မုံရွာမြို့ အလုံတိုက်နယ်တွင် အပူရှောင်စခန်းဖွင့်လှစ်

မုံရွာ၊ မေ ၁၃၊ ၂၀၁၉ ရန်နိုင်စိုး   ရာသီဥတု ပူပြင်းတဲ့အတွက် မုံရွာမြို့ အလုံတိုက်နယ်အတွင်းမှာရှိတဲ့ ခံတောရပ်ကွက် ရတနာပုံကျောင်းတိုက်မှာ နွေရာသီအပူရှောင်စခန်းကို မေလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာတော့ အနီးနားဝန်းကျင်က ဒေသခံများ လာရောက်ခိုလှုံကြရာ အများစုကတော့ သက်ကြီးရွယ်အိုများဖြစ်ကြပါတယ်။   ” ကျနော်တို့အနေနဲ့ ဒီစခန်းဖွင့်လှစ်ဖို့ အရင်ဆုံး ဒီကျောင်ထိုင်ဆရာတော်နဲ့ တိုင်ပင်ကြည့်တယ်။ ဆရာတော်ကလဲ ခွင့်ပြုတော့ စလုပ်ဖြစ်တာ။ စခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတွေအနေနဲ့ အခုအပူချိန်ကို တော်တော်ရင်ဆိုင်နေရတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ၊ မကျန်းမာတဲ့လူတွေနဲ့ ကလေးသူငယ်တွေက ပိုဆိုးတယ်။ အဲ့တော့ အားလုံးကို အပူဒဏ်ခံနိုင်ရည်ရှိအောင် အခုလိုစီစဉ်ရတာပါ ” လို့ အလုံတိုက်နယ် ခံတောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခိုင်ဆွေမြတ်က ပြောပါတယ်။   အပူရှောင်စခန်းကို အဆိုပါကျောင်းတိုက်အတွင်းက ဓမ္မာရုံမှဖွင့်လှစ်ထားရှိပြီး လျှပ်စစ်မီးမလာတဲ့…

Read More

၂၀၁၈မှာ အရက်ကြောင့်သေဆုံးခဲ့သူ ၆၀၀၀ နီးပါးရှိခဲ့

ရန်ကုန် ၊ မေ ၁၃ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အရက်ကြောင့် သေဆုံးခဲ့သူပေါင်း ၆၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယတစ်နှစ်တာ ကာလ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။   “အရက်က ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၈ ထိဆိုရင် အရက်ကြောင့် ဖြစ်တဲ့ရောဂါ၊ ပြဿနာတွေက ၂ ဆခွဲလောက်ထိ ဖြစ်လာတယ်။ အရက်သောက်ပြီး ကားမောင်း မတော်တဆမှုဖြစ်၊ ပိုက်ဆံတွေကုန် ၊ လူထိခိုက် ၊ ပိုက်ဆံတွေမကုန်သင့်ပဲ ကုန်တာဖြစ်တယ်၊ ဒီလိုတွေမဖြစ်ဘူးဆိုရင် ပိုက်ဆံတွေလည်း ပိုထွက်မယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ခုတော့ အရက်ကိစ္စက စိတ်မကောင်းစရာပါ။ တိုင်းပြည်ရဲ့ပြဿနာလည်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။   မြန်မာနိုင်ငံမှာ …

Read More

အမျိုးသားစာပေဆုရ “ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်

ရန်ကုန် မေ ၁၃- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး၊ အမျိုးသားစာပေဆုရ စာရေးဆရာတင်ညွှန့်ရဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်လို့ သိရပါတယ်။   ” ပထမတော့ ဒီဝတ္ထုဇာတ်ကားအဖြစ် ဖန်တီးဖို့ကို လက်ခံခဲ့ကြဘူး။ ဆင်ဆာတွေကလည်း ရှိနေတယ်။ ကျွန်တော့်အနေနဲ့ တော်တော်လေးရှင်းပြခဲ့ရတယ်။ ဒီဝတ္ထုက စာရေးဆရာတင်ညွှန့်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”က  မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး အမျိုးသားစာပေဆုရထားတာပါ။  ခုခေတ်မှာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပြီလေ။ ကျောင်းဆရာတစ်ယောက် Life ပါသလို မဆလခေတ် အခြေခံထားတယ်”လို့ ဒါရိုက်တာ ကိုပေါက်ကဆိုပါတယ်။   ဒီရုပ်ရှင်ကို Bo Bo Film ထုတ်လုပ်ရေးကနေ ဖြစ်ရပ်မှန်ရုပ်ရှင်ကားအဖြစ် “ဇာတ်လိုက်” နာမည်နဲ့ ရိုက်ကူးမှာဖြစ်ပြီး၊ သရုပ်ဆောင် မြင့်မြတ် ၊ထူးအောင် ၊အောင်ရေချမ်း ၊ကောင်းမြတ်စံ ၊လင်းအောင်ခေတ်…

