ရွေ့လျား ​ရေသန့်​ကားနဲ့  အုတ်ဖိုမြို့နယ်မှာ ​ရေဂါလံ ၅၀၀၀ ခန့်​ ​ရေသန့်​စင်​​ပေး

အုတ်​ဖို ​မေ ၁-၂၀၁၉

မိုးယံ(ဇီးကုန်း)

 

ပဲခူးတိုင်း အုတ်​ဖိုမြို့နယ်​ သမန်းကုန်းအုပ်​စု အုန်းနှဲရွာမှာ အိမ်​​ခြေ ၁၀၀​ကျော်​ အသုံးပြု​နေတဲ့ ​ပေ ၁၅၀ပတ်​လည်​ ​သောက်​သုံး​ရေကန်​ကို ​ကျေးလက်​​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေးဦးစီးဌာနက ရွေ့လျား​ရေသန့်​ကားနဲ့ ​ရေသန့်​စင်​​ပေးခဲ့ပါတယ်​။

 

 

`အုန်း​တောရွာဟာ နှစ်​စဉ်​ ​နွေရာသီကာလ ​ရေကန်​အတွင်း ​ရေခမ်း​ခြောက်​ပြီး ရွှံ့နွံ​တွေနဲ့ ​ရေ​တွေကညစ်​ပတ်​ပြီး တော့ အထဲမှာ ဘက်​တီးရီးယားပိုး​တွေက အားကြီးဖြစ်​​နေတဲ့အချိန်​မှာ ဒီ​ရေသန်​ကားနဲ့လာသန့်​​ပေးတော့ ​သောက်​ဖို့အတွက်​အဆင်​​ပြေပြီး ​ရောဂါဘယတွေလည်းကင်း​ဝေးသွားတာ​ပေါ့ ဘုန်း​တော်​ကြီးကျောင်းတွေလည်း ​ရေသန့်​လှူလိုက်​ရတယ်​​ပေါ့ အဲဒီအတွက်​အများကြီး အကျိုး​ကျေးဇူးရပါတယ်​´လို့ မြစိမ်း​ရောင်​ကျေးရွာ စီမံကိန်းကြီးကြပ်​မှု​ကော်​မတီ ဥက္ကဌ ဒေါ်ခင်​မာလာနွယ်​ က ​ပြောပါတယ်​။

 

 

`ကျွန်​​တော်​တို့ ​ကျေးလက်​​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေး ဦးစီးဌာနက ​ရွေ့လျား​ရေသန့်​ကားနဲ့ မိုး​ရေ​လှောင်​ထားပြီးရေမသန့်​ဘဲ ​ရောဂါဖြစ်​နိုင်​တဲ့ အုန်းနှဲရွာက ​ရေကန်​ကိုရေသန့်​စင်​​ပေးခဲ့ပါတယ်​ မ​နေ့က နံက်​ ၈နာရီက​နေည ၁၁နာရီအထိ တစ်​ခါနားရင်​ နာရီဝက်​ဘဲနားပါတယ်​ရေ ဂါလံ ငါး​ထောင်​​ရေသန့်​​ပေးခဲ့ပါတယ်’​ လို့အုတ်​ဖိုမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေး ဦးစီးဌာန ​ဦးစီးမှုး ဦး​ဇော်​မင်းထွန်းက ​ပြောပါတယ်​။

 

ရွေ့လျား​ရေသန့်​ကားဟာ သာယာဝတီခရိုင်​ အုတ်​ဖိုမြိုနယ်​နဲ့ ကြို့ပင်​​ကောက်​မြို့နယ်​ ဗန့်​​ဘွေးကုန်းရွာအဲဒီက​နေတစ်​ဆင့်​ ပြည်​ခရိုင်​​ပေါင်းတည်​မြို့တို့မှာလည်းဆက်​လက်​ ​ရေသန့်​စင်​​ပေး မှာဖြစ်​တယ်​လို့သိရပါတယ်​။

 

#voiceofmyanmar  #အုတ်ဖို #ရွှေ့လျားရေသန့်ကား

Related posts

Leave a Comment

VOM News

FREE
VIEW