်တိုင်သော်လည်ကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်ကောင်း ၊မိမိ၏ ဇနီး သိုမဟုတ် ခင်ပွန်းသော်လည်ကောင်း ၊မိမိ၏ တရာဝင် သားသမီးတစ်ဦးဦးသော်လည်ကောင်း ၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်ကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်ကောင်း ၊တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်ကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုပြီး ဥပဒေပြု ပြဌာန်းထားပါတယ်။

 

#voiceofmyanmar    #နတ္တလင်း #၅၉ (စ) မပြင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW