မေ ၈ – ၂၀၂၆ SS (VOM) နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် စက်သုံးဆီချွေတာရေး စီမံချက်ဖြစ်တဲ့ စုံ/မ စနစ်၊ QR စနစ်တွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ စက်သုံးဆီ လိုအပ်ချက်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အထိ အသုံးပြုနေရတာဟာ နိုင်ငံခြားငွေ အရန်ငွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်သုံးဆီချွေတာရေး စီမံချက်တွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူတယောက်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ဓာတ်ဆီ၊ ဒီဇယ်နဲ့ LPG ၉၇ ရာခိုင်နှုန်းကို…
Read MoreDay: May 9, 2026
တပတ်အတွင်းမှာ ထိုင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်လောက် ဖမ်းဆီးခံရ
မေ ၈ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံထဲက တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးကြမ်းနေပေမယ့် မြန်မာနိုင်ငံသားတွေကတော့ နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် မေလပထမပတ်အတွင်းမှာတင် မြန်မာလုပ်သား ၁၅၀ ကျော် လောက် ဖမ်းဆီးခံခဲ့ ရတယ်လို့ သိရပါတယ်။ မေ ၇ ရက်နေ့ မှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာလုပ်သား ၁၁၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မြန်မာလုပ်သားတွေဟာ ပစ်ကပ်ကား ၁၀ စီးနဲ့လိုက်ပါလာ ပြီး ထိုင်းနိုင်ငံ၊ ဖိစ်စုနုလုခ်ခရိုင်၊ ဖရုမ်ဖီယမ်မြို့နယ်၊ အမှတ် ၁၁ လမ်းမကြီးပေါ်မှာ မောင်းနှင်လာချိန်မှာ ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကားတန်းနဲ့ကို ဝင်လာတာလို့သိရတယ်။ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ကိုမြင်တော့ ကားပြန်လှည့်ပြီး တောတွေထဲမောင်းပြေးလို့…
Read More