#ကာတွန်း #ပံသုအောင်
Read MoreMonth: June 2019
မြောက်ဦးမြို့နယ်မှာ ကျေးရွာသားတစ်ဦး ကျည်ထိဒဏ်ရာရ
မြောက်ဦး၊ ဇွန် ၂၅ -၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာသား ကိုကျော်ဝင်းထွန်းဟာ မနေ့ နေ့လည်က ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ လယ်ထွန်အပြီးမှာ ငါးရှာဖို့ထွက်လာခဲ့တဲ့ ပေါက်ပင်ကွင်းကျေးရွာသားနောက်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းတင်နဲ့အတူ သရက်ခင်းရှိတဲ့နေရာကို လှေနဲ့သွားခဲ့ကြစဉ် ကျည်ထိမှန်ခဲ့တာပါ။ “လယ်ထွန်တာနားပြီးတော့ တစ်ဖက်ကမ်းမှာရှိတဲ့ သရက်ခင်းကနေ သရက်သီးသွားခူးမယ်ဆိုပြီး လှေနဲ့သွားတဲ့အချိန်မှာ ပစ်သံကြားလိုက်ရတယ်။ ကျနော်ကို တစ်ချက်လာထိတယ်။ မျက်နှာမှာရှပ်ထိသွားတာ ဖြစ်ပါတယ်။”လို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။ စစ်ကြောင်းရှိတဲ့နေရာနဲ့ သူတို့သွားနေတဲ့နေရာက တစ်မိုင်ကျော်လောက်ကွာဝေးပြီး ပစ်ခတ်သံ အချက် ၂၀ လောက် ကြားရတယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်သံတွေကြောင့် ထွက်ပြေးခဲ့ရပုံကို ကိုကျော်ဝင်းထွန်းက “ကျနော်လည်း မျက်နှာမှာ ဒဏ်ရာရသွားတာနဲ့ လှေကနေချောင်းထဲကို ခုန်ချပြီး ထွက်ပြေးရတာပေါ့။ အခုရွာသားတွေရဲ့အကူအညီနဲ့…
Read Moreမန္တလေးတိုင်းမှာ H1N1 တုပ်ကွေးရောဂါ ကူးစက်လူနာစာရင်း တရားဝင် စာမရောက်သေး
မန္တလေး၊ဇွန် ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းမှာ လေမှတဆင့်ကူးစက်နိုင်တဲ့ ရာသီပေါ်တုပ်ကွေး H1N1ရောဂါ ဖြစ်ပွားပြီး ဆေးရုံတွေပေါ်ကို တက်ရောက်ကုသတဲ့ လူနာစာရင်း တိုင်းကုသရေး ဦးစီးဌာနမှူးရုံးကို တရားဝင် စာမရောက်သေးဘူးလို့ မန္တလေးတိုင်း ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းသန်းမြင့်(ဦးစီးဌာနမှူး) က ဇွန်လ ၂၄ ရက် ညနေပိုင်းက တရားဝင် ပြောပါတယ်။ ရောဂါကူးစက်ခံရတဲ့ လူနာရောက်လာရင်လည်း ကုသဖို့ဆေးဝါးတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို အလုံအလောက်ထားရှိပြီး အချိန်နဲ့တပြေးညီ လူနာစာရင်း ပေးပို့ဖို့ကိုလည်း ညွန်ကြားထားပြီး ဖြစ်ပါတယ်။ #voiceofmyanmar#H1N1ကူးစက်တုပ်ကွေးရောဂါလူနာစာရင်းတရားဝင်စာမရောက်သေး#မန္တလေး#
Read Moreအခြေခံပညာကျောင်းတွေနဲ့ ဘကကျောင်းတွေကို စက်ဘီး အစီးရေတစ်သောင်း လှူ
စစ်ကိုင်း၊ ဇွန် ၂၄ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM) မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ကျောင်းသွားဖို့ အခက်အခဲရှိနေပြီး ချို့တဲ့နေတဲ့သူတွေအတွက် စက်ဘီးအစီးရေ တစ်သောင်း လှူသွားမယ်လို့ LessWalk Organization က သိရပါတယ်။ အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတွေထဲမှာ ကျောင်းကိုသွားလာဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သောင်းအတွက် LessWalk Organization ကနေ စက်ဘီးအစီးရေ တစ်သောင်း လိုက်လံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ”ကျနော်တို့ နယ်တွေဘက်သွားတဲ့အခါ ကလေးတွေ လမ်းလျှောက်ပြီး ကျောင်းတက်နေတာကို တွေ့ရတော့ စက်ဘီးတွေကို ကျောင်းသူ၊ ကျောင်းသားတွေကို ပေးချင်နေတာ။ အဲဒါကို စဉ်းစားနေတာ တနှစ်ကျော်ကြာပါပြီ။ ကျနော်အိမ်မက်…
Read Moreမန်းမဟော်သဓါကော်မတီ တရားရင်ဆိုင်ရင်း ကျောင်းဆောက်ခွင့်ရအောင် လုပ်ဆောင်သွားမယ်
မန္တလေး ၊ဇွန် – ၂၄ – ၂၀၁၉ ဖြူဖြူ(VOM) တရားစွဲဆိုခံထားရတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီအနေနဲ့ တဖက်မှာ တရားရင်ဆိုင်ရင်း တဖက်မှာလည်း ခွင့်ပြုမိန့်ရအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တရားစွဲဆိုခံရသူ ခုနစ်ဦးထဲမှာပါတဲ့ ကျောင်းကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးဇော်ဝိတ်က “ လောလောဆယ် စွဲထားတဲ့အမှုကိုပဲ ရင်ဆိုင်ဖြေရှင်းရအုံးမှာပေါ့။ ဒီအမှုရင်ဆိုင် ဖြေရှင်းရင်းနဲ့ပဲ တည်ဆောက်ခွင့်ကျအောင်တော့ ကြိုးစားရမှာပေါ့။ အဲလိုကျပြီဆိုမှ ပြန်တည်ဆောက်ရမှာပေါ့။” လို့ ပြောပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေကို ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာ မလိုက်နာရင် စွဲတဲ့ ပုဒ်မမျိုးဖြစ်တဲ့ ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်…
Read Moreကလေးသူငယ် ဥပဒေကြမ်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့
သာယာဝတီ၊ ဇွန် ၂၄ -၂၀၁၉ မိုးယံ (VOM) ဒီနေ့ မနက်ပိုင်းက ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးလုပ်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက် ရှုတ်ချခြင်း လူထုဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဦးဝီရသူအတွက်လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်ပွဲမှာ ရန်ကုန်ုမြို့နေ ရှေ့နေ ဦးအေးပိုင်က “ရဲဘော်ကြီးကို သိတယ်မလား၊ ရဲဘော်ကြီးဆိုတာ ဆရာတော်ဦးဝီရသူပါ။ ရဲဘော်ကြီးဟာ အခုဆိုရင် အခက်အခဲတွေ အများကြီးကြုံတွေ့နေရတယ်၊ အစွပ်စွဲခံနေရတယ်။ ရဲဘော်ကြီးကို ကျန်းမာစေဖို့ မေတ္တာပို့ရမယ်။”လို့ ဦးဆောင်ပြောဆိုပြီး ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ကြသူတွေကလည်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို သာယာဝတီ မြို့နယ်က ဗုဒ္ဓ၊ ဓမ္မ ဝံသာနုဖောင်ဒေးရှင်း ဥက္ကဌ ဦးမန်းကြီး၊ ရှေ့နေဦးအေးပိုင်၊ သာယာဝတီမြို့နယ် ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်းက သံဃာတော် ၅၅…
Read Moreအာဏာသိမ်းဖို့ကြံစည်တာကို တားဆီးတဲ့ စစ်ဦးစီးချုပ် သေနတ်နဲ့ပစ်သတ်ခံရ
အဒစ္စ အဘာဘာ၊ ဇွန်-၂၃-၂၀၁၉ မျိုးဆက် (VOM) အီသီယိုပီးယားနိုင်ငံရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရာမက်ခွန်နမ်ဟာ အာဏာသိမ်းမှုတစ်ခုကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ အီသီယိုပီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုဖော်ပြပါတယ်။ စစ်ဦးစီးချုပ်နဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အမ်ဟာရာဒေသမှာ အစိုးရကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ အားထုတ်မှုတစ်ရပ်ကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ ၀န်ကြီးချုပ် အာဘီယာအာမက်က ပြောဆိုပြီး ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။ သေဆုံးသူတွေထဲမှာ အမ်ဟာရာဒေသရဲ့ အုပ်ချုပ်ရေးမှူး အန်ဘာချူးမက်ခွန်နမ်နဲ့ သူ့ရဲ့ အကြံပေးတစ်ဦးနဲ့အတူ ပါဝင်တယ်လို့ ဆိုပါတယ်။ မကြာသေးမီ နှစ်တွေအတွင်း အမ်ဟာရာနဲ့ အခြားဒေသတွေမှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းဖို့ အားထုတ်မှုကို အမ်ဟာရာဒေသရဲ့ လုံခြုံရေးအကြီးအကဲ အက်စမင်နယူးဆိုင်ဂျီကြံစည်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက စွပ်စွဲထားပြီး…
Read Moreအီရန်ရဲ့ လက်နက်ထိန်းချုပ်ရေးစနစ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်
ဝါရှင်တန်၊ ဇွန်-၂၃-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ဟာ အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်ဖို့ကို ခွင့်ပြုချက်ပေးပြီးမှ သမ္မတ ဒေါ်နယ်ထရန့်က ပယ်ဖျက်လိုက်ပေမယ့် အီရန်ရဲ့ လက်နက်စနစ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ဒုံးပျံတွေနဲ့ ဒုံးပျံပစ်လွှတ်စင်တွေကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်တွေ ချို့ယွင်းသွားခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဖော်ပြထားပါတယ်။ အီရန်အပေါ် အမေရိကန်က ပြစ်တင်ထားတဲ့ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုနဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချတာတွေအတွက် လက်တုံ့ပြန်မှုအဖြစ် အခုလို ဆိုက်ဘာ တိုက်ခိုက်မှုပြုတာလို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမယ့် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ လက်နက်ထိန်းချုပ်ရေးစနစ်တွေ ပျက်စီးသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။ အမေရိကန်ဟာ အီရန်အပေါ် ပြင်းထန်တဲ့…
Read Moreရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူနေတဲ့ယာဉ်ကို တိုက်ခိုက်ခဲ့တာလို့ AA ပြော
စစ်တွေ၊ ဇွန် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့အနီးမှာ ဆိုက်ကပ်ရပ်နားထားတဲ့ တပ်မတော်ပိုင် တွဲဆွဲရေယာဉ်တစ်စီးဟာ မနေ့ ဇွန်လ ၂၂ ရက်က တိုက်ခိုက်ပစ်ခတ်ခံလိုက်ရပါတယ်။ အဲ့ဒီရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေအတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူပို့ဆောင်နေတဲ့ ရေယာဉ်ဖြစ်တာကြောင့် အခုလို ပစ်ခတ်ခဲ့ရတာလို့ AA ဘက်က ပြောပါတယ်။ “ရေတပ်က ရေယာဉ်တစ်စီးကို ကျနော်တို့ဘက်က တိုက်ခိုက်ပစ်ခတ်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီရေယာဉ်ဟာ ကျနော်တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ တပ်မတော်ဘက်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်ပေးနေတဲ့ယာဉ်ဖြစ်လို့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။”လို့ AA အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။ တပ်မတော်ရဲ့ ရေတပ်သင်္ဘောတစ်စီး အခုလိုတိုက်ခိုက်ခံလိုက်ရပေမယ့် တပ်မတော်ဘက်ကတော့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်းနဲ့…
Read Moreပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတစ်ဦး မိုင်းထိ ခြေထောက်ပြတ်
ပုဏ္ဏားကျွန်း၊ ဇွန် ၂၃ -၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ထုံးဗူးကျေးရွာသားတစ်ဦးဟာ မနေ့ ဇွန်၂၂ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။ ထုံးဗူးကျေးရွာသားနှစ်ဦးဟာ ပုဏ္ဏားကျွးန်မြို့နယ် ဘဲငါးရာတောင်ခြေမှာရှိတဲ့ စမ်းပတီချောင်းအတွင်းက သူတို့ရဲ့ဥယျာဉ်ခင်း ကို သွားကြစဉ် မနက် ၁၀ နာရီလောက်မှာ မိုင်းနင်းမိခဲ့တဲ့အတွက် တစ်ဦးမှာ ညာဖက်ခြေထောက် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့က မနေ့က မနက်ပိုင်းမှာ ရွာကနေပြီးတာ့ ဒညင်းခင်းကို သွားကြတာပါ။ သူက ကျနော်ကို ဒညင်းပင်တက်ဖို့အတွက် ခေါ်တယ်၊ ကျနော်က ရှေ့ကသွားတယ်၊ သူကနောက်က ငါးပေလောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ ဒညင်းခင်းကို မရောက်ခင် မြောင်းထဲကိုအဆင်းမှာ မိုင်းနင်းမိတာပါ။”လို့ အတူသွားခဲ့တဲ့ ဦးကျော်ထွန်းလှက ပြောပါတယ်။ …
Read More