ကလေးငယ် ခိုးယူသူကို ရွာသားများက ဖမ်းဆီး

ဖားကန့်၊ မေ-၁၂- ၂၀၁၉

ဇော်မိုးထက်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံရွာ မှာ ၄ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူဖို့ ကြံစည်ခဲ့သူက ရွာခံတွေက ဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့တယ်လို သိရပါတယ်။

 

ကောင်စံရွာမှာ နေထိုင်တဲ့ ၄ နှစ်အရွယ် မိန်းကလေးကို လူတယောက်က ဆိုင်ကယ်ပေါ်တင်ပြီး ခိုးယူထွက်ပြေးဖို့ ပြင်ဆင်နေချိန် ကလေးငယ်ရဲ့အဖွားဖြစ်သူက လှမ်းမြင်ပြီး ရပ်ကွက်ကို အော်ဟစ်အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

အနီးဝန်းကျင်က လိုက်လံဖမ်းဆီးတာကြောင့် ကလေးငယ်ကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ ရေမဆေးကျောက်ရှာသူ ကျော်လွင်(၄၉)နှစ် ကို ဖမ်းမိခဲ့ပြီး ရဲနဲ့သက်ဆိုင်ရာလက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။

 

ကလေးခိုးသူ ကျော်လွင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၆၃ ၊ အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ လက်အောက်မှ ခိုးယူခြင်း ပုဒ်မ အရ အမှုဖွင့်အရေးယူ၊ စစ်ဆေးနေတယ်လို့ ဖားကန့်ရဲစခန်းက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW