တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  လေယာဉ် မတော်တဆမှု ဖြစ်ပွား

မန္တလေး မေ ၁၂-၂၀၁၉

ကို ထွန်း ( VOM)

 

မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယနေ့(မေ ၁၂) မနက် ၉ နာရီ ၅မိနစ်က Myanmar National Airlines  လေယာဉ်တစ်စီးဟာ မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

 

ရန်​ကုန်​​လေဆိပ်​မှ မန္တ​လေးသို့ထွက်​ခွာလာတဲ့ .UB103 XY.AGQ E.190 လေယာဉ်ဖြစ်ပါတယ်။

 

” တံတားဦးလေဆိပ်အဆင်းမှာ  landing gear ချို့ ယွင်းမှုဖြစ်တယ်​ ဆီတွေ​ဖောက်​ထုတ်​နိုင်​ခဲ့ပြီးတော့ ဆင်းခဲ့တာမို့ အန္တရယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့  လေဆိပ်တာဝန်​ရှိသူတစ်​ဦးက​ပြောပါတယ်။

 

 

အဲဒီ မတော်တဆမှု ဖြစ်ပွားတဲ့ လေယာဉ်ပေါ်မှာ  ခရီးသည် ၈၂ ဦး နဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့သိရပါတယ်။

 

 

လေယာဉ်ဟာ ရှေ့ဘီးချမရပဲ ဝမ်းဗိုက်နဲ့  ပွတ်ဆင်းခဲ့ရတာကြောင့် အောက်ပိုင်းတချို့ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

 

#voiceofmyanmar #တံတားဦးလေဆိပ်  #မန္တလေး #လေယာဉ်မတော်တဆမှု

 

11:38

 

 

Related posts

Leave a Comment

VOM News

FREE
VIEW