တောင်​တက်​အဖွဲ့ဝင်​ မစိမ့်​ထက်​​သေဆုံးမှု တာဝန်​ရှိသူအား တရားစွဲရန်​​စောင့်​ကြည့်​​နေ

ရန်​ကုန်​ ၊ ​မေ ၁၂ – ၂၀၁၉ သူရိန်   ဖန်​ဂရန်​ရာဇီ​ ရေခဲ​တောင်​ခရီးစဉ်မှာ ​တောင်​တက်​အဖွဲ့ဝင်​ မစိမ့်​ထက်​ ​သေဆုံးမှုနဲ့ပက်​သက်​ပြီး တာဝန်​ရှိသူကို တရားစွဲဆိုဖို့်​အတွက်​ အ​ခြေအ​နေ​ စောင့်​ကြည့်​​နေတယ်​လို့ ဖခင်​ဖြစ်​သူ ဦး​မောင်​​မောင်​​လေးက ​ပြောပါတယ်​။   ဖန်​ဂရမ်​ရာဇီ​ ရေခဲ​တောင်​ခရီးစဉ်​မှာ The Summiter အဖွဲ့ဝင်​​တွေက ဧပြီ ၁၂ ရက်​က ​တောင်​ထိပ်​ကို တက်​​ရောက်​နိုင်​ခဲ့ပြီး ပြန်​အဆင်းမှာ အဖွဲ့ဝင်​တစ်​ဦးဖြစ်​တဲ့ မစိမ့်​ထက်​ က ​ခြေ​ချော်​ပြီး အသက်​ဆုံးရှံးခဲ့ရတဲ့အတွက်​ ကယ်​ဆယ်​​ရေး ​ကော်​မတီဖွဲ့စည်းပြီး ကယ်​ဆယ်​​ရေး​လုပ်​ငန်း ဆောင်​ရွက်​ခဲ့တဲ့အ​ကြောင်းနဲ့ ပတ်သက်​ပြီး ဒီ​နေ့ ​နေလည်​ ၁ နာရီက ရန်​ကုန်​မြို့ ၊ စင်​ထရယ်​ဟိုတယ်​မှာ ပြုလုပ်​ခဲ့တဲ့ သတင်းစာရှင်းလင်း​ပွဲမှာ​ ပြောကြားခဲ့တာပါ။   “တရားစွဲဖို့ထက်​ ​ဒေါက်​တာ​နေစိုး​အောင်​ကလည်း သူ​ပြောထားတယ်​။ သူတို့သွားခါနီးမှာ ဌာနဆိုင်​ရာ​တွေကို အသိ​ပေးသင့်​တာ​တွေ မ​ပေးသွားဘူးလို့…

Read More

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီကို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေဆီ သွားရောက်လေ့လာဖို့ တိုက်တွန်း

စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   လက်ရှိရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေက လူမှုအဖွဲ့အစည်း တွေနဲ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး အကြံပြုချက်တွေကို ရယူခဲ့ကြပါတယ်။   အဲ့ဒီတွေ့ဆုံပွဲမှာ ကော်မတီအနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေသလို အစိုးရကို အကြံပြုနိုင်ရေးအတွက် အချက်အလက်တွေကို ရယူတဲ့အခါမှာ တည်ငြိမ်အေးချမ်းနေတဲ့ စစ်တွေမြို့လိုနေရာက ရယူတာမျိုးမဟုတ်ဘဲ တကယ့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်တို့လို နေရာတွေကို သွားရောက်ပြီး ဒေသခံတွေရဲ့  ပြောဆိုတင်ပြချက်တွေကို နားထောင်ဖို့ လိုအပ်တယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုမိုးဇော်မြင့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။   ဒါ့အပြင် ရခိုင်ပြနယ်ရဲ့…

Read More

မလေးရှားသွားဖို့ ငါးရက်အငတ်ခံပြီး ပုန်းနေရတဲ့ မြန်မာလုပ်သား ၂၇ ဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ မေ-၁၂-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားကိုသွားဖို့အတွက် ဟက်ရိုင်ဂေါက်ကွင်းအနီးမှာ ရေကလွဲပြီး ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ တရားမ၀င် မြန်မာလုပ်သား ၂၇ ဦးကို လူကုန်းကူးသူတဦးနဲ့အတူ မေ ၁၁ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။   ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်စပ်ကင်းလှည့်အဖွဲ့၊  လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ စစ်သားတွေဟာ လူကုန်ကူးအဖွဲ့က ဂိုဏ်းသားတစ်ဦးကို ဖမ်းဆီးခဲ့ရာကနေ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။   ရဲတွေဖမ်းဆီးထားတဲ့ လူကုန်ကူးသူဟာ ငါးရက်ကြာ အစာမစားရဘဲ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သားတွေကို တောထဲကနေ ထွက်လာဖို့ အချက်ပြပြီး ခေါ်တာကြောင့် မြန်မာလုပ်သားက ထွက်လာကြရာမှာ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   မြန်မာလုပ်သားအားလုံးဟာ အမျိုးသားတွေချည်းဖြစ်ကြပြီး ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့အတွက် ရန်ကုန်ကနေ လာခဲ့ကြတာလို့ ပြောပါတယ်။ သူတို့ကို လူကုန်ကူးဂိုဏ်းက…

Read More

စစ်ဘေးရှောင်တွေကို အလှူငွေတွေ ပေးအပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့လို

စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့နိုင်ရေး အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။   အဲ့ဒီငွေကြေးထောက်ပံ့ပေးမှု အခမ်းအနားမှာ သက်ဆိုင်ရာမြို့နယ်တွေက လူမှုအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ပေးအပ်တဲ့အခါမှာ ကျောက်တော်မြို့နယ်က ငွေလက်ခံဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။   “ကျွန်တော်တို့က ဆွေးနွေးပွဲရှိတယ်လို့ မြို့နယ်ကဖိတ်တဲ့အတွက် အစည်းအဝေးလာတက်တာပါ။ ငွေကြေးလက်ခံဖို့ လာတာမဟုတ်ဘူး။ ဒီလိုမျိုး ဒုက္ခသည်တွေ ရိက္ခထောက်ပံ့နိုင်ရေးအတွက် ငွေလှူတဲ့အပေါ်မှာတော့ ကျေးဇူးတင်ပါတယ်။ ပထမအကြိမ်လှူတုန်းကလည်း လက်ခံပေးလိုက်တယ်။ အဲ့ဒီငွေတွေကို ဘယ်နေရာကို ဘယ်လောက်ပေးသလဲ။ ဘယ်စခန်းတွေကိုပေးသလဲ။ ဆိုတာကိုကျွန်တော်တို့ မသိလိုက်ရဘူး။ ကျွန်တော်တို့ အခုလိုလက်ခံပြီးပြန်သွားတော့ မေးကြမှာပဲ။ ဒါတွေကိုကျွန်တော်တို့က ဖြေကြားဖို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့်လက်မခံတာပါ။”လို့ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဌ…

Read More

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းမြင့်လာဖို့  မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေ အခမဲ့တက်ခွင့်ပြု

တိုကျို၊ မေ-၁၂-၂၀၁၉ မျိုးဆက် (VOM)     ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့  ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကလေးငယ်အားလုံးကို မူကြိုကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေမှာ အခမဲ့ တက်ရောက်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ဂျပန်နိုင်ငံမှာ  ပြဌာန်းလိုက်ပါတယ်။   အဲဒီ မဟာဗျူဟာအရ ကလေးငယ်တွေကို  ကျွေးမွေးပြုစုရတဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့ ရည်ရွယ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်းက ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းခဲ့တာကို မြင့်တက်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်ထားပါတယ်။     ပြဌာန်းလိုက်တဲ့ ဥပဒေအရ အသက် ၃ နှစ်မှ ၅ နှစ်အကြား ကလေးငယ်တွေအားလုံးအတွက် မူကြိုကျောင်းကုန်ကျစရိတ်တွေကို ပေးဆောင်ဖို့ မလိုတော့ပါဘူး။ ဒါ့အပြင် ၀င်ငွေနည်းမိသားစုတွေအတွက် အသက်နှစ်နှစ်အောက်ကလေးငယ်တွေကို နေ့ကလေးထိန်းကျောင်း အခမဲ့တက်ရောက်ခွင့်လည်း ရရှိမည်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို အောက်တိုဘာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။…

Read More

လျှပ်စစ်မီးပျက်နေ့တာ ၃လရှိပြီဖြစ်တဲ့ အထက်ပေါင်းလောင်းဒေသ

နေပြည်တော် ၊မေ ၁၂-၂၀၁၉ ဒီပ(နေပြည်တော်)     ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်းဒေသမှာ လျှပ်စစ်မီးပျက်နေတာ ဒီနေ့ဆို ၃လ တင်းတင်းပြည့်ပြီဖြစ်ပါတယ်။  ဒီလိုဖြစ်နေတာကြောင့် လျှပ်စစ်မီးရရှိရေး ကြိုးစားဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ပြောကြားခဲ့ပါတယ်။   “အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကနေ ၃၃kvဓာတ်အားလိုင်းနဲ့ မီးပေးရတဲ့ရွာတွေပေါ့ နေပြည်တော်ကနေ ရှမ်းပြည်ဧရိယာထဲ တောတောင်တွေထဲကနေ ထရမ်စဖော်မာတွေကတဆင့် မီးပေးရတယ် ရာသီဥတုဖောက်ပြန်ပြီး မြေပြို သစ်ပင်လဲနဲ့ အဲ့ဒီဓာတ်အားလိုင်း ချို့ယွင်းပျက်စီးသွားတယ် အဲ့ဒါကို ကျွန်တော်တို့လည်း ပင်လောင်းမြို့ကတဆင့် တောတောင်ထဲကနေတဆင့် ၁၁kvလိုင်းနဲ့ မိုင်(၃၀)ကျော်ကို ဆက်သွယ်နေတာ သိပ်မကျန်တော့ပါဘူး ခက်ခဲတဲ့နေရာလေး ရှိနေသေးတယ် ကြိုးစားပြီးဆောင်ရွက်နေပါတယ်”လို့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ ပေါင်းလောင်းမြို့သစ်ဟာ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအပြီး ၂၀၁၂ခုနှစ်ကနေစပြီး အိမ်ခြေ(၂၅၀၀)ကျော်နဲ့ ကျေးရွာပေါင်း(၂၃)ရွာတို့ကို ရေလွတ်ရာကုန်းမြင့်များဆီ ရွှေ့ပြောင်းတည်ဆောက်ထားပြီး  အစိုးရက…

Read More

အစ္စလာမ်ဘာသာကိုတဖက်သတ်မုန်းတီးနေသူလား ၊ စစ်တပ်လော်ဘီလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး နောက်ဆုံးပိုင်း

  မေလဆန်းပိုင်းက ထိုင်းကိုကြွတုန်း တရားပွဲပိတ်ခံရတယ်ဆိုတဲ့ အကြောင်း၊ မြန်မာနောင်းအယ်ဒီတာ ကိုဆွေကို တရားစွဲထားတဲ့အမှု ဘာ့ကြောင့်ရုံးတော်ကိုလာပြီး မထွက်ဆိုသေးလဲ ဆိုတာအပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးဝီရသူ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့  နောက်ဆုံးပိုင်းကို တင်ပြပေးလိုက်ပါတယ်။     #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ  

Read More

အမျိုးသားရေးဝါဒီဟာ စစ်တပ်လော်ဘီ ဖြစ်သွားတာလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး အပိုင်း(၂)

တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံဖို့ လှုံ့ဆော်ခဲ့တဲ့ အမျိုးသားရေးဝါဒီဟာ ဘာ့ကြောင့် စစ်တပ်လော်ဘီအဖြစ် ပြောင်းသွားခဲ့တာလဲ ၊ နိုင်ငံအတွက် လုပ်ခဲ့ကြတာချင်းအတူတူ ဘာ့ကြောင့် တပ်မတော်ကျေးဇူးပိုများတယ်ပြောပြီး အလွန်အကျူးတင်စားခဲ့တာလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း(၂) ကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ

Read More

ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ထောက်ပံ့သွားမယ်

စစ်တွေ၊ မေ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၇ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၃ သောင်းနီးပါးအတွက် အစိုးရက ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ရိက္ခာထောက်ပံ့မှုတွေကို ပြုလုပ်သွားဖို့ရှိနေပါတယ်။   အဲ့ဒီရိက္ခာထောက်ပံ့မှုတွေကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက လှူဒါန်းပေးသွားမှာ ဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်ကပြောကြား ခဲ့ပါတယ်။     “ကျွန်တော်တို့ကော်မတီကနေပြီးတော့ ၁၂ ရက်နေ့မှာ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ စစ်ဘေးရှောင်စုရပ် ၉၄ ခုလို့သိရပါတယ်။ လူဦးရေကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့စာရင်းအရ ၂၈၉၃၉ ဦးရှိတယ်လို့ သိရပါတယ်။ ၁၆၈၅ ဒသမ ၅၁ သိန်းကို မနက်ဖြန်မှာ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။”လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး…

Read More

တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  လေယာဉ် မတော်တဆမှု ဖြစ်ပွား

မန္တလေး မေ ၁၂-၂၀၁၉ ကို ထွန်း ( VOM)   မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယနေ့(မေ ၁၂) မနက် ၉ နာရီ ၅မိနစ်က Myanmar National Airlines  လေယာဉ်တစ်စီးဟာ မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။   ရန်​ကုန်​​လေဆိပ်​မှ မန္တ​လေးသို့ထွက်​ခွာလာတဲ့ .UB103 XY.AGQ E.190 လေယာဉ်ဖြစ်ပါတယ်။   ” တံတားဦးလေဆိပ်အဆင်းမှာ  landing gear ချို့ ယွင်းမှုဖြစ်တယ်​ ဆီတွေ​ဖောက်​ထုတ်​နိုင်​ခဲ့ပြီးတော့ ဆင်းခဲ့တာမို့ အန္တရယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့  လေဆိပ်တာဝန်​ရှိသူတစ်​ဦးက​ပြောပါတယ်။     အဲဒီ မတော်တဆမှု ဖြစ်ပွားတဲ့ လေယာဉ်ပေါ်မှာ  ခရီးသည် ၈၂ ဦး နဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့သိရပါတယ်။  …

Read More
VOM News

FREE
VIEW