Read More

သီရိလင်္ကာမှာ Facebook အပါအ၀င် လူမှုတွေရက်အသုံးပြုတာတွေ ပိတ်ပင်

ကိုလံဘို၊ မေ-၁၃-၂၀၁၉ မျိုးဆက် (VOM)   သီရိလင်္ကာနိုင်ငံ အီစတာပွဲတော်ကာလမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပြီး ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးနောက် Facebook နဲ့ WhatsApp အပါအ၀င် လူမှုကွန်ရက်အချို့ကို အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်တယ်လို့ မေ ၁၃ ရက်မှာ သီရိလင်္ကာ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။   Facebook မှာစတင်ခဲ့တဲ့ အငြင်းပွားမှုတစ်ခုကြောင့် အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ခရစ်ယာန်အများစုနေထိုင်ရာ ချီလောမြို့က ဗလီတွေနဲ့ မွတ်ဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လူဒါဇင်ပေါင်းများစွာက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကကိုပြောပါတယ်။   တစ်နေ့နေ့မှာ မင်းတို့ငိုရလိမ့်မယ်လို့ ပြသနာစတင်ဖြစ်ပွားစေတဲ့ ပို့စ်ကို Facebook မှာရေးတင်ခဲ့သူ အသက် ၃၈ နှစ်အရွယ် အဗ္ဗဒူဟာမိမိုဟာမက် ဟတ်စ်မာကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   အဲဒီလို မှတ်ချက်ပြုရေးသားတာဟာ ခြိမ်းခြောက်အကြမ်းဖက်မှုအဖြစ်…

Read More

ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားခွင့်မရ

စစ်တွေ၊ မေ ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM)   လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့စီစဉ်ထားပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။   သူတို့အဖွဲ့ဟာ မေလ ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးခစန်းတွေကို သွားရောက်လေ့လာဖို့အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နှစ်ရက်အကြာရောက်ရှိနေတာဖြစ်ပါတယ်။     “အထူးသဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ AA နဲ့ တပ်မတော်တို့တိုက်ပွဲအကြားမှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဆီကို သွားဖို့အတွက် အထူးပဲစိတ်ဝင်စားပါတယ်။ ဒါပေမယ့် သွားဖို့အတွက်လည်း သွားလာခွင့်ကို တင်ပြခဲ့တယ်။ ခွင့်ပြုချက်မရခဲ့ဘူး။ လုံခြုံရေးအခြေအနေအရသွားခွင့်မပြုဘူးလို့ပြောပါတယ်။ ဒါကြောင့် ခွင့်ပြုချက်ရတဲ့နေရာတွေကိုပဲ သွားခဲ့တာပါ။”လို့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းက အပြန်မှာ သတင်းထောက်တွေကို မစ္စအာရ်ဆူလာမြူလာကပြောကြားခဲ့ပါတယ်။   ခရီးစဉ်မှာပါရှိတဲ့…

Read More

ဒေါ်နယ်ထရန့်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်သူ ထောင်နှစ် ၁၄၀ ကျခံရဖွယ်ရှိ

ဝါရှင်တန်၊ မေ-၁၃-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ခြိမ်းခြောက်ပြီး အခြားသူတွေဆီကိုလည်း ဗုံးခြိမ်းခြောက်တာတွေနဲ့ သံသယဖြစ်ဖွယ် အဖြူရောင်အမှုန့်ပါတဲ့ စာအိတ်တွေ ပေးပို့ခဲ့သူ အမျိုးသားတစ်ဦးကို စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။   အသက် ၅၁ နှစ်အရွယ် ဂရေးဂရာဗီလီကို အဖြူရောင်အမှုန့်တွေပါတဲ့ စာအိပ်တစ်ခုမှာ သင်သေလိမ့်မယ်လို့ လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ကိုပေးပို့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလမှယ သမ္မတ ဒေါ်နယ်ထရန့်ကို ခြိမ်းခြောက်ခဲ့တာကြောင့် တရားရုံး ၁၆ ခုမှာ စွဲချက်တင်ထားတာဖြစ်ပါတယ်။   သူဟာ ဘုရားကျောင်းတစ်ခု၊ ဗလီတစ်ခုနဲ့ အဖွဲ့အစည်းတစ်ခုဆီကိုလည်း အလားတူစာအိတ်တွေ ပေးပို့ခဲ့တယ်လို့ တရားရုံးကစာရွက်စာတမ်းတွေအရသိရပါတယ်။ ဒါပေမယ့် စာအိပ်မှာပါတဲ့ အဖြူရောင်အမှုန့်တွေဟာ အန္တရာယ်တော့ မရှိဘူးလို့ ဆိုပါတယ်။   စွဲချက်တင်ခံထားရတဲ့ ဂရာဗီလီဟာ အစိုးရအဆောက်အဦတွေ၊ စိတ်ကျန်းမာရေး ဆေးရုံတစ်ရုံအပါအ၀င် ဗားမောင့်၊ ၀ါရှင်တန်နဲ့ အခြားနေရာ အတော်များများမှာ…

