ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်ဝမ်ကို အမေရိကန်က ရောင်းချဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဇွန်-၆-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံဟာ ဒေါ်လာ နှစ်ဘီလီယံကျော်တန်ဖိုးရှိ တင့်ကားတွေနဲ့ လက်နက်တွေကို ထိုင်ဝမ်ကို ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ရောင်းချရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် လေးဦးက ပြောပါတယ်။   ဒီလို ရောင်းချဖို့ အဆိုပြုထားတဲ့  အလွတ်သဘော အသိပေးချက်တစ်ခုကို အမေရိကန် ကွန်ဂရက်သို့ ပို့ဆောင်ထားပြီး ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့  အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။   ဖြစ်လာနိုင်ခြေရှိတဲ့ လက်နက်ရောင်းချမှုမှာတော့  တင့်ကားဖျက်နဲ့ လေယာဉ်ပစ်လက်နက်တွေ အပါအ၀င် ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ အမ်ဝမ်းအေတူး အာဘရမ်တင့်ကား ၁၀၈ စီးပါဝင်မယ်လို့ သတင်းရင်းမြစ် သုံးဦးက ပြောပါတယ်။   အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တဲ့ အဓိက နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့  တရုတ်နိုင်ငံက ယူဆထားပြီး သူ့ရဲ့…

Read More

အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ ဆောင်ရွက်နေ

ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့က ဈေးတွေအားလုံးမှာ အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ အသားထုတ်လုပ်သူတွေ ကိုယ်တိုင်ဆိုင်ခန်းဖွင့်ပြီး ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။   “အဓိက,က ပြည်သူလူထု ဈေးနှုန်းသက်သာချောင်ချိစွာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့ ဖြစ်ပါတယ်။ လူတိုင်း အသားစားသုံးမှုက များတယ်။ ဒါကြောင့် ငါးအပြင် အသားထုတ်လုပ်နိုင်ဖို့လည်း ဝန်ကြီးဌာနကနေ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် ဈေးတွေမှာ အသားထုတ်လုပ်တဲ့သူတွေ ကိုယ်တိုင်လာရောက်ပြီးတော့ ဈေးလျှော့ရောင်းနိုင်တဲ့ ဆိုင်ခန်းတွေဖွင့်နိုင်အောင် လုပ်နေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။   ရန်ကုန်တိုင်းရဲ့ အသားလိုအပ်မှုက နေ့စဉ်ပိဿချိန်  ၉၀၀၀၀ ကျော်လောက် လိုအပ်မှု ရှိနေတဲ့အတွက် တိုင်းအစိုးရအနေနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အသားတွေကို လျှော့ဈေးနဲ့ ရောင်းချနိုင်မယ့်အစီအစဉ်ကို…

Read More

ဂဏန်းမဲရွာထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ပုဏ္ဏားကျွန်း၊ ဇွန် ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာအတွင်းမှာ မနေ့ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာသားတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။   အဲ့ဒီကျေးရွာသားတွေထဲက သေဆုံးသူမှာ ဦးစိန်ထွန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ ဦးအင်္ဂါအောင်၊ ဒေါ်ဆီးတူးနဲ့ ဒေါ်မခိုင်ဦးတို့ ဖြစ်ကြပါတယ်။   “လက်နက်ကြီးကျည်က ရွာထဲမှာကျတယ်။ အဲ့ဒီသေဆုံးသွားတဲ့ ဦးစိန်ထွန်းအိမ်နဲ့ ဒဏ်ရာရရှိသွားတဲ့ အင်္ဂါအောင်အိမ်အကြားမှာ ကျပြီးတော့ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဦးစိန်ထွန်းကတော့ အဲ့ဒီနေရာမှာပဲ သေတယ်။ နောက်ထပ်သုံးဦးကတော့ ဒဏ်ရာရတာပေါ့။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။   အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ ဂဏန်းမဲကျေးရွာအနီးတဝိုက်မှာ ခမီတိုင်းရင်းသားမျိုးနွယ်တွေ အများဆုံးနေထိုင်နေကြတာ ဖြစ်ပြီး အခုသေဆုံးခဲ့သူနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကလည်း ခမီလူမျိုးတွေ ဖြစ်ကြပါတယ်။   “ကျွန်တော်တို့ ဂဏန်းမဲရွာနဲ့ ဖောင်ဆိပ်ရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာ တစ်ရက်၊ နှစ်ရက်လောက် ရှိနေပါပြီ။…

Read More

ကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ သူတွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းမယ်

ရန်ကုန် ၊ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM)   ကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ တိုင်းအစိုးရအဖွဲ့က ကြိုးစားနေတယ်လို့ ဇွန်လ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တတိယတနှစ်တာ ရှင်းလင်းပွဲက သိရပါတယ်။   ” တန်းလျားရှည်ကြီးထဲမှာ အခန်းလိုက် ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိနေတယ်၊ ဂိုဏ်းစတားတွေရှိနေတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် cctv တွေတပ်ဆင်မှာဖြစ်တယ်။” လို့ အဲဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။   ဒါ့အပြင် ကျူးကျော်တွေကို ထုတ်ပေးထားတဲ့ စမတ်ကဒ်တွေဟာ မျက်နှာ၊ လက်ဗွေ စနစ်တွေကို မှတ်တမ်းတင်ယူထားတာဖြစ်လို့ အလွှဲအပြောင်း လုပ်လို့မရသလို အမှန်တကယ်ပိုင်ရှင်မဟုတ်ဘဲ စမတ်ကဒ်ကိုင်ထားမယ်ဆိုရင်  ကိုင်ထားသူရဲ့အမှားသာ ဖြစ်ပါတယ်။ အဲဒီကဒ်ဟာ…

Read More

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံနေရလို့ ကျောက်တော်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၅၃ ဦး နှုတ်ထွက်

ကျောက်တော်၊ ဇွန် – ၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ပြီးခဲ့တဲ့ရက်ပိုင်းက  ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ၅၃ ဦးတို့ဟာ လုံခြုံမှုမရှိတော့ဘူးဆိုပြီး လက်ရှိတာဝန်ကနေနှုတ်ထွက်လိုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို အလုပ်ထွက်စာတွေ ပေးပို့ခဲ့ကြပါတယ်။   အခုလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ရခြင်းဟာ ပြီးခဲ့တဲ့ မေလအကုန်ပိုင်းက ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတာဝန်ခံနဲ့ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ချုပ်နှောင်ထားတဲ့အတွက်ကြောင့်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။   ဇွန် ၄ ရက်က နှုတ်ထွက်စာတင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ၅၃ ဦးထဲက တစ်ဦးဖြစ်သူ ဒုက္ကန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေက “လက်ရှိ တာဝန်ကို မထမ်းဆောင်တော့ဘူးဆိုပြီးတော့ လက်မှတ်ရေးထိုးပြီး ထွေ/အုပ်ရုံးကို ပို့ခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ တောင်မင်းကုလား ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖမ်းဆီးခံရပြီး ပျောက်သွားတယ်။ အခု ရွှေပြည်ကျေးရွာတာဝန်ခံနဲ့ မင်းသားတောင် အုပ်ချုပ်ရေးမှူးတို့ကိုလည်း တပ်ကဖမ်းဆီးထားတယ်။ ဒါကြောင့် မလုံခြုံတော့တဲ့အတွက်…

Read More

ဧရာဝတီတိုင်းမှာ ကျောင်း ၁၀ကျောင်းဆောက်တာ ၇ ကျောင်းက စံချိန်စံညွန်းမကိုက်

ပုသိမ် ၊ ဇွန် -၅-၂၀၁၉ အောင်အောင်     ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်နဲ့ ဇလွန်မြို့နယ်တွေမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အခြေခံပညာကျောင်း၁၀ကျောင်း ကိုစစ်ဆေးတာမှာသတ်မှတ်စံချိန်စံညွနိးနဲ့မကိုက်ညီတဲ့ကျောင်း၇ကျောင်းကိုတွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းအဆောက်အအုံများတည်ဆောက်မူလုပ်ငန်းများစီစစ်ရေးကော်မတီနဲ့ တိုင်းအခြေခံပညာဦးစီးဌာနတို့ပူးပေါင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။     ကျောင်းဆောက်လုပ်ခွင့် တင်ဒါရရှိထားတဲ့ လူထုရှေ့ဆောင်ကုမ္မဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုသွားရောက်စစ်ဆေးခဲ့တာမှာ တိုင်းအစိုးရသတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်မှီကြောင်းတည်ဆောက်မူအရေအသွေးစစ်ဆေးရေးကုမ္မဏီကမန်နေဂျင်း ဒါရိုက်တာ ဦးဇေယျာစိုးမင်း က   “လုပ်ငန်းကတော့၂၅ရာခိုင်နူန်းလောက်ပြီးနေတာတွေ့တယ် ဒါပေမယ့်အရည်အသွေးကမပြည့်မှီတာတွေ့ရတယ် ခုလုပ်ထားတဲ့တိုင်အလုံး၃၀လောက်ကိုပြန်ဖြိုပြီး ပြန်ဆောက်ခိုင်းထားရတယ်”လို့  ပြောပါတယ်။   အခြေပညာကျောင်းတွေတည်ဆောက်တာမှာ သတ်မှတ်ထားတဲ့စံချိန်စံညွန်းတွေနဲက မညီညွတ်ဘဲ ဆောက်နေတဲ့ လူထုရှေ့ဆောင်ကုမ္မဏီကိုအရေးယူဖို့စီစဉ်နေကြောင်း ဧရာဝတီတိုင်းအခြေခံပညာဦးစီးဌာနက ဦးစီးအရာရှိ ဦးတိုနိင်ကလည်း   “မနစ်ကဘတ်ဂျတ်မှာလဲဒီလိုအရေအသွေးမမှီလို့ကုမ္မဏီ၅ခုကို နာမည်ပျက်စာရင်းသွင်းခဲ့ရဘူးတယ်။ အခုကိစ္စမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဒီဇိုင်းတွေကိုမဆောင်ရွက်ဘူး၊ အရေအသွေးလည်း မပြည့်မှီတဲ့အတွက် အရေးယူမူတစ်ခုဆောင်ရွက်ဖို့ရှိပါတယ်။ စာချုပ်အတိုင်းဆိုရင်ဆက်မလုပ်နိင်ရင်လုပ်ငန်းရပ်မယ်ဆက်လုပ်မယ်ဆိုအစကနေပြန်ဆောက်ပေးရပါမယ်”လို့  ပြောပါတယ်။   ပြည်ထောင်စုအစိုးရရဲ့ဘတ်ဂျတ်ကနေ ၂၀၁၈/၂၀၁၉ပညာသင်နစ်အတွင်း ဧရာဝတီတိုင်းတွင်းကျောင်းပေါင်း ၆၀၀ကျော်ကို တည်ဆောက်နေပါတယ်။  ခုလက်ရှိတည်ဆောက်နေကြတဲ့…

Read More

ကျူးကျော်တွေ အများစုနေထိုင်တဲ့ နေရာတွေမှာ CCTV တွေတပ်ဆင်မယ်

ရန်ကုန် ၊ဇွန် ၅ – ၂၀၁၉ သိင်္ဂီ(VOM)   ကျူးကျော်တွေ နေထိုင်မှုများတဲ့ နေရာတွေဟာ မှုခင်းဖြစ်ပွားမှု ပိုများတာကြောင့် အဲ့ဒီနေရာတွေမှာ တရားခံတွေမျက်နှာကို မှတ်သားနိုင်တဲ့စနစ်ပါ   CCTV တွေ တပ်ဆင်သွားမယ်လို့ ဒီနေ့ ဇွန် ၅ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။   အဲဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းရဲ့လုံခြုံရေးအခြေအနေဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်း နယ် /လုံ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက “လူနေထူထပ်တဲ့နေရာတွေနဲ့ ကျူးကျော်တွေ ပြွတ်သိပ်နေရာမျိုးတွေက မှုခင်းတွေ ပိုဖြစ်နိုင်တယ်။ ဒါကြောင့် ဒီနေရာတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်ရမယ်။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပညာပေးတာတွေ ဆောင်ရွက်ရမယ်။ လောလောဆယ် CCTV 240 တပ်မယ်၊ တပ်ဆင်တဲ့နေရာမှာ ချိတ်ဆက်ဖို့ ဖိုက်ဘာစက်ကြောင်းတွေ လိုတယ်၊ အဆင်မြင့်တဲ့…

Read More

ပဲခူးတိုင်းဝန်​ကြီးချုပ်​အမိန့်​နဲ့ ပယ်ခဲ့တဲ့ အိမ်​​ထောင်​စုတွေက မဲပေးခွင့်ဆုံးရှုံးလို့ဆိုပြီး ဆန္ဒထုတ်ဖော်

မိုးညို၊ ဇွန်​ ၅ – ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း မိုးညိုမြို့နယ်​ ​မြေဇာအုပ်​စုအတွက် ရပ်​​/ကျေးအုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ရာမှာ အိမ်ထောင်စု ၆၀ ကျော်ကို ပယ်ခဲ့တဲ့အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးတယ်ဆိုပြီး ဒီနေ့မနက်က ရွေးချယ်ပွဲလုပ်နေချိန်မှာပဲ မကျေနပ်လို့  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ပဲခူးတိုင်း ဝန်ကြီးချုပ်အမိန့်နဲ့ မြေဇာအုပ်စု ပိုးစ​တော​ကျေးရွာက အိမ်​​ထောင်​စု (၆၄)စုကို ပယ်​ခဲ့တဲ့အတွက်​ ​ နိုင်ငံသား လူ့အခွင့်အရေး တန်းတူမရရှိဘူးလို့ ဆိုကြပါတယ်။   “ကျနော်​တို့က ​မြေဇာအုပ်​စုမှာ ၆၆/ဃ အိမ်​​ထောင်​စုဇယားရှိတယ်​။ မွေးဖွားစာရင်းလည်း ဒီအုပ်​စုပဲ။ နိုင်​ငံသား စိစစ်​​ရေးကတ်​ပြားလည်း ရှိတယ်​။ ၂၀၁၅ မှာလည်း မဲ​ပေးခဲ့တယ်​။ အခုမှ မဲ​ပေးခွင့်​မရှိဘူးဆို​တော့ လူ့အခွင့်​အ​ရေးချိုး​ဖောက်​တာပဲ။” လို့ မဲပေးခွင့် ဆုံးရှုံးခဲ့သူ ဦးနေမျိုးဝင်းက ဆိုပါတယ်။   အခုလို မဲပေးခွင့်မရတာနဲ့ ပတ်သက်ပြီး…

Read More

စစ်တွေမြို့လေထုထဲမှာ ကျောက်မှုန် ဝါးမှုန်၊ သဲမှုန်တွေ ပါဝင်မှု မြင့်တက်နေ

စစ်တွေ၊ ဇွန် ၅ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် စစ်တွေမြို့လေထုထဲမှာ ကျောက်မှုန် ဝါးမှုန်၊ သဲမှုန်တွေ ပါဝင်မှု မြင့်တက်နေတယ်လို့  ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားက သိရပါတယ်။   “ကျွန်တော်တို့ မနှစ်က စစ်တွေမြို့မှာ လေထုတိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် အဝေးပြေးတို့၊ ဈေးကြီးတို့လို လူထူထပ်တဲ့နေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ PN-2.5/PN-10 လို့ ခေါ်တဲ့ လေထုထဲမှာ အမှုန်တွေပါဝင်မှု မြင့်တက်နေတာကို တွေ့ရပါတယ်။”လို့ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးက ပြောခဲ့တာပါ။   အဲ့ဒီအခမ်းအနားမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတာ၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ တားဆီးကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။   အခုလိုမျိုး လေထုထဲအမှုန်တွေ ပါဝင်မှုမြင့်တက်နေတာဟာ…

Read More

ထီပေါက်စဉ်တိုက်တဲ့ ဖုန်းဆော့ဝဲလ်ကို “အလင်းသစ်” မသန်စွမ်းသူများအဖွဲ့ထံ လှူဒါန်း

မန္တလေး၊ဇွန် ၅-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ ထီးလှည့်ရောင်းနေတဲ့ မသန်စွမ်းသူတွေအတွက် (Pauk) အမည်ရှိ ထီပေါက်စဉ်တိုက်တဲ့ ဖုန်းဆော့ဝဲလ် အခမဲ့သုံးစွဲခွင့်ကို Trion Sofware Development Company (Mandalay)က ဒီနေ့ နေ့လည်ပိုင်းက ချမ်းမြသာစည်မြို့နယ် “အလင်းသစ်”မသန်စွမ်းသူများဖွံ့ဖြိုးရေးစင်တာထံ လာရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။   #voiceofmyanmar# ထီပေါက်စဉ်တိုက်တဲ့ဖုန်းဆော့ဝဲလ်ကို လှူဒါန်း # “အလင်းသစ်” မသန်စွမ်းသူများအဖွဲ့ #မန္တလေး  

Read More
VOM News

FREE
VIEW