အင်္ဂလိပ်စာဆရာတွေကို အမေရိကန်သံရုံးက မွမ်းမံသင်တန်းပို့ချ

မန္တလေး၊ ဇွန် ၇ -၂၀၁၉ အမေရိကန်အစိုးရရဲ့ အစီအစဉ်နဲ့ ပြင်ပနိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားခဲ့ တာ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးဂျဖာဆန်စင်တာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ ၂၀ ဝန်းကျင်ကို မွမ်းမံသင်တန်းပို့ချခဲ့ပါတယ်။ ရန်ကုန်၊ နေပြည်တော် ၊ မန္တလေး ၊ မြစ်ကြီးနား နဲ့ ထားဝယ် စတဲ့ နေရာတွေမှာ အမေရိကန်သံရုံးအစီအစဉ်နဲ့ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေတက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #jafferson #english training #မန္တလေး

Read More

ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ခံရ

ရေကြည်၊ ဇွန် ၇ – ၂၀၁၉ ကိုအောင်(VOM)   မနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့နယ်  တဲကြီးကုန်းလမ်းမမှာ ရေကြည်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် ကိုယ်တိုင် မောင်းနှင်လာတဲ့ကားနဲ့ တိုက်မိလို့ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။   ဦးမျိုးညွန့် မောင်းလာတဲ့  ford အမျိုးအစား အနက်ရောင်ကားဟာ  ပုသိမ်မြို့ထဲက” နိုက်တင်ဂေး” လ္ဘက်ရည်ဆိုင်ရှေ့အရောက်မှာ လမ်းညာဘက်ခြမ်းမှာ ရပ်ထားတဲ့ အဖြူရောင်ကားတစ်စီးကို ၀င်တိုက်မိပြီးနောက် အမျိုးသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို ထပ်မံဝင်တိုက်မိခဲ့လို့ တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။   “ယာဉ်တိုက်ခံမှုဖြစ်ပွားတာတော့ မှန်ပါတယ်။ ကားတစ်စီးကိုအရင်တိုက်တယ်၊ ပြီးတော့ လမ်းဘေးက စပြီးမောင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ထပ် တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့ သူကတော့ စိုးရိမ်ရတယ်။…

Read More

တရုတ်ကုန်ပစ္စည်းတွေကို ထပ်ပြီးအခွန်ကောက်ဖို့ ဂျီ-၂၀ ဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရန့် ဆုံးဖြတ်မယ်

ပါရီ၊ ဇွန်-၇-၂၀၁၉ မျိုးဆက် (VOM)   တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန်တိုးမြင့်ကောက်ခံခြင်းပြုမပြုကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့်  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။   ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ဇွန် ၆ ရက်က ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်ကနေ သတင်းထောက်တွေကို ပြောခဲ့တာပါ။   ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၂၈ နဲ့ ၂၉ ရက်မှာ ဂျပန်နိုင်ငံ အနောက်ပိုင်းက အိုဆာကာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့  တရုတ်သမ္မတ ရှီကျင်းပင်တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုတော့ တရားဝင်သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။   အမေရိကန်အစိုးရဟာ ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၂၅ ရာခိုင်နှုန်း…

Read More

နိုင်ငံခြားဘဏ်တွေကို တတိယအကြိမ်ခွင့်ပြုပေးဖို့ စီစဉ်နေ

ရန်​ကုန်၊ ဇွန်​ ၇ – ၂၀၁၉ သူရိန် (VOM)   ပြည်တွင်းမှာ ဒီဘဏ္ဍာနှစ်အတွက် တတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်တွေကို  ထပ်မံခွင့်ပြုပေးဖို့ စီစဉ်နေတယ်​လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က​နေ သိရပါတယ်​။   “နိုင်ငံခြားဘဏ်တွေကို ထပ်မံခွင့်ပြုဖို့ စီစဉ်နေတယ်။ ဒီဘဏ်တွေကို စိစစ်ပြီး ခွင့်ပြုနိုင်ဖို့အတွက် အကြံပေးကုမ္ပဏီတစ်ခု ထားသွားမယ်။ အဲဒါကလည်း ပြည်ပကကုမ္ပဏီတွေပဲ ဖြစ်တယ်။ ဒီမှာလည်း ရုံးခွဲဖွင့်ထားတယ်။ သူတို့ထဲက ရွေးသွားမယ်။ ” လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   နိုင်ငံခြားဘဏ်တွေကို ထပ်မံဖွင့်လှစ်ခွင့် ပြုဖို့အတွက် အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု ရွေးချယ်သွားမှာဖြစ်ပြီး အကြံပေးလုပ်ငန်းအတွက် ရွေးချယ်ဖို့ အဆိုပြုချက်တွေကို ပြီးခဲ့တဲ့လကတည်းက  လက်ရှိရွေးချယ်ထားတဲ့ ကုမ္ပဏီရှစ်ခုထံ  ဗဟိုဘဏ်က ပေးပို့ထားပြီး ဖြစ်ပါတယ်။   အဲဒီ ကုမ္ပဏီရှစ်ခုက Deloitte၊ PricewaterhouseCoppers ၊ KPMG ၊…

Read More

ဒေါက်တာ ကျော်ဆွေ ပြောကြားချက်အပေါ် ဦးဇော်ဌေး တုံ့ပြန်ချက်

နေပြည်တော်၊ ဇွန် ၇ – ၂၀၁၉ ကိုထွန်း(VOM)   တ.စ.ည ပါတီ CEC အဖွဲ့ဝင်​​ ဒေါက်​တာ​ကျော်​​ဆွေက ထောင်​ဆူပူရခြင်းဟာ လက်​မဲကြီး​ကြောင့်​ မဟုတ်​၊ လက်​နီကြီး​ကြောင့်လို့ ပြောကြားခဲ့တဲ့အ​ပေါ် နိုင်​ငံ​တော်​အတိုင်​ပင်ခံရုံး ညွှန်​ကြား​ရေးမှူးချူပ်​၊ အစိုးရရဲ့ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​​ဌေးက သမ္မတအိမ်​​တော်​သတင်း​ထောက်​အဖွဲ့တွေကို အခုလို ပြောခဲ့ပါတယ်။   “ထောင်ဆူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသွားတာတွေက မှားနေတယ်။ စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်လို့ ဥပဒေ မပြင်ရခင်က အကျဉ်းကျခံနေရတဲ့ အရေအတွက် အတော်များပါတယ်။ နိုင်ငံတော်သမ္မတကြီးက လိုလားချက်ကိုပဲ ပြောလိုက်တာပါ။ သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေ၊ နောက် ဆေးပြား ၁၀၀ နဲ့အောက် မိတဲ့သူတွေ၊ ဒါတွေကို အဓိကထားပြီး လွှတ်ဖို့ တင်ပြခိုင်းတာပါ။ တကယ်တမ်း စာရင်းဇယားနဲ့ လုပ်တာက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးက အသေးစိတ်…

Read More
VOM News

FREE
VIEW