အမျိုးသားစာပေဆုရ “ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်

ရန်ကုန် မေ ၁၃- ၂၀၁၉

သင်းသဒ္ဒါ

 

မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး၊ အမျိုးသားစာပေဆုရ စာရေးဆရာတင်ညွှန့်ရဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ၀တ္တုကို ရုပ်ရှင်ရိုက်မယ်လို့ သိရပါတယ်။

 

” ပထမတော့ ဒီဝတ္ထုဇာတ်ကားအဖြစ် ဖန်တီးဖို့ကို လက်ခံခဲ့ကြဘူး။ ဆင်ဆာတွေကလည်း ရှိနေတယ်။ ကျွန်တော့်အနေနဲ့ တော်တော်လေးရှင်းပြခဲ့ရတယ်။ ဒီဝတ္ထုက စာရေးဆရာတင်ညွှန့်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်”က  မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး အမျိုးသားစာပေဆုရထားတာပါ။  ခုခေတ်မှာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပြီလေ။ ကျောင်းဆရာတစ်ယောက် Life ပါသလို မဆလခေတ် အခြေခံထားတယ်”လို့ ဒါရိုက်တာ ကိုပေါက်ကဆိုပါတယ်။

 

ဒီရုပ်ရှင်ကို Bo Bo Film ထုတ်လုပ်ရေးကနေ ဖြစ်ရပ်မှန်ရုပ်ရှင်ကားအဖြစ် “ဇာတ်လိုက်” နာမည်နဲ့ ရိုက်ကူးမှာဖြစ်ပြီး၊ သရုပ်ဆောင် မြင့်မြတ် ၊ထူးအောင် ၊အောင်ရေချမ်း ၊ကောင်းမြတ်စံ ၊လင်းအောင်ခေတ် ၊အိန္ဒြာကျော်ဇင် ၊ခိုင်သင်း ကြည် ၊မေမြင့်မိုရ် စတဲ့သူတွေနဲ့  ဖန်တီးပုံဖော်မှာဖြစ်ပါတယ်။

 

“ဇာတ်လိုက်” ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့ ဒါရိုက်တာ ကိုပေါက်က ”ဒီဝတ္ထု (ရိုးမပေါ်ကကျတဲ့ မျက်ရည်) ဆိုတဲ့နာမည်က နူးညံ့ပါတယ်။ ရုပ်ရှင်အဖြစ်ဖန်တီးချိန်မှာ အတိတ်နိမိတ်အနေနဲ့ ပြန်ယူပါတယ်။ မျက်ရည်ဆိုတာ သဘောမကျဘူး။ လာဘ်ရှိစေချင်တယ်။ တကယ်တော့ ဇာတ်လိုက်ဆိုတဲ့ နာမည်နဲ့ ဝတ္ထုက တကယ်လည်း လိုက်ဖက်ပါတယ်။ ခေတ်စနစ်တစ်ခုကို ပေါ်လွင်တဲ့ရသပုံစံပါ။ ဒါကို ရွာတစ်ခုခုမှာ သွားရောက်ရိုက် ကူးသွားမှာပါ” လို့ဆိုပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW