မြေပုံမြို့နယ်မှာ အရပ်သားနှစ်ဦးသတ်ဖြတ်ခံရ

မြေပုံ၊ ဇူလိုင် ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာမှာ ဇူလိုင်လ ၅ ရက်နေ့ညက ရွာသားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံ လိုက်ရကြောင်း ဒေသခံတွေကပြောပါတယ်။   သတ်ဖြတ်ခံလိုက်ရသူတွေဟာ ပေါက်တူးတောင်ကျေးရွာ၊ အောင်သပြေရပ်ကွက်မှာနေထိုင်တဲ့ ယောက္ခမဖြစ်သူ ဦးမောင်ဘကျန် ၅၈ နှစ်နဲ့ သားမက်ဖြစ်သူ ကိုပိုင်သက်ကျော် ၂၆ နှစ် တို့ဖြစ်ကြပြီး ယောက္ခမဖြစ်သူမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခြင်းဖြစ်ကာ သမက်ဖြစ်သူမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။   “သောကြာနေ့ ညနေ ၈ နာရီကျော်လောက်မှာဖြစ်တာပါ။ အိမ်ကိုလူနှစ်ယောက်ရောက်လာပြီးတော့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားတဲ့ကျည်ခွံတွေကိုလည်းတွေ့ရတယ်။ ဘယ်အဖွဲ့အစည်းကပစ်တယ်ဆိုတာတော့ မသိဘူး။”လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   ယောက္ခမဖြစ်သူ ဦးမောင်ဘကျန်ဟာ ထမင်းစားနေတဲ့ မီးဖိုချောင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခြင်းဖြစ်ပြီး သမက်ဖြစ်သူ ကိုပိုင်သက်ကျော်ကိုတော့ အိမ်ရှေ့ဝရံတာပေါ်မှာ သေဆုံးလျက်တွေ့ရကြောင်း ဆက်လက်ပြောကြားပါတယ်။ “ဦးမောင်ဘကျန်အိမ်ကို…

Read More

နေပြည်တော် မူကြိုကျောင်းသူလေးအမှု တရားမျှတမှုရရှိရေး ပြည်မြို့မှာ လမ်းလျောက်ဆန္ဒဖော်ထုတ်

ပြည် ၊ ဇွန် ၆-၂၀၁၉ လမင်း (VOM)   နေပြည်တော်ရှိ Wisdom  Hill ပုဂ္ဂလိကမူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ ၃ နှစ်အရွယ်သမီးငယ်လေး သက်ငယ်မုဒိန်းအပြုခံခဲ့ရတဲ့ အမှု့တရားမျှတမှု့ရရှိရေးအတွက် ဇူလိုင် ၆ ရက်နေ့ညနေက ပြည်မြို့မှာ စုပေါင်းလမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။   ဒီဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ညနေ ၄ နာရီခွဲအချိန်ခန့်ကစတင်ပြီး “ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု့ကိုရှာဖွေပေး ၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ ၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ ၊ လူ့အဖွဲ့စည်းရဲ့ ရတနာကလေးငယ်တိုင်းကိုဂရုစိုက်ပါ”စတဲ့စာတန်းပါ တဲ့ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ပြည်မြို့သူမြို့သား ၂၀၀ ကျော်က ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။   ဆန္ဒဖော်ထုတ်ပွဲအပြင် စတေကာ ၊ ဖဲကြိုးနက် ၊ ပန်းဖလက်ဝေခြင်း လှုပ်ရှားမှုတွေကိုပါပြုလုပ်ခဲ့ပြီး Justice for Victoria စာတမ်းပါ စတေကာ ၃၀၀…

Read More

ဖမ်းဆီးခံ ကျောင်းသားပြည်သူတွေကို လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အခမ်းအနားမှာ ဗ.က.သ များအဖွဲ့ချုပ်​ တောင်းဆို

ရန်​ကုန်​၊ ဇူလိုင် ၇-၂၀၁၉ သူရိန် (VOM)   စစ်အာဏာရှင် မျက်နှာဖုံးကို ကျောင်းသား၊ ကျောင်းသူတွေက ခွာချပြခဲ့သည့် နေ့မှာ  ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်နေဝင်း ဗုံးခွဲ ဖျက်ဆီးခဲ့တဲ့ နေ့ဖြစ်တဲ့ (၅၇)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားအဖြစ် ဗ. က. သများ အဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ ဆင်ရေတွင်းမှတ်တိုင်မှ သမဂ္ဂ ရင်ပြင်နီသို့ လမ်းလျှောက်ချီတက်ခဲ့ပါတယ်။   အောက်မေ့ဖွယ် အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမဂ္ဂရင်ပြင်နီရှိ ဗိုလ်အောင်ကျော်ကျောက်တိုင်မှာ အလေးပြုပြီး  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ. က. သ) က နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ အတွင်း​ရေးမှူး​ ကိုအောင်​​ဝင်း​ဇော်​ဖြိုးက ‘​ ခေတ်​အဆက်​ဆက်​အစိုးရကလည်း ​ကျောင်းသားသမဂ္ဂအ​ဆောက်​အဦးနဲ့ ​ကျောင်းသားသမဂ္ဂသမိုင်း​တွေကို ​ဖျောက်​ဖျက်​ခဲ့ကြတယ်​။…

Read More

ရန်ကုန်-ပြည်​ကားလမ်းနဲ့ ရထားလမ်းကြား ​ညောင်​ကုန်းအုပ်​စု​မှာ လယ်​ဧကတစ်​​ထောင်​​ကျော်​​ရေနစ်​မြုပ်​​နေ

သဲကုန်း ဇူလိုင်​ ၇-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပြည်​ခရိုင်​ သဲကုန်းမြို့နယ်​ရန်​ကုန်​-ပြည်​ကားလမ်းနဲ့ရထားလမ်းကြား ​ညောင်​ကုန်းအုပ်​စု ​​ကျေးရွာ​တွေကလယ်​ဧက တစ်​ထောင်​​ကျော်​​ရေနစ်​မြုပ်​​နေလို့် တောင်​သူ​တွေ အခက်​အခဲ ဖြစ်​​နေပါတယ်​။   `​ရေနစ်​​နေတာ ၁၅ရက်​​လောက်​ရှိပြီ ပျိုးခင်း​တွေ စိုက်​ပြီးမှ ​ရေနစ်​​နေတာ ရထားလမ်းနဲ့ဆည်​​မြောင်း ​ဘောင်​ကြားထဲမှာ လယ်​ဧကတစ်​ထောင်​​လောက်​နစ်​​နေတာပါ ဇွန်​လ ၂၅ရက်​​နေ့တည်းက​ ချောင်းရေတက်​လာပြီးအခု ဇူလိုင်​ ၇​ရက်​​နေ့ထိ​ရေ​နစ်​​နေတုန်းလို့´​ဒေသခံ​တောင်​သူ ဦးအေးက​ပြောပါတယ်​။   ​ရေနစ်​​နေတဲ့အခက်​အခဲ​တွေကို ​ညောင်​ကုန်းအုပ်​စု အုပ်​ချုပ်​​ရေးမှုး ဦးမျိုးညွှန့်​ထွန်းကလည်း အခုလိုရှင်းပြပါတယ်​။ `နွယ်​​ကောက်​အုပ်​စုပိုင်​ ကင်းတက်​​ချောင်း၊ ချင်းစု​ချောင်း ၊ သဲဖြူ​ချောင်း စတဲ့​ချောင်း​တွေကစုပြီး ​ရေ​တွေက ကွင်းအမှတ်​ ၉၁၄ ၉၁၂ ၉၁၃ကွင်းထဲကိုဝင်​ပါတယ်​။ ​ရေစိုးထုတ်​တဲ့​မြောင်းထဲကို စီးဝင်​ဖို့အင်​အားမရှိဘူး ​ချောင်း​တွေကပါလာတဲ့သဲ​တွေက ပြည့်​​နေ​တော့​ရေက မဆင်းနိုင်​ဘူး ​ရေနစ်​တာ​တော့ကြာပါပြီ ဒီနှစ်​ကပိုဆိုးတယ်​ လက်​ရှိ​ရေစိုးထုတ်​တဲ့​ဘောင်​ကထပ်​မြှင့်​လိုက်​​တော့ ​ရေကထွက်​စရာအ​ပေါက်​မရှိဖြစ်​ပြီး ​ရေ​မြုပ်နေတာပါလို့´ရှင်းပြပါတယ်​။   `တစ်​ခါမှ အခု​လောက်​ကြာကြာ​ရေမနစ်​ဖူးဘူး…

Read More

၅၇နှစ်မြောက် 7JULY အခမ်းအနား ရတနာပုံတက္ကသိုလ်ဗကသတွေပြုလုပ်

မန္တလေး၊ ဇူလိုင်၇-၂၀၁၉ ဟိန်းကို(VOM)   ရန်ကုန်တက္ကသိုလ်တွင်းက ကျောင်းသားသမဂ္ဂအဆောက်အုံဖြိုခွဲခံရခြင်း၅၇နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကိုဒီကနေ့မနက်ပိုင်းကမန္တလေး ရတနာပုံတက္ကသိုလ်ဗကသအဖွဲ့ဝင်တွေစုပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။   အခမ်းအနားကိုကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတဲ့အပြင်အခမ်းအနားမှာပြသမယ့်သမိုင်းမှတ်တမ်းဓာတ်ပုံတွေကိုလည်းသမဂ္ဂရုံးခန်းရှေ့မှာပဲ့မနေ့ကညပိုင်းကဖျက်စီးခံရမှုတွေရှိခဲ့ပါတယ်။   #voiceofmyanmar #ဆဲဗင်းဇူလိုင် #ရတနာပုံ #ဗကသ

Read More
VOM News

FREE
VIEW