ဝက်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့ မစားသုံးသင့်သေး

ရန်ကုန် မေ ၁-၂၀၁၉

သိင်္ဂီ(VOM)

 

အာဖရိက ၀က်အပြင်းဖျားဂေါကူးရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ၀က်ထွက်ပစ္စည်းတင်သွင်းမှုကို ခုချိန်ထိကန့်သတ်ထားဆဲဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့လည်း မစားသုံးမိစေဖို့လိုအပ်တယ်လို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

ခုထိတော့ တင်သွင်းခွင့်တွေပိတ်ထားဆဲဖြစ်တယ်။ရောဂါဖြစ်တဲ့နိုင်ငံတွေ clear မဖြစ်သေးသရွေ့ တင်သွင်းခွင့်တွေ ခွင့်မပြုသေးပါဘူး ။နောက်ပြီး ဒီလိုရောဂါဖြစ်တယ်ဆိုကတည်းက တင်သွင်းခွင့်တွေ ပိတ်ဖို့ ပြောထားတယ်။ လိုင်စင်လည်းချထားပေးတာမရှိဘူး ။အဓိက ကိုယ့်နိုင်ငံကို ရောဂါမကူးစက်အောင်ကာကွယ်တာဖြစ်တယ်။တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိဖို့လည်း လုပ်နေတယ်လို့ဆိုပါတယ်။

 

ရောဂါဖြစ်ပွားမှုအခြေနေ ကင်းရှင်းကြောင်း တရားဝင် အကြောင်းကြား ညှိနိုင်း ပြီးမှသာ ဝက်နှင့်ဝက်ထွက်ပစ္စည်း တွေ မြန်မာနိုင်ငံတွင်း တင်သွင်းခွင့်ကို ပြန်လည်ခွင့်ပြုမယ်လို့သိရပါတယ်။

 

ဒီလိုကန့်သတ်တာဟာ မြန်မာနိုင်ငံကို ၎င်းရောဂါများ ကူးစက်ဝင်ရောက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။ ကန့်သတ်ထားတာကတော့  ပြီးခဲ့တဲ့ မတ်လကတည်းက ဖြစ်ပါတယ်။

တင်သွင်းခွင့် ကန့်သတ်ထားတာတွေက ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဝက်သား ၊အေးခဲအသား၊ဝက်ပေါင်ခြောက်၊ဝက်အူချောင်းနဲ့ တခြားဝက်ထွက်ပစ္စည်းတွေ ပဲဖြစ်ပါတယ်။အဲ့ဒါ တွေကို  နယ်စပ်ပေါက် လေဆိပ်၊ရေဆိပ် တွေကနေ တင်သွင်းခြင်း၊သယ်ယူခြင်း၊ရောင်းချခြင်း လည်းမပြုလုပ်ဖို့  တားမြစ်ထားပါတယ်။

 

ကန့်သတ်ထားတဲ့ နိုင်ငံတွေကနေ တရားမဝင်သယ်ယူလာတဲ့ပစ္စည်းတွေ ဖမ်းဆီးရမိတိုင်း မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်။

 

#voiceofmyanmar #ဝက်   #ဝက်နဲ့ ဝက်ထွက်ပစ္စည်း

Related posts

Leave a Comment

VOM News

FREE
VIEW