စစ်တွေကမ်းခြေသန့်ရှင်းဖို့ လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး သန့်ရှင်းရေးလုပ်

စစ်တွေ၊ မေ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေမှာ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး မနေ့ ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းက ကမ်းခြေသာယာလှပရေးနဲ့ ရှုခင်းတွေကိုကောင်းမွန်စွာ ခံစားနိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။

 

 

အဲ့ဒီကမ်းခြေမှာ ရေလှိုင်းတွေအနဲ့ ရောက်ရှိလာခဲ့တဲ့ အမှိုက်တွ၊ လာရောက်အပမ်းဖြေသူတွေ စွန့်ပစ်ခဲ့ကြတဲ့ ပလက်စတစ်တွေကို ကောက်ခဲ့ကြတာဖြစ်ပြီး ကမ်းခြေတစ်လျှောက်မှာပေါက်ရောက်နေတဲ့ ကိုင်းပင်တွေ၊ ခြုံနွယ်တွေကိုလည်း ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

“အဓိကရည်ရွယ်ချက်ကတော့ ဒီနေရာဟာ အပမ်းခြေနေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လာရောက်အပမ်းဖြေသူတွေကို လေကောင်းလေသန့်ရရှိစေဖို့ရယ်။ မြင်ကွင်းပိတ်နေတာတွေ ရှင်းလင်းဖို့အတွက် အပင်တွေခြုံတွေကို ရှင်းလင်းတယ်။ ပလက်စတစ်ကောက်တာကတော့ သဘာဝပါတ်ဝန်းကျင်မထိခိုက်ဖို့အတွက် ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။”လို့ တက္ကသိုလ်များသာရေးနာရေးအသင်း (စစ်တွေ)က ကိုရှင်းသန့်ကိုကပြောပါတယ်။

 

 

မနေ့က အဲ့ဒီလှုပ်ရှားမှုမှာ ကျောင်းသားလူငယ်တွေ၊ တက္ကသိုလ်ကျေင်းသားတွေနဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေ ပါဝင်ခဲ့ကြပြီး စုစုပေါင်းအဖွဲ့အစည်းပေါင်း ၇ ဖွဲ့တို့က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

 

“ကမ်းခြေက တော်တော်လေးကို ဆိုးဝါးတဲ့သဘောမှာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပလက်စတစ်တွေက သဲသောင်ပြင်ရဲ့ သုံးပေလောက်ကိုထိ အနက်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါတွေက ပင်လယ်လှိုင်းတွေနဲ့အတူ ကမ်းကပ်လာခဲ့ကြပြီးတော့ အခုလိုတင်ကျန်နေတာဖြစ်ပါတယ်။ ဒါကိုထိန်းသိမ်းဖို့အတွက် အခုလိုမျိုးပလက်စတစ်ကောက်တာကို ပုံမှန်လုပ်ပေးဖို့လိုအပ်နေပါတယ်။”လို့ ကိုရှင်းသန့်ကိုပြောပါတယ်။

 

 

အဲ့ဒီကမ်းခြေကကောက်ယူရရှိလာခဲ့တဲ့ ပလက်စတစ်တွေကို ဖျက်ဆီးပစ်နိုင်ခြင်းမရှိဘဲ တခြားနေရာမှာ စွန့်ပစ်မှုတွေပြုလုပ်နေရတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မှာမဟုတ်ဘူးလို့ အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေကပြောပါတယ်။

 

“သဘာဝပတ်ဝန်းကျင်နဲ့ ပလက်စတစ်တွေက တော်တော်လေးကို ထိခိုက်မှုမရှိတာပေါ့။ အခုလိုအဖွဲ့တွေက ကောက်နေတာလောက်နဲ့တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မှာမဟုတ်ဘူး။ ပလက်စတစ်သုံးစွဲမှုကို လျှော့ချနိုင်မှာ ထိခိုက်မှုလည်း လျှော့နည်းလာမှာဖြစ်ပါတယ်။ လူတွေရဲ့ပလက်စတစ်သုံးစွဲမှုကို လျှော့ချဖို့လိုအပ်ပါတယ်။”လို့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့က ဒေါ်စောမြသန္တာကပြောပါတယ်။

 

အခုလိုမျိုး စစ်တွေကမ်းခြေက ပလက်စတစ်နဲ့ အမှိုက်တွေကို လူမှုအဖွဲ့အစည်းတွေ၊ NGO တွေက မကြာခဏကောက်ယူလေ့ရှိနေပေမယ့် ပင်လယ်ပြင်အတွင်းပလက်စတစ်တွေ အများအပြားစီးမျောနေတာကြောင့် ကုန်းနေရေနေသတ္တဝါတွေရဲ့ ထိခိုက်မှုကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ ဒေါ်စောမြသန္တာက ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar #စစ်တွေ #စစ်တွေကမ်းခြေသန့်ရှင်းရေး

Related posts

Leave a Comment

VOM News

FREE
VIEW