Read More

ကျောင်းသားထု ဆန္ဒမပါသော အဝေးသင်စနှစ် အလိုမရှိကြောင်း ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

မန္တလေး၊ မေ ၁၃-၂၀၁၉ ဟိန်းကို(VOM)   ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗ.က.သ များ အဖွဲ့ချုပ်က ဦးဆောင်ပြီး အသစ်ပြင်ဆင်ပြောင်းလဲလိုက်တဲ့ အဝေးသင် ပညာရေးစနှစ်သစ်ဟာ ကျောင်းသားထုဆန္ဒမပါပဲ ပြုလုပ်တာကြောင့် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးနီကမ်ပိန်းကို ဒီကနေ နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။   #voiceofmyanmar#မန္တလေး#ဖဲကြိုးနီကမ်ပိန်း#

Read More

ကလေးငယ် ခိုးယူသူကို ရွာသားများက ဖမ်းဆီး

ဖားကန့်၊ မေ-၁၂- ၂၀၁၉ ဇော်မိုးထက်   ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံရွာ မှာ ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူဖို့ ကြံစည်ခဲ့သူက ရွာခံတွေက ဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့တယ်လို သိရပါတယ်။   ကောင်စံရွာမှာ နေထိုင်တဲ့ ၄ နှစ်အရွယ် မိန်းကလေးကို လူတယောက်က ဆိုင်ကယ်ပေါ်တင်ပြီး ခိုးယူထွက်ပြေးဖို့ ပြင်ဆင်နေချိန် ကလေးငယ်ရဲ့အဖွားဖြစ်သူက လှမ်းမြင်ပြီး ရပ်ကွက်ကို အော်ဟစ်အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။   အနီးဝန်းကျင်က လိုက်လံဖမ်းဆီးတာကြောင့် ကလေးငယ်ကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ ရေမဆေးကျောက်ရှာသူ ကျော်လွင်(၄၉)နှစ် ကို ဖမ်းမိခဲ့ပြီး ရဲနဲ့သက်ဆိုင်ရာလက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။   ကလေးခိုးသူ ကျော်လွင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၆၃ ၊ အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ လက်အောက်မှ ခိုးယူခြင်း…

Read More

မင်းတုန်းမြို့နယ်မှာလေပြင်းတိုက် မိုးကြိုးပစ် တဦးသေ

မင်းတုန်း မေ၁၃ ၂၀၁၉ ဂျန်ကိုးလ်   မကွေးတိုင်း သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကြို့ဝ ကျေးရွာမှာ မေလ၁၂ရက်နေ့ ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်လို့ အသက်၄၅နှစ် အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြောက်ပြင်ရဲကင်းစခန်းက ပြောပါတယ်။   “နွားကျောင်းနေတုန်း ရေသွင်းမြေပဲစိုက်တဲ့ ကန်ဇင်းခုံမှာ မှောက်ရက်လဲကျသွားတာ တွေ့လိုက်ရတယ်လို့ ကိုက်၂၀၀ အကွာလောက်က မြင်လိုက်တဲ့ နွားကျောင်းဖေါ်တွေက ပြောတယ်”လို့ ကြို့ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောပြပါတယ်။   မိုးကြိုးထိမှန်မှု့ကြောင့် ရင်ဘတ်စုတ်ပြဲ ဆံပင်မီးလောင်ပြီး ဦးခေါင်းပိုင်းမည်းသွားတယ်လို့ မျက်မြင်တွေ့ရတဲ့ ကျေးရွာသားတွေက ပြောပါတယ်။ သေဆုံးသူဟာ ကြို့ဝကျေးရွာနေ ဦးသန်းထွန်း အသက်၄၅နှစ် လို့သိရပါတယ်။   လေပြင်းတိုက်ခတ်မှု့ကြောင့် ပဲမြောက် ကျေးရွာ၊ စွန်သိုက်ကျေးရွာ၊ ရွာပုလဲကျေးရွာ ဒေါင်းသမားကြီးကျေးရွာတို့က အိမ်တချို့ အမိုးတွေလန်ပြီး လေနောက်ပါသွားပေမယ့် လူနဲ့တိရစ္ဆာန် အထိအခိုက်မရှိဘူးလို့…

Read More
VOM News

FREE
VIEW