စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်

မင်းကွန်း   မေ  ၁-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

 

 

ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။

 

 

သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု   ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့  မ—-ဖြစ်ရဲ့ မိခင်ဖြစ်သူနဲ့ ဒီနေ့မှာVOM သတင်းဌာနက ကိုစောပြည့်ချမ်းသာကနေ သွားရောက်တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။

 

#voiceofmyanmar  #စစ်ကိုင်း # မင်းကွန်း  #သက်ငယ်မုဒိမ်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW