တရုတ်ကုန်ပစ္စည်းတွေကို ထပ်ပြီးအခွန်ကောက်ဖို့ ဂျီ-၂၀ ဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရန့် ဆုံးဖြတ်မယ်

ပါရီ၊ ဇွန်-၇-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန်တိုးမြင့်ကောက်ခံခြင်းပြုမပြုကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့်  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

 

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ဇွန် ၆ ရက်က ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်ကနေ သတင်းထောက်တွေကို ပြောခဲ့တာပါ။

 

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၂၈ နဲ့ ၂၉ ရက်မှာ ဂျပန်နိုင်ငံ အနောက်ပိုင်းက အိုဆာကာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့  တရုတ်သမ္မတ ရှီကျင်းပင်တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုတော့ တရားဝင်သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။

 

အမေရိကန်အစိုးရဟာ ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၂၅ ရာခိုင်နှုန်း နောက်ထပ် အခွန်တိုးမြင့်ကောက်ခံဖို့ ခြိမ်းခြောက်ထားတာဖြစ်ပြီး တရုတ်ကုန်ပစ္စည်း အမျိုးအစား ၃၈၀၅ မျိုးအပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။

 

အဲဒီ အစီအမံဟာ တရုတ်နိုင်ငံကနေ  အမေရိကန်ကိုပို့တဲ့ ကုန်ပစ္စည်းအားလုံးနီးပါးအပေါ် သက်ရောက်သွားမှာဖြစ်ပါတယ်။  ဒါပေမယ့်  တရုတ်နိုင်ငံကတော့  အမေရိကန်ရဲ့ ဖိအားပေးတာကို အလျှော့ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Ref : NHK

Photo : Reuters

 

#voiceofmyanmar # တရုတ်ကုန်ပစ္စည်းတွေကိုထပ်ပြီးအခွန်ကောက်ဖို့ ဂျီ-၂၀ဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရန့် ဆုံးဖြတ်မယ်  #ပြင်သစ် # ပါရီ #

Related posts

Leave a Comment

VOM News

FREE
VIEW