M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ့် ဟဲလေး

ရန်ကုန် မေ ၁- ၂၀၁၉

သင်းသဒ္ဒါ(VOM)

 

စမူဆာ သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရထားတဲ့ အဆိုတော် ဟဲလေးကတော့ M POP Music Challenge မှာ ဒိုင်အဖြစ်ပါဝင်မယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ Melody World ၊ အိပ်မက်ဆုံရာတို့က ပြိုင်ပွဲတချို့မှာ ဧည့်သည်ဒိုင်အဖြစ်နဲ့ အရင်က လုပ်ခဲ့ဖူးပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။အိပ်မက်ဆုံရာ ပြိုင်ပွဲတစ်ခုမှာ Boy Band ၊ Girl Band ရွေးတဲ့အချိန်မှာ ကိုယ့်ကလည်း Boy Band တစ်ခုကလာတဲ့သူဆိုတော့ ၀င်ကူညီခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာက ပွဲရဲ့စီစဉ်သူနဲ့ ရင်းနှီးတာပါတယ်။ ဒီပြိုင်ပွဲက ပုံစံလေးတွေနည်းနည်းကွဲထွက်နေသလို၊ ဖိအားနည်းနည်း လျှော့ တယ်။ M POP Music Challenge ဆိုမယ် ၊ ကမယ်ဆိုတော့ ထူးခြားမှုလေးပါလို့ ကမ်းလှမ်းချိန်မှာ လက်ခံဖြစ် တာပါ”လို့ ဆိုပါတယ်။

 

 

သူကတော့ ရုပ်သံ Channel တစ်ခုတွင် ထုတ်လွှင့်သွားမယ့် M POP Music Challenge TV Show အဆိုပြိုင်ပွဲရဲ့ ဒိုင်အနေနဲ့ Dream 1000 Co., Ltdရဲ့ C.E.O ဦးကိုရဲ ၊ အဆိုတော် မေခလာ၊ အဆိုတော် ခေမီ ကို တို့နဲ့အတူ ပါဝင်ဆောင်ရွက်မယ်လို့ သိရပါတယ်။

 

 

သီချင်းအဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အရမ်းကို အောင်မြင်နေတဲ့ The Voice  တို့ ၊ Myanmar Idol ရှိတယ်။ ဒီပြိုင်ပွဲကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတယ်။ အောင်မြင်ပြီးသား ပြိုင်ပွဲတွေပေါ့။ ဒီပြိုင်ပွဲကတော့ ကိုယ်ပိုင် Brand တစ်ခုက စတင်ဖောက်ရသလိုတော့ ဖြစ်ပါတယ်။ အများကြီး ကြိုးစားရဦးမှာပါ။ ရည်ရွယ်ချက် ကတော့ အနယ်နယ်အရပ်ရပ်က ရွက်ပုန်းသီးတွေကို စင်တင်ပေးချင်တဲ့ ဆန္ဒပါ။ ဒီပြိုင်ပွဲလည်း အောင်မြင်လာ စေချင်ပါတယ်။ စိန်ခေါ်မှုတွေများလာတဲ့ခေတ် ရောက်နေပါပြီ”လို့ ဆိုပါတယ်။

 

 

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #ဟဲလေး

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW