တောင်ကြီး (၄)လောင်းပြိုင်လူသတ်မှု အဓိကကြိုးကိုင်သူတရားခံကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁-၂၀၁၉ သိင်္ဂီ (VOM)   တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှုကို အဓိကကြိုးကိုင်စီမံသတ်ဖြတ်ခဲ့တဲ့တရားခံက မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ကြောင်းနဲ့ တရားခံကို ၂၉ ရက်နေ့ကတည်းက သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားလိုက်ပြီ လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က အတည်ပြုပြောကြားလိုက်ပါတယ်။     ” တရားခံကိုဖမ်းဆီးထားပါတယ်။ အရင်စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပဲ အမှုဖွင့်ဆောင်ရွက်နေတာဖြစ်တယ်။ထုတ်ပြန်ချက်တွေလည်းထုတ်ထားတယ်။ကျန်တဲ့ တရားခံတွေကိုလည်း ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်”လို့ ဆိုပါတယ်။     ဖြစ်စဉ်ကိုရဲတပ်ဖွဲ့က စိစစ်စုံစမ်း စစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက် ရရှိပြီး အခင်းဖြစ်အရပ်မှာကျန်ရှိတဲ့ သဲလွန်စပစ္စည်းတွေနဲ့ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်မှာ  တင်အုန်း(ခ)အိုက်အုံးကို ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဒီကနေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။…

Read More

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေ စစ်ဆေးခံနေရ နှစ်ရက်အကြာထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေး

ရသေ့တောင်၊ မေ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာသားတွေကို တပ်မတော်က ခေါ်ယူစစ်ဆေးနေတာ နှစ်ရက်ရှိနေပြီဖြစ်ပေမယ့် အများစုကိုတော့ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။   အဲ့ဒီကျေးရွာသားတွေဟာ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းကနေ စစ်ဆေးခံနေရတာဖြစ်ပြီး မနေ့ကညနေပိုင်းမှာတော့ အသက် ၁၅ နှစ်နဲ့ အသက် ၅၀ အထက်အရွယ်တွေကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ရွာသား ၂၀၀ ကျော်ကိုတော့ ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။   “မနေ့ကမနက်ပိုင်းကနေ စစ်တပ်ကရွာကိုဝင်လာတယ်။ ပြီးတော့ ရွာဆော်ကိုရွာမှာဆော်သြခိုင်းတယ်။ ယောက်ျားတွေ အကုန်လုံးစာသင်ကျောင်းကိုလာရမယ်ဆိုပြီးတော့။ အဲ့ဒီကနေ စစ်ဆေးနေတာ အခုထိမလွတ်သေးဘူး။ အသက် ၁၅ နှစ်နဲ့ ၅၀ အထက်တွေကိုတော့ မနေ့ညနေပိုင်းက လွှတ်ပေးလိုက်တယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။     အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်…

Read More

စစ်တွေကမ်းခြေသန့်ရှင်းဖို့ လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး သန့်ရှင်းရေးလုပ်

စစ်တွေ၊ မေ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေမှာ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး မနေ့ ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းက ကမ်းခြေသာယာလှပရေးနဲ့ ရှုခင်းတွေကိုကောင်းမွန်စွာ ခံစားနိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။     အဲ့ဒီကမ်းခြေမှာ ရေလှိုင်းတွေအနဲ့ ရောက်ရှိလာခဲ့တဲ့ အမှိုက်တွ၊ လာရောက်အပမ်းဖြေသူတွေ စွန့်ပစ်ခဲ့ကြတဲ့ ပလက်စတစ်တွေကို ကောက်ခဲ့ကြတာဖြစ်ပြီး ကမ်းခြေတစ်လျှောက်မှာပေါက်ရောက်နေတဲ့ ကိုင်းပင်တွေ၊ ခြုံနွယ်တွေကိုလည်း ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။   “အဓိကရည်ရွယ်ချက်ကတော့ ဒီနေရာဟာ အပမ်းခြေနေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လာရောက်အပမ်းဖြေသူတွေကို လေကောင်းလေသန့်ရရှိစေဖို့ရယ်။ မြင်ကွင်းပိတ်နေတာတွေ ရှင်းလင်းဖို့အတွက် အပင်တွေခြုံတွေကို ရှင်းလင်းတယ်။ ပလက်စတစ်ကောက်တာကတော့ သဘာဝပါတ်ဝန်းကျင်မထိခိုက်ဖို့အတွက် ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။”လို့ တက္ကသိုလ်များသာရေးနာရေးအသင်း (စစ်တွေ)က ကိုရှင်းသန့်ကိုကပြောပါတယ်။     မနေ့က အဲ့ဒီလှုပ်ရှားမှုမှာ ကျောင်းသားလူငယ်တွေ၊ တက္ကသိုလ်ကျေင်းသားတွေနဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေ…

Read More

ဝက်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့ မစားသုံးသင့်သေး

ရန်ကုန် ၊ မေ ၁-၂၀၁၉ သိင်္ဂီ(VOM)   အာဖရိက ၀က်အပြင်းဖျားဂေါကူးရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့လည်း မစားသုံးမိစေဖို့လိုအပ်တယ်လို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။   ” ခုထိတော့ တင်သွင်းခွင့်တွေပိတ်ထားဆဲဖြစ်တယ်။ရောဂါဖြစ်တဲ့နိုင်ငံတွေ clear မဖြစ်သေးသရွေ့ တင်သွင်းခွင့်တွေ ခွင့်မပြုသေးပါဘူး ။နောက်ပြီး ဒီလိုရောဂါဖြစ်တယ်ဆိုကတည်းက တင်သွင်းခွင့်တွေ ပိတ်ဖို့ ပြောထားတယ်။ လိုင်စင်လည်းချထားပေးတာမရှိဘူး ။အဓိက ကိုယ့်နိုင်ငံကို ရောဂါမကူးစက်အောင်ကာကွယ်တာဖြစ်တယ်။တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိဖို့လည်း လုပ်နေတယ်“လို့ဆိုပါတယ်။   ရောဂါဖြစ်ပွားမှုအခြေနေ ကင်းရှင်းကြောင်း တရားဝင် အကြောင်းကြား ညှိနိုင်း ပြီးမှသာ ဝက်နှင့်ဝက်ထွက်ပစ္စည်း တွေ မြန်မာနိုင်ငံတွင်း တင်သွင်းခွင့်ကို ပြန်လည်ခွင့်ပြုမယ်လို့သိရပါတယ်။   ဒီလိုကန့်သတ်တာဟာ မြန်မာနိုင်ငံကို ၎င်းရောဂါများ ကူးစက်ဝင်ရောက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။ ကန့်သတ်ထားတာကတော့  ပြီးခဲ့တဲ့…

Read More

စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်

မင်းကွန်း   မေ  ၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။     ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။     သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု   ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့ …

Read More

ပြည်ခိုင်ဖြိုးပါတီကို စွပ်စွဲတဲ့ပိုစ်ရှယ်မိလို့ ဇီးကုန်းမြို့ကအလှဖန်တီးရှင် ဆက်သွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံရ

ဇီးကုန်း မေ ၁-၂၀၁၉ ဂျန်ကိုးလ်( VOM)   ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ စ မပြင်ဆင်ရေး ဥပဒေပုဒ်မ၂၆၁ ပြင်ဆင်ပေးဖို့ ဇီးကုန်းမြိုမှာ ဧပြီလ၂၇ ရက်နေ့က ကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး  ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ  လူတစ်ဦး ၂၀၀၀ကျပ် ပေးရတယ်လို့ ညီသျှပ်အကောင့်ကပို့စ်ကို ဖြန့်ဝေခဲ့သူနတ်တလင်းမြို့က အလှဖန်တီးရှင် ကိုထိုက်ကို ဇီးကုန်းမြို့မစခန်းမှာ ကြံ့ခိုင်ရေးပါတီမြို့နယ်အတွင်းရေးမှုးက ဧပြီ၃၀ရက်နေ့မှာ အမှုဖွင့်လိုက်ပါတယ်။       “ဒီပိုစ့်နဲ့ပတ်သက်ပြီးတော့ ကျနော့်ကို ၆၈(က)နဲ့ ညိတယ်ဆိုပြီးတော့ တရားစွဲတာပါ။ ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ ထူးခြားတယ်။ ဒီလိုမျိုးက တစ်ခါမှမကြားဘူးဖူး။ မြင်လည်းမမြင်ဘူးဖူး။ ကျနော် ကိုယ်တိုင်တင်တဲ့ ပိုစ့်လည်းမဟုတ်ဘူးလေ။ တစ်ခြားအကောင့်ကနေပြီးတော့ ကိုဖရန့်ထဲမှာရှိတဲ့သူက တင်လိုက်လို့ ကိုယ်ကပြန်ပြီးတော့ ဟုတ်သည်မဟုတ်သည် မှန်သည်မမှန်သည် ဆိုတာသိလိုတဲ့စိတ်နဲ့ ရှယ်လိုက်တာလေးတစ်ခုပဲရှိတယ်။ တကယ်ဆိုရင် အကောင့်ပိုင်ရှင်ကိုအမှုဖွင့်ရမှာ။ အဲတာကိုမဖွင့်ပဲနဲ့ ကျနော်တို့ဖွင့်တယ်…

Read More

အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့အတွက် ရန်ကုန်တိုင်း အစိုးရလိုလား

ရန်​ကုန်​ ၊​မေ ၁-၂၀၁၉ သူရိန် ( VOM)   အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်း အစိုးရက လိုလားတယ်​လို့​ မေ ၁ ရက်​က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာကွင်း၌ ၁၂၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး) အခမ်းအနား မှာ ရန်​ကုန်​တိုင်း ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက​ပြောကြားလိုက်​ပါတယ်​။     အလုပ်သမားနှင့် အလုပ်ရှင်ကြားက ဆက်ဆံရေးမှာဆိုရင်​ အချိန်​ကာလတခုမှာ အလုပ်ရှင်​တွေဘက်က အလုပ်သမား သမဂ္ဂ​တွေ ထူထောင်ပြီဆိုရင်  ပြဿနာ ရှာမှာပဲလို့ ထင်တတ်ကြတယ်​။ အခု နောက်ပိုင်းမှာ အလုပ်ရှင် တော်တော်များများက အလုပ်သမား သမဂ္ဂရှိတာက တစ်ဦးတစ်ယောက်ချင်းကို  စကားပြော ရတာထက် ခေါင်းဆောင်ကိုပဲ စကားပြောလိုက်ရင် အဆင်ပြေသွားမယ်​ဆိုတဲ့ အတွေးအခေါ် အယူအဆ ပြောင်းလဲနေတဲ့ကာလဖြစ်ပါတယ်​။ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်နိုင်ဖို့အတွက်​ကြိုးစားနေပါတယ်​။ အလုပ်ရှင်​အလုပ်သမား…

Read More

အမေရိကန် ရပ်တည်ချက်မပြောင်းရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယား သတိပေး

ဆိုးလ်၊ မေ-၁-၂၀၁၉ မျိုးဆက် (VOM) ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က ရပ်တည်ချက်အသစ်တစ်ခုကို အခုနှစ်ကုန်မှာ မပြောင်းလဲဘူးဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၃၀ ရက်မှာ သတိပေးပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားစွန့်လွှတ်ဖို့အတွက် အပြန်အလှန်အားဖြင့် အရေးယူပိတ်ဆို့မှုတွေ လျှော့ချဖို့ သဘောတူညီချက် မရရှိခဲ့ပြီးနောက် အမေရိကန်အနေနဲ့ ပိုမိုပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ အတွက် နောက်ဆုံးအချိန်ကိုအခုနှစ်ကုန်အထိ ကင်ဂျုံအန်က သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ကတော့ ကင်ဂျုံအန်ရဲ့ ဒီလို အချိန်သတ်မှတ်တာကို ပယ်ချလိုက်ပြီး ကင်ဂျုံအန်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ဖီဆန်ကာ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို နှစ်အတန်ကြာလုပ်ဆောင်ပြီးနောက် နျူကလီယားစွန့်လွှတ်ရေးသူရဲ့ ကတိက၀တ်ကိုသာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။…

Read More

M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး

ရန်ကုန် မေ ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။   “ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ…

Read More

ရွေ့လျား ​ရေသန့်​ကားနဲ့  အုတ်ဖိုမြို့နယ်မှာ ​ရေဂါလံ ၅၀၀၀ ခန့်​ ​ရေသန့်​စင်​​ပေး

အုတ်​ဖို ​မေ ၁-၂၀၁၉ မိုးယံ(ဇီးကုန်း)   ပဲခူးတိုင်း အုတ်​ဖိုမြို့နယ်​ သမန်းကုန်းအုပ်​စု အုန်းနှဲရွာမှာ အိမ်​​ခြေ ၁၀၀​ကျော်​ အသုံးပြု​နေတဲ့ ​ပေ ၁၅၀ပတ်​လည်​ ​သောက်​သုံး​ရေကန်​ကို ​ကျေးလက်​​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေးဦးစီးဌာနက ရွေ့လျား​ရေသန့်​ကားနဲ့ ​ရေသန့်​စင်​​ပေးခဲ့ပါတယ်​။     `အုန်း​တောရွာဟာ နှစ်​စဉ်​ ​နွေရာသီကာလ ​ရေကန်​အတွင်း ​ရေခမ်း​ခြောက်​ပြီး ရွှံ့နွံ​တွေနဲ့ ​ရေ​တွေကညစ်​ပတ်​ပြီး တော့ အထဲမှာ ဘက်​တီးရီးယားပိုး​တွေက အားကြီးဖြစ်​​နေတဲ့အချိန်​မှာ ဒီ​ရေသန်​ကားနဲ့လာသန့်​​ပေးတော့ ​သောက်​ဖို့အတွက်​အဆင်​​ပြေပြီး ​ရောဂါဘယတွေလည်းကင်း​ဝေးသွားတာ​ပေါ့ ဘုန်း​တော်​ကြီးကျောင်းတွေလည်း ​ရေသန့်​လှူလိုက်​ရတယ်​​ပေါ့ အဲဒီအတွက်​အများကြီး အကျိုး​ကျေးဇူးရပါတယ်​´လို့ မြစိမ်း​ရောင်​ကျေးရွာ စီမံကိန်းကြီးကြပ်​မှု​ကော်​မတီ ဥက္ကဌ ဒေါ်ခင်​မာလာနွယ်​ က ​ပြောပါတယ်​။     `ကျွန်​​တော်​တို့ ​ကျေးလက်​​ဒေသဖွံ့ဖြိုး​တိုးတက်​​ရေး ဦးစီးဌာနက ​ရွေ့လျား​ရေသန့်​ကားနဲ့ မိုး​ရေ​လှောင်​ထားပြီးရေမသန့်​ဘဲ ​ရောဂါဖြစ်​နိုင်​တဲ့ အုန်းနှဲရွာက ​ရေကန်​ကိုရေသန့်​စင်​​ပေးခဲ့ပါတယ်​ မ​နေ့က နံက်​ ၈နာရီက​နေည ၁၁နာရီအထိ တစ်​ခါနားရင်​ နာရီဝက်​ဘဲနားပါတယ်​ရေ…

Read More
VOM News

FREE
VIEW