မော်စကို၊ မေ-၁၅-၂၀၁၉
မျိုးဆက် (VOM)
အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေ အလျင်အမြန်မြင့်တက်နေချိန်မှာ အီရန်နဲ့ စစ်ဖြစ်ဖို့ အမေရိကန်က လုပ်ဆောင်နေတာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။
အီရန်ကို ပုံမှန်နိုင်ငံတစ်ခုအဖြစ် ပြုမူနေထိုင်ဖို့အတွက်ကို အမေရိကန်က လုပ်ဆောင်နေတာဖြစ်ပြီး အကျိုးစီးပွားကိုထိခိုက်အောင် တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားကိုရောက်နေတဲ့ မိုက်ပွန်ပီယိုက ပြောပါတယ်။
ဒီအတောအတွင်းမှာလည်း အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီက အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အပတ်က ပင်လယ်ကွေ့ဒေသကို လေယာဉ်တင်သင်္ဘောနဲ့ ဗုံးကြဲလေယာဉ်တွေကို အမေရိကန်က စေလွှတ်ခဲ့ပါတယ်။
နှစ်နိုင်ငံအကြား တင်းမာမှုတွေ ထပ်မံမြင့်တက်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အာရပ်စော်ဘွားများပြည်ထောင်စုက ရေနံတင်သင်္ဘောလေးစင်းဟာ မေ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရပြီး ဒီဖြစ်စဉ်မှာ အီရန် ဒါမှမဟုတ် အီရန်ထောက်ပံ့ပေးထားတဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။
အီရန်ကတော့ ဒီလိုစွပ်စွဲပြောဆိုမှုတွေကိုငြင်းဆိုထားပြီး ဒီဖြစ်စဉ်မှာ ဘယ်လိုပါဝင်ပတ်သတ်မှုမှမရှိဘူးလို့ ပြောပါတယ်။ အခြေခံအားဖြင့်တော့ အီရန်နဲ့ ပဋိပက္ခဖြစ်ဖို့ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ မိုက်ပွန်ပီယိုက ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပြောဆိုပါတယ်။
Ref : BBC
Photo : AP
#voiceofmyanmar # အီရန် #အမေရိကန် #ရုရှား