ခန္ဓာကိုယ်ကို သီးသန့်ထိန်းသိမ်းတာမျိုး မရှိဘူးဆိုတဲ့ အိချောပို

ရန်ကုန်၊ မေ ၂၉-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိတ်သတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ်ကို သီးသန့်ထိန်း သိမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

 

“အိချောအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀လာပြီး ပြည့်လာပြီထင်ရင်တော့ လမ်းများများလျှောက်တယ်။ အစား အ သောက်တွေ လျှော့လိုက်တယ်။ သီးသန့်ကြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတာမျိုးမရှိပါဘူး။ အိချော ဖက်ရှင်ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။

 

သူမကတော့ လက်ရှိမှာ ဒါရိုက်တာ ကျော်သူရိုက်ကူးထားတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ထွန်းကိုကို၊ အလင်းရောင်တို့နဲ့အတူ သွားရောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။

 

ရေသူမ တယောက်လို ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “အသားအရည်ရော ထိခိုက်မှုရှိမှာပေါ့။ အရင်တုန်း က တည်းက အသားကညိုတဲ့လူဆိုတော့ အခုပင်လယ်ထဲမှာ အကြာကြီးရိုက်ရတော့ အသားကမဲပြီးတော့ ပြာ နေပြီ။ အပူရှပ်တာတွေလည်း ဖြစ်ပါတယ်။ ရေထဲဆင်းလိုက်၊ တက်လိုက်ဆိုတော့လေ။ မျက်နှာမှာ မိတ်တွေ လည်း ထွက်တယ်။ အသားအရည်တွေလည်း တော်တော်လေးကို ပျက်စီးခဲ့တယ်။ အခုခဏ အနုပညာ အလုပ်တွေ နားထားပါတယ်။ အသားအရည်အတွက် ပြန်ပြုပြင်ရဦးမှာမို့ပါ။”လို့ ဆိုပါတယ်။

 

#voiceofmyanmar  #ခန္ဓာကိုယ်ကိုသီးသန့်ထိန်းသိမ်းတာမျိုးမရှိဘူးဆိုတဲ့အိချောပို #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW