ခန္ဓာကိုယ်ကို သီးသန့်ထိန်းသိမ်းတာမျိုး မရှိဘူးဆိုတဲ့ အိချောပို

ရန်ကုန်၊ မေ ၂၉-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိတ်သတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ်ကို သီးသန့်ထိန်း သိမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။   “အိချောအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀လာပြီး ပြည့်လာပြီထင်ရင်တော့ လမ်းများများလျှောက်တယ်။ အစား အ သောက်တွေ လျှော့လိုက်တယ်။ သီးသန့်ကြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတာမျိုးမရှိပါဘူး။ အိချော ဖက်ရှင်ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။   သူမကတော့ လက်ရှိမှာ ဒါရိုက်တာ ကျော်သူရိုက်ကူးထားတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ထွန်းကိုကို၊ အလင်းရောင်တို့နဲ့အတူ သွားရောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။   ရေသူမ တယောက်လို ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “အသားအရည်ရော ထိခိုက်မှုရှိမှာပေါ့။ အရင်တုန်း က…

Read More

အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ်

ဒေလီ၊ မေ-၂၉-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိ၀န်ကြီးချုပ်မိုဒီဟာ  အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ တရပ်အတွက် တရုတ်သမ္မတ ရှီကျင်းပင်ကို ဒီနှစ်ထဲမှာ လက်ခံတွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက မေ ၂၉ ရက်မှာ ပြောပါတယ်။   သူတို့ရဲ့ ပထမဆုံး အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ၀ူဟန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ဆွေးနွေးဖို့အတွက် အိန္ဒိယကို လာဖို့ မိုဒီရဲ့ဖိတ်ကြားချက်ကို အဲဒီဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင်းပင်က လက်ခံခဲ့တာ ဖြစ်ပါတယ်။   ဆွေးနွေးပွဲအတွက် နေ့ရက်နဲ့နေရာကို အပြီးသတ် သတ်မှတ်ဖို့အတွက် သံတမန်လမ်းကြောင်းကတဆင့် နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။   တရုတ်နိုင်ငံဟာ အိန္ဒိယရဲ့ ရန်ဘက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ အလွန်နီးကပ်တဲ့မိတ်ဆွေဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဟိမ၀န္တာနယ်စပ်ပြသနာကြောင့် နှစ်နိုင်ငံစစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။   အိန္ဒိယ၀န်ကြီးချုပ်…

Read More

တရုတ်ကို အဓိကတင်ပို့နေတဲ့ ကျွဲ၊ နွားဈေးကွက် တကောင်ကို သုံးသိန်းလောက်ထိဈေးကျ

ရန်ကုန်၊ မေ ၂၉ – ၂၀၁၉ သူရိန် (VOM)   တရုတ်နိုင်ငံဈေးကွက်တခုတည်းကိုသာ အဓိကထား တင်ပို့နေရတဲ့ ကျွဲ၊ နွားဈေးကွက်က အခုချိန်မှာ အကျဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေရပြီး တကောင်ကိုကျပ်သုံးသိန်းလောက် ဈေးကျနေတယ်လို့ ကျွဲ၊ နွားကုန်သည်တွေဆီက သိရပါတယ်။   “တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ လုပ်နေတာကြောင့် တရုတ်က ကျွဲ၊ နွား ဝယ်လက် ကုန်သည်တွေ လာရောက်ဝယ်ယူမှု နည်းပါးသွားလို့ အရောင်းအဝယ် လျော့ကျနေတာ။ ဈေးကလျှော့ဈေးနဲ့ပဲ ရောင်းနေရတာ။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊ နွားကုန်သည် တဦးဖြစ်သူ ဦးသောင်းခိုင်က ပြောပါတယ်။   အရင်က နွားတကောင်ကို ကျပ် ၂၂ ၊၂၃ သိန်းအထိ ပေါက်ဈေးရှိပေမယ့် လက်ရှိမှာ ကျပ်သိန်း ၂၀ ကနေ ၁၇ သိန်းအထိသာ ဈေးရရှိပြီး…

Read More

ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို တပ်မတော်က တရားစွဲ

မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း (VOM)   တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေဖို့ အများပြည်သူ ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြမှုတွေ လုပ်ခဲ့တယ်ဆိုပြီးတော့ ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို အရေးယူပေးဖို့ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးမှာ မနေ့ မေလ ၂၇ ရက်က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။   တိုင်တန်းချက်ကို ပြည်ကြီးတံခွန် တရားရုံးက လက်ခံထားပြီး တိုင်တန်းချက် မှန်ကန်မှု ရှိမရှိကို စစ်ဆေးဖို့ ပထမရုံးချိန်းအဖြစ် ဇွန်လ ၁၁ ရက်ကို ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို ဆက်သွယ်မေးမြန်းကြည့်တော့ “ဦးဇင်းကိုတော့ ဘယ်သူမှ…

Read More

အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်

မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း(VOM)   အမျိုးသားရေဝါဒီ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီဖြစ်လို့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ဦးဝီရသူကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။     မေး။    ။ ဆရာတော် အခု ဘယ်မှာရောက်နေပါလဲဘုရား။ ဖြေ။     ။ရန်ကုန်မှာ။   မေး။    ။ဆရာ့တော့်ကို ပုဒ်မ ၁၂၄ နဲ့ ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဘာများသိထားလဲဘုရား။ ဖြေ။     ။လိုင်းပေါ်မှာတက်နေတဲ့သတင်းတွေတော့ သိထားတာပေါ့နော်။ ကျန်တာကတော့ ကျောင်းကိုလှမ်းမေးတော့ ကျောင်းတိုက်ကတော့ ဘာမှမထူးခြားဘူးလို့ ပြောတာပဲ။   မေး။    ။ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကရော အကြောင်းကြားတာရော ရှိပြီလားဘုရား။ ဖြေ။    …

Read More
VOM News

FREE
VIEW