TNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေ ဗဟိုဌာန (NRPC) နဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO, မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP, ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA , ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့တုန်းက မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကြောင့် ဘာတွေ အကျိုးရှိခဲ့လဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အလားအလာ ဘယ်လိုရှိမလဲ၊ ငြိမ်းချမ်းရေးရဖို့ နီးစပ်နေပြီလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားက ဘယ်လိုရှိနေလဲ၊ စတာတွေနဲ့ ပတ်သက်ပြီး သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF…

Read More

အမြန်လမ်းတိုးဂိတ်တွေက ရရှိတဲ့ငွေကြေးကို စာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့ မေးခွန်းတင်

နေပြည်တော်၊မေလ -၁၅ ၊ ၂၀၁၉ ဒီပ(နေပြည်တော်)   မိတ္ထီလာမြို့ကနေ နေပြည်တော်ကိုသွားနေတဲ့ အမြန်လမ်းအ၀င်ဂိတ်က ကောက်ခံရရှိနေတဲ့ ငွေကြေးတွေကို နိုင်ငံတော်ရဲ့ဘယ်ကဏ္ဍတွေမှာ အသုံးပြုနေသလဲဆိုတာ စာရင်းရှင်းတမ်း ထုတ်ပေးဖို့ ဒီနေ့ ကျင်းပခဲ့တဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမာန်လောမောင်းက မေးခွန်းထုတ်ခဲ့ပါတယ်။   အမြန်လမ်းပေါ်က ကံကောင်း Mini Toll Gate Class လမ်းမကြီးအသုံးပြုခ (၁၀၀၀)ကျပ်နဲ့ လမ်းဦးစီးဌာနက (၂၀၀၀)ကျပ်နှုန်း ကောက်ခံနေတဲ့ ငွေကြေးကို စာရင်းရှင်းတမ်းထုတ်ပေးဖို့ ပြောတာပါ။   “နေပြည်တော်မြို့အ၀င်ဂိတ်များက မြို့ဝင်ကြေးများကောက်ခံနေခြင်းမှာ လမ်းဦးစီဌာနနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ နေပြည်တော် စည်ပင်သာယာရေးက်ာမတီကသာ ကောက်ခံနေခြင်းဖြစ်ပါတယ။်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောပါတယ်။   ဒါ့အပြင် ၂၀၀၉-၂၀၁၀ ခုနှစ်ကနေ ၂၀၁၈-၁၉ မီနီဘဏ္ဍာရေးနှစ်ကုန်အထိ ဂိတ်ကြီး (၆)ဂိတ်နဲ့ မီနီဂိတ်(၁၃)ခုက စုစုပေါင်းကာက်ခံရရှိငွေ (၁၁၅ ဒသမ ၇၄)ဘီလီယံကျပ်နဲ့  လမ်းအသုံးပြုခ နေ့စဉ်ဝင်ငွေတွေကို…

Read More

တစ်သျှူးငှက်ပျောစိုက်ပျိုးနေမှု ပြည်ထောင်စုအဆင့်က အလေးအနက် ကိုင်တွယ်စေဖို့ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းတင်

နေပြည်တော်-မေ-၁၅၊ ၂၀၁၉ ဒီပ(နေပြည်တော်)   ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်နေမှု ပြည်ထောင်စုအဆင့်က အလေးအနက်ကိုင်တွယ်စေဖို့အတွက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာကချင်ပြည်နယ် အမှတ်(၁၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက မေးခွန်းထုတ်ခဲ့ပါတယ်။   “မြေပြင်မှာမရှင်းမလင်းဖြစ်နေတာရယ်၊ အချို့က သစ်တောမြေတွေမှာစိုက်ပျိုးကြတာဖြစ်ပြီး အချို့ကမြေလွတ်မြေလပ်မှာ စိုက်ပျိုးနေကြလို့ စိုက်ပျိုးရေး၊မွေးမြူရေးဌာနတို့လို အစိုးရဌာနများနဲ့ ညှိနှိုင်းပြီး ကချင်ပြည်နယ်နှင့် အခြားသော ဆက်စပ်ဒေသတို့မှာ တစ်သျှူးငှက်ပျော တိုးချဲ့မစိုက်ပျိုးဖို့အတွက်ကြေငြာချက်တွေ၊ လမ်းညွှန်ချက်တွေ စနစ်တကျချကာ ထိထိမိမိ တားမြစ်လုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့်အနေနဲ့ အလေးအနက် ကိုင်တွယ်ပေးဖို့ အစီအစဉ်ရှိမရှိမေးမြန်းလိုပါတယ်။”လို့ ဒေါက်တာခွန်ဝင်းသောင်းက ပြောခဲ့တာပါ။   အဲဒီကိစ္စနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာရဲမြင့်ဆွေက ကချင်ပြည်နယ် သစ်တောဥပဒေအရ ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောအတွင်းမှာ လာရောက်ကျူးကျော်နေတဲ့ တစ်သျှူးငှက်ပျောစိုက်ခင်းတွေကို သစ်တောဥပဒေအရ အရေးယူပြီးဖြစ်တယ်လို့ပြောပါတယ်။     “အခုလ(၁၄)ရက်နေ့အထိနောက်မှတ်တမ်းများအရ ထပ်မံစိုက်ပျိုးဖို့ ထွန်ယက်ပြင်ဆင်ထားတဲ့ ပျိုးထောင်ထားတဲ့ ပုံများတွေ့နေရပါတယ်။ ကချင်ပြည်အစိုးရရဲ့ တားမြစ်ချက်တွေထဲမှာ လက်ရှိစိုက်ဧကကို မတိုးချဲ့ဖို့ဆိုပေမယ့် ကုမ္ပဏီတို့ရဲ့ လုပ်ဆောင်ချက်တွေက လက်ရှိဧကအတွက်လား၊…

Read More

အီရန်နဲ့ စစ်ဖြစ်ဖို့ လုပ်ဆောင်နေတာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

မော်စကို၊ မေ-၁၅-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေ အလျင်အမြန်မြင့်တက်နေချိန်မှာ အီရန်နဲ့ စစ်ဖြစ်ဖို့ အမေရိကန်က လုပ်ဆောင်နေတာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။   အီရန်ကို  ပုံမှန်နိုင်ငံတစ်ခုအဖြစ် ပြုမူနေထိုင်ဖို့အတွက်ကို အမေရိကန်က လုပ်ဆောင်နေတာဖြစ်ပြီး အကျိုးစီးပွားကိုထိခိုက်အောင် တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားကိုရောက်နေတဲ့ မိုက်ပွန်ပီယိုက ပြောပါတယ်။   ဒီအတောအတွင်းမှာလည်း အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီက အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။   ပြီးခဲ့တဲ့ အပတ်က ပင်လယ်ကွေ့ဒေသကို လေယာဉ်တင်သင်္ဘောနဲ့ ဗုံးကြဲလေယာဉ်တွေကို အမေရိကန်က စေလွှတ်ခဲ့ပါတယ်။   နှစ်နိုင်ငံအကြား တင်းမာမှုတွေ ထပ်မံမြင့်တက်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အာရပ်စော်ဘွားများပြည်ထောင်စုက ရေနံတင်သင်္ဘောလေးစင်းဟာ မေ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရပြီး ဒီဖြစ်စဉ်မှာ အီရန် ဒါမှမဟုတ် အီရန်ထောက်ပံ့ပေးထားတဲ့…

Read More

ရန်ကုန် မြို့ပတ်ကားလိုင်းသစ် ဒီလအတွင်းပြေးဆွဲရန်စီစဉ်

  ရန်ကုန်-မေ ၁၅ ၊ ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့ပတ်ကားလိုင်းသစ်ကို မကြာခင် စတင်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။   “ဒီလပိုင်းအတွင်းပြေးဆွဲဖို့ကုမ္ပဏီဘက်ကလည်းပြင်ဆင်နေတယ်။ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် ခုထိမပြေးဆွဲနိုင်သေးတာဖြစ်ပါတယ်၊”လို့ ဦးလှအောင်ကပြောပါတယ်။     ဒီမြို့ပတ်ကားလိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စတင်ပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် ကားတွေရပ်နားဖို့အတွက် ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် မျှော်မှန်းခဲ့တဲ့ကာလအတွင်းမပြေးဆွဲနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။   အောင်မင်္ဂလာယာဉ်ရပ်နားစခန်းကနေ စတင်ထွက်ခွာပြီး မြောက်ဥက္ကလာလမ်း၊ကမ္ဘာအေးဘုရားလမ်း ဘိုတစ်ထောင်ဘုရားလမ်း ၊ကမ်းနားလမ်းအတိုင်း သမိုင်းလမ်းဆုံ ၊ရှစ်မိုင် ကတဆင့်  မြောက်ဥက္ကလာကိုပြန်လည်ဝင်ရောက်ပြီး မူလလာရာလမ်းအတိုင်း တပတ်ပြန်ဝင်မှာဖြစ်ပါတယ်။   Scania ကားအမျိုးအစား ၃၉ စီးနဲ့ပြေးစွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံးကို တစ်ထောင်ကျပ်၊ခရီးစဉ်တစ်ဝက်အတွက်ကို  ၅၀၀ ကျပ် ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။   #voiceofmyanmar #VOM #မြို့ပတ်ကားလိုင်းသစ် # ရန်ကုန်  

Read More

အိန္ဒိယခွဲထွက်ရေး ကသည်းလက်နက်ကိုင်တွေကို မြန်မာတရားရုံးက ထောင်ဒဏ်တွေချ

ခန္တီး – မေ -၁၅ ၊ ၂၀၁၉ အောင်ဆန်းမြင့်   ကသည်းလက်နက်ကိုင် ၂၄ ဦးကို  ခန္တီးမြို့နယ် တရားရုံးက ဒီနေ့ မေလ ၁၅ ရက်ကမှာ  မတရားအသင်း ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။   ခြောက်ကြိမ်မြောက်ရုံးချိန်းမှာအမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီလက်နက်ကိုင် ၂၄ ဦးကို တပ်မတော်က နာဂဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   မြန်မာနိုင်ငံ ဥပဒေအရ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းများဟာ ခွင့်ပြုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများမဟုတ်သလို  နာဂဒေသအတွင်း နေထိုင်နေခြင်းကြောင့်  ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း တရားရုံး ကြားနာမှုအရ သိရပါတယ်။   ထောင်ဒဏ်ချခံရတာနဲ့ ပက်သက်ပြီး ကသည်းလက်ကိုင်တွေကို  မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီ  လက်နက်ကိုင်တွေကို ဧပြီလနဲ့ မေလအတွင်းက ဖမ်းဆီခဲ့တာ ဖြစ်ပြီး…

Read More

ပုသိမ်ကြီးမြို့နယ် အောင်သပြေ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု ပဋိပက္ခအသွင်ဆောင်နေ

ပုသိမ်ကြီး – မေ ၁၅-၂၀၁၉ ဟိန်းကို­+ဖြူဖြူ (VOM)   မန္တလေးတိုင်း၊  ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာမှာ  ဒီကနေ့မနက်ပိုင်းက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ‘မြင့်” ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိုရွာသူ/သားတွေက ကန့်ကွက်တဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အခြေနေတင်းမာနေပါတယ်။   ရဲအင်အား ၁၅၀ ကျော်နဲ့ ဒေသခံအများအပြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်အထိဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့  ဒီဖြစ်စဉ်နေရာမှာရောက်ရှိနေတဲ့ Voice of Myanmar (VOM) သတင်းဌာနက ကိုဟိန်းကိုက သတင်းပို့ထားပါတယ်။   ကိုဟိန်းကိုပြောတာကတော့ “စက်ရုံထဲမှာမီးလောင်ထားတဲ့အတွက် မီးသတ်က ၀င်ချင်တာကို ရွာသူ၊ ရွာသားတွေက အ၀င်မခံဘဲ လမ်းမှာတားထားတယ်။ လုံး၀၀င်ခွင့်မပေးဘူး။ အဲ့မှာလမ်းပိတ်ဆို့မှုဖြစ်တယ်ဆိုပြီးတော့ ရဲအင်အား တစ်ရာကျော်လောက်က သူတို့ဖယ်မပေးတော့ လက်ရှိတော့ဆွေးနွေးညှိနှိုင်းနေတယ်။ အဲ့ဒါမှမရဘူးဆိုရင်ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ စက်ရုံထဲကိုမီးသတ်ကားဝင်ရဖို့အတွက် ကြိုစားတော့ နောက်ဆုံးမှာ ဝင်ခွင့်ရသွားပါတယ်။  မီးကတော့ငြိမ်းပြီးသွားပြီ၊မီးသတ်ကားငါးစီးလောက်ရှိတယ်။ အုတ်တံတိုင်းကာထားတဲ့အတွက်ပျက်စီးမှုတွေတော့မမြင်ရပါဘူး။” လို့  ပြောပါတယ်။…

Read More
VOM News

FREE
VIEW