ဒေါ်နယ်ထရန့်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်သူ ထောင်နှစ် ၁၄၀ ကျခံရဖွယ်ရှိ

ဝါရှင်တန်၊ မေ-၁၃-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ခြိမ်းခြောက်ပြီး အခြားသူတွေဆီကိုလည်း ဗုံးခြိမ်းခြောက်တာတွေနဲ့ သံသယဖြစ်ဖွယ် အဖြူရောင်အမှုန့်ပါတဲ့ စာအိတ်တွေ ပေးပို့ခဲ့သူ အမျိုးသားတစ်ဦးကို စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

 

အသက် ၅၁ နှစ်အရွယ် ဂရေးဂရာဗီလီကို အဖြူရောင်အမှုန့်တွေပါတဲ့ စာအိပ်တစ်ခုမှာ သင်သေလိမ့်မယ်လို့ လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ကိုပေးပို့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလမှယ သမ္မတ ဒေါ်နယ်ထရန့်ကို ခြိမ်းခြောက်ခဲ့တာကြောင့် တရားရုံး ၁၆ ခုမှာ စွဲချက်တင်ထားတာဖြစ်ပါတယ်။

 

သူဟာ ဘုရားကျောင်းတစ်ခု၊ ဗလီတစ်ခုနဲ့ အဖွဲ့အစည်းတစ်ခုဆီကိုလည်း အလားတူစာအိတ်တွေ ပေးပို့ခဲ့တယ်လို့ တရားရုံးကစာရွက်စာတမ်းတွေအရသိရပါတယ်။ ဒါပေမယ့် စာအိပ်မှာပါတဲ့ အဖြူရောင်အမှုန့်တွေဟာ အန္တရာယ်တော့ မရှိဘူးလို့ ဆိုပါတယ်။

 

စွဲချက်တင်ခံထားရတဲ့ ဂရာဗီလီဟာ အစိုးရအဆောက်အဦတွေ၊ စိတ်ကျန်းမာရေး ဆေးရုံတစ်ရုံအပါအ၀င် ဗားမောင့်၊ ၀ါရှင်တန်နဲ့ အခြားနေရာ အတော်များများမှာ အီးမေးတွေပို့၊ ဖုန်းတွေဆက်ပြီးတော့ ဗုံးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

တကယ်လို့ သူကျူးလွန်ခဲ့တာတွေဟာ ပြစ်မှုထင်ရှားကြောင်း တရားရုံး ၁၆ ခုကနေ ပြစ်ဒါဏ်စီရင်ခဲ့မယ်ဆိုရင်တော့ ထောင်ဒါဏ် နှစ်ပေါင်း ၁၄၀ အထိ ကျခံရနိုင်ပါတယ်။

 

Ref : CNA

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW