ရန်ကုန်-မေ ၁၅ ၊ ၂၀၁၉ သိင်္ဂီ (VOM) ရန်ကုန်မြို့ပတ်ကားလိုင်းသစ်ကို မကြာခင် စတင်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ “ဒီလပိုင်းအတွင်းပြေးဆွဲဖို့ကုမ္ပဏီဘက်ကလည်းပြင်ဆင်နေတယ်။ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် ခုထိမပြေးဆွဲနိုင်သေးတာဖြစ်ပါတယ်၊”လို့ ဦးလှအောင်ကပြောပါတယ်။ ဒီမြို့ပတ်ကားလိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စတင်ပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် ကားတွေရပ်နားဖို့အတွက် ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် မျှော်မှန်းခဲ့တဲ့ကာလအတွင်းမပြေးဆွဲနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အောင်မင်္ဂလာယာဉ်ရပ်နားစခန်းကနေ စတင်ထွက်ခွာပြီး မြောက်ဥက္ကလာလမ်း၊ကမ္ဘာအေးဘုရားလမ်း ဘိုတစ်ထောင်ဘုရားလမ်း ၊ကမ်းနားလမ်းအတိုင်း သမိုင်းလမ်းဆုံ ၊ရှစ်မိုင် ကတဆင့် မြောက်ဥက္ကလာကိုပြန်လည်ဝင်ရောက်ပြီး မူလလာရာလမ်းအတိုင်း တပတ်ပြန်ဝင်မှာဖြစ်ပါတယ်။ Scania ကားအမျိုးအစား ၃၉ စီးနဲ့ပြေးစွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံးကို တစ်ထောင်ကျပ်၊ခရီးစဉ်တစ်ဝက်အတွက်ကို ၅၀၀ ကျပ် ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #မြို့ပတ်ကားလိုင်းသစ် # ရန်ကုန်
Read MoreMonth: May 2019
အိန္ဒိယခွဲထွက်ရေး ကသည်းလက်နက်ကိုင်တွေကို မြန်မာတရားရုံးက ထောင်ဒဏ်တွေချ
ခန္တီး – မေ -၁၅ ၊ ၂၀၁၉ အောင်ဆန်းမြင့် ကသည်းလက်နက်ကိုင် ၂၄ ဦးကို ခန္တီးမြို့နယ် တရားရုံးက ဒီနေ့ မေလ ၁၅ ရက်ကမှာ မတရားအသင်း ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာအမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီလက်နက်ကိုင် ၂၄ ဦးကို တပ်မတော်က နာဂဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဥပဒေအရ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းများဟာ ခွင့်ပြုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများမဟုတ်သလို နာဂဒေသအတွင်း နေထိုင်နေခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း တရားရုံး ကြားနာမှုအရ သိရပါတယ်။ ထောင်ဒဏ်ချခံရတာနဲ့ ပက်သက်ပြီး ကသည်းလက်ကိုင်တွေကို မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီ လက်နက်ကိုင်တွေကို ဧပြီလနဲ့ မေလအတွင်းက ဖမ်းဆီခဲ့တာ ဖြစ်ပြီး…
Read Moreပုသိမ်ကြီးမြို့နယ် အောင်သပြေ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု ပဋိပက္ခအသွင်ဆောင်နေ
ပုသိမ်ကြီး – မေ ၁၅-၂၀၁၉ ဟိန်းကို+ဖြူဖြူ (VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ‘မြင့်” ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိုရွာသူ/သားတွေက ကန့်ကွက်တဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အခြေနေတင်းမာနေပါတယ်။ ရဲအင်အား ၁၅၀ ကျော်နဲ့ ဒေသခံအများအပြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်အထိဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဒီဖြစ်စဉ်နေရာမှာရောက်ရှိနေတဲ့ Voice of Myanmar (VOM) သတင်းဌာနက ကိုဟိန်းကိုက သတင်းပို့ထားပါတယ်။ ကိုဟိန်းကိုပြောတာကတော့ “စက်ရုံထဲမှာမီးလောင်ထားတဲ့အတွက် မီးသတ်က ၀င်ချင်တာကို ရွာသူ၊ ရွာသားတွေက အ၀င်မခံဘဲ လမ်းမှာတားထားတယ်။ လုံး၀၀င်ခွင့်မပေးဘူး။ အဲ့မှာလမ်းပိတ်ဆို့မှုဖြစ်တယ်ဆိုပြီးတော့ ရဲအင်အား တစ်ရာကျော်လောက်က သူတို့ဖယ်မပေးတော့ လက်ရှိတော့ဆွေးနွေးညှိနှိုင်းနေတယ်။ အဲ့ဒါမှမရဘူးဆိုရင်ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ စက်ရုံထဲကိုမီးသတ်ကားဝင်ရဖို့အတွက် ကြိုစားတော့ နောက်ဆုံးမှာ ဝင်ခွင့်ရသွားပါတယ်။ မီးကတော့ငြိမ်းပြီးသွားပြီ၊မီးသတ်ကားငါးစီးလောက်ရှိတယ်။ အုတ်တံတိုင်းကာထားတဲ့အတွက်ပျက်စီးမှုတွေတော့မမြင်ရပါဘူး။” လို့ ပြောပါတယ်။…
Read Moreလျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မုံရွာစက်မှုဇုံလုပ်ငန်းရှင်များ အကြပ်တည်းဖြစ်
မုံရွာ၊ မေ ၁၄၊ ၂၀၁၉ ရန်နိုင်စိုး မုံရွာမြို့ စက်မှုဇုံမှာ လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေ အရှုံးပေါ်နေပြီး အကြပ်တည်းနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်လည်ပြီး လုပ်ငန်းလုပ်နေစဉ်မကြာခဏ ပြတ်တောက်တာတွေကြောင့် လုပ်ငန်းရှင်တွေသာမက အလုပ်သမားတွေပါ ထိခိုက်နစ်နာရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပါတယ်။ “ကျနော်တို့က မီးပျက်တဲ့အချိန် အတိကျသိရရင် တော်သေးတယ်။ အခုက ပျက်မယ် လာမယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ မညီဘူး။ အဲ့တော့ မီးပျက်ရင် အလုပ်သမားတွေ ပြန်လွှတ်ရတယ်။ သူတို့လဲ ကသိကအောက်ဖြစ်တာပေါ့။ လုပ်ငန်းရှင်အနေနဲ့လည်း ဖောက်သည်တွေကို နားလည်အောင် တော်တော်တောင်းပန်ယူထားရတယ်။ မီးစက်နဲ့ စက်လည်တာတွေ ရှိပေမယ့် အရေးကြီးတဲ့ ကဏ္ဍပိုင်းက စက်တွေကျတော့ သိပ်မဆွဲချင်ဘူး။ စက်လည်တဲ့ ဒီဇယ်စရိတ် ညဆင်းအလုပ်သမားစရိတ်နဲ့ဆိုရင် ရှုံးတယ်။ ဖောက်သည်မပြတ်ချင်လို့သာ ဆက်လုပ်နေရတာ” လို့…
Read Moreမတားနဲ့ … စေတနာနဲ့ပါ
မတားနဲ့ စေတနာနဲ့ပါ
Read Moreကက်ရှ်မီးယားက သုံးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြ
ဒေလီ၊ မေ-၁၄-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်တာနဲ့ ပတ်သက်လို့ အကြီးအကျယ်ဆန္ဒပြနေကြပြီး ကျူးလွန်ခဲ့သူအမျိုးသားကို သေဒဏ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ကျူးလွန်သူဟာ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဲဒီမိန်းကလေးရဲ့ ဖခင်ဖြစ်သူက ပြောဆိုပြီး လက်ရှိမှာတော့ ရဲတွေက သူ့ကို ထိန်းသိမ်းထားပါတယ်။ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြနေကြပြီး ရဲတွေက လူအုပ်ကြားထဲကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲတာကြောင့် လူအတော်များများ ဒါဏ်ရာရရှိသွားပါတယ်။ မိမိတို့အနေနဲ့ တရားမျှတမှုကို တင်းတင်းကြပ်ကြပ်ပြစ်ဒါဏ်ပေးစေချင်တယ်လို့ ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ဖခင်ဖြစ်သူ ရှီယာအလီဒါက ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နေရာအတော်များများမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသအတွင်းက စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားရပါတယ်။ ကျူးလွန်သူဟာ အနီးနားကစာသင်ကျောင်းထဲကို မိန်းကလေးငယ်ကို…
Read Moreအမေရိကန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘော ပြန်ပေးဖို့ မြောက်ကိုရီးယားတောင်းဆို
ဆိုးလ်၊ မေ-၁၄-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲရဲ့ အနှစ်သာရကို ချိုးဖောက်လိုက်တဲ့ တရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က မေ ၁၃ ရက်မှာ ပြောဆိုပြီး အဲဒီသင်္ဘောကို ချက်ချင်းပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က သိမ်းယူလိုက်တဲ့ အဲဒီသင်္ဘောဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တယ်ဆိုတာကို ပယ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားနဲ့တကွ အညံခံထိန်းချုပ်နိုင်ဖို့်ကြိုးစားတဲ့ အမေရိကန်ရဲ့ တွက်ချက်လုပ်ဆောင်မှု နောက်တစ်ခုဖြစ်ပြီး ဇွန် ၁၂ ရက်က ပထမအကြိမ်မြောက်ကိုရီးယား -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်ရဲ့ အခြေခံအနှစ်သာရ အားလုံးကို ဖောက်ဖျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်ဖော်ပြမထားတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။…
Read Moreမြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းတိုက်ပွဲဖြစ် အမျိုးသမီးတစ်ဦး ကျည်ထိ
မြောက်ဦး၊ မေ ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က ညနေပိုင်းကစတင်ပြီးတော့ ဒီကနေ့မနက်ပိုင်း အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီးနဲ့ ကျောက်တော်-ပလက်ဝလမ်းပိုင်း ဖောက်လုပ်ထားတဲ့ မင်းသာဆည်အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “တိုက်ပွဲကတော့ မနေ့ကညနေ ၈ နာရီလောက်ကဖြစ်ပါတယ်။ မိနစ် ၂၀ လောက်တော့ လက်နက်ငယ်ပစ်သံတွေကိုကြား ရတယ်။ နောက်ပိုင်းမှာတော့ လက်နက်ကြီးအမြောက်တွေပစ်ခတ်တယ်။ တစ်ညလုံးပါပဲ။ တောင်ဦးရွာနားမှာဖြစ်နေခဲ့ တာပါ။ ရွာသားတွေကတော့ ထွက်ပြေးကုန်ပါပြီ။ ရွာမှာလူတစ်ယောက်နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။”လို့ တောင်ဦးကျေးရွာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပုံမှာ မေလ ၁၃ ရက်နေ့ညနေပိုင်းက လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုကို AA ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။ “မနေ့ကညနေ…
Read Moreဗိုလ်ချုပ်ကြေးရုပ်ထု ပြောင်းရွေ့ ရေးညှိနှိုင်းမှု မအောင်မြင်
လွိုင်ကော်၊ မေ ၁၄၊ ၂၀၁၉ ထူးသာဦး ကယားပြည်နယ်လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပြောင်းရွေ့ ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပရာမှာ မအောင်မြင်ဘဲ အစည်းအဝေး ပျက်သွားတယ်လို့ သိရပါတယ်။ အစည်းအဝေးကို ကယားပြည်နယ်အစိုးရရုံးမှာ ဒီကနေ့ ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ နှင့် ကရင်နီလူငယ်အင်အားစု သပိတ်အဖွဲ့ တို့ က တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုလ်က ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မပြေလည်တဲ့ အခြေအနေရှိနေကြောင်းနဲ့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေအတွက် ကြေးရုပ်ထုကို ဆက်လက်ထိန်းသိမ်းထားရှိရမှာ ဖြစ်တဲ့အတွက် လုံးဝမရွေ့ ပြောင်းပေးနိုင်ကြောင်း အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့် ခွန်းကြောင့် လူငယ်တွေအနေနဲ့  ဆက်လက်ဆွေးနွေးမည်ဆိုပါက…
Read Moreမင်းလှမြို့နယ် စစ်ကွင်းမြို့ တွင် မိုးကြိုးပစ်၍ ကျောင်းဆရာတစ်ဦး သေဆုံး
စစ်ကွင်း မေ ၁၄၊ ၂၀၁၉ မိုးယံ ပဲခူး တိုင်း သာယာဝတီ ခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့ စီဂွ ရွာမှာ ဒီနေ့ မေလ ၁၃ရက် ညနေ ၆နာရီ ဝန်းကျင်က မိုးကြိုးပစ်လို့ အသက် ၃၃နှစ်အရွယ် ပညာရေးဝန်ထမ်း ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ပါတယ်။ “လယ်ထဲမှာ ရှိတဲ့ ဆရာ့ ရဲ့စပါးပုံကို မိုးရွာလို့ တာလပတ် အမိုး အုပ်ဖို့သွားတာမှာ မိုးကြိုးပစ်လိုက်တာကို မြင်လိုက်တဲ့ လယ်သမားတွေက ပြောတယ်” လို့ စီဂွ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး က ပြောပါတယ်။ မိုးကြိုးထိမှန်မှုကြောင့် ဦးစွမ်းထက်မင်းဟာ ပါးစပ် နှာခေါင်း တွေမှာ သွေးထွက်နေပြီး ညာဘက်ဝမ်းဗိုက် မီးလောင် ဒဏ်ရာ များ အရေပြားများ တွန့်လိမ်နေတာကို…
Read More