သီရိလင်္ကာမှာ Facebook အပါအ၀င် လူမှုတွေရက်အသုံးပြုတာတွေ ပိတ်ပင်

ကိုလံဘို၊ မေ-၁၃-၂၀၁၉

မျိုးဆက် (VOM)

 

သီရိလင်္ကာနိုင်ငံ အီစတာပွဲတော်ကာလမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပြီး ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးနောက် Facebook နဲ့ WhatsApp အပါအ၀င် လူမှုကွန်ရက်အချို့ကို အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်တယ်လို့ မေ ၁၃ ရက်မှာ သီရိလင်္ကာ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

 

Facebook မှာစတင်ခဲ့တဲ့ အငြင်းပွားမှုတစ်ခုကြောင့် အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ခရစ်ယာန်အများစုနေထိုင်ရာ ချီလောမြို့က ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လူဒါဇင်ပေါင်းများစွာက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကကိုပြောပါတယ်။

 

တစ်နေ့နေ့မှာ မင်းတို့ငိုရလိမ့်မယ်လို့ ပြသနာစတင်ဖြစ်ပွားစေတဲ့ ပို့စ်ကို Facebook မှာရေးတင်ခဲ့သူ အသက် ၃၈ နှစ်အရွယ် အဗ္ဗဒူဟာမိမိုဟာမက် ဟတ်စ်မာကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

အဲဒီလို မှတ်ချက်ပြုရေးသားတာဟာ ခြိမ်းခြောက်အကြမ်းဖက်မှုအဖြစ် သတ်မှတ်အဓိပ္ပါယ်ကောက်ယူခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

အခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် အဲဒီဒေသမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး သတင်းအမှားတွေနဲ့ ကောလဟာလတွေကိုတားဆီးဖို့အတွက် လူမှုကွန်ရက် တွေကိုယာယီပိတ်ပင်လိုက်တာဖြစ်ပါတယ်။ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် လူမှုကွန်ရက်တွေကို ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ သီရိလင်္ကာပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် က မေ ၁၃ ရက်မှာပြောပါတယ်။

 

သီရိလင်္ကာရဲ့ အကြီးဆုံးဆက်သွယ်ရေးအော်ပရေတာ Dialog ကတော့ Facebook အပြင် Viber, IMO, Snapchat, Instagram နဲ့ Youtube တို့ကို နောက်ထပ်ညွှန်ကြားချက်မရမချင်း ပိတ်ပင်ထားဖို့ ညွှန်ကြားချက်ရရှိထားတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

 

Ref : CNA

Photo: Pixabay

Related posts

Leave a Comment

VOM News

FREE
VIEW