ဖမ်းဆီးခံ ကျောင်းသားပြည်သူတွေကို လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အခမ်းအနားမှာ ဗ.က.သ များအဖွဲ့ချုပ်​ တောင်းဆို

ရန်​ကုန်​၊ ဇူလိုင် ၇-၂၀၁၉

သူရိန် (VOM)

 

စစ်အာဏာရှင် မျက်နှာဖုံးကို ကျောင်းသား၊ ကျောင်းသူတွေက ခွာချပြခဲ့သည့် နေ့မှာ  ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်နေဝင်း ဗုံးခွဲ ဖျက်ဆီးခဲ့တဲ့ နေ့ဖြစ်တဲ့ (၅၇)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနားအဖြစ် ဗ. က. သများ အဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ ဆင်ရေတွင်းမှတ်တိုင်မှ သမဂ္ဂ ရင်ပြင်နီသို့ လမ်းလျှောက်ချီတက်ခဲ့ပါတယ်။

 

အောက်မေ့ဖွယ် အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမဂ္ဂရင်ပြင်နီရှိ ဗိုလ်အောင်ကျော်ကျောက်တိုင်မှာ အလေးပြုပြီး  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ. က. သ) က နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ အတွင်း​ရေးမှူး​ ကိုအောင်​​ဝင်း​ဇော်​ဖြိုးက

‘​ ခေတ်​အဆက်​ဆက်​အစိုးရကလည်း ​ကျောင်းသားသမဂ္ဂအ​ဆောက်​အဦးနဲ့ ​ကျောင်းသားသမဂ္ဂသမိုင်း​တွေကို ​ဖျောက်​ဖျက်​ခဲ့ကြတယ်​။ အခုလက်​ရှိအစိုးရကလည်း သမဂ္ဂအ​ဆောက်​အဦးနဲ့ပက်​သက်​ပြီးသမိုင်း အမှန်​​ဖော်​ထုတ်​​ရေးထက်​ သမိုင်းကို ဖုံးကွယ်​တဲ့လုပ်​​ဆောင်​ချက်​​တွေလုပ်​​နေတာကို​တွေ့​နေရတယ်​။ ဒါ​ကြောင့်​ဒီလုပ်​ရပ်​​တွေကိုရပ်​တန်းကရပ်​ပြီး သမိုင်းအမှန်​ကို​ဖော်​ထုတ်​ပြီး သမဂ္ဂအ​ဆောက်​အဦးပြန်​လည်​တည်​​ဆောက်​​ရေးကိစ္စရပ်​နဲ့ပက်​သက်​ပြီး သမဂ္ဂမျိုးဆက်​အသီးသီးရဲ့သ​ဘောထားနဲ့​ ရှေ့ဆက်​လုပ်​​ဆောင်​သင့်​ပါတယ်​”  လို့ ပြောပါတယ်​။

 

 အဲဒီနောက် ​နေ့လယ်​ ၂ နာရီ မှာ သမဂ္ဂရဲ​ဘော်​တွေ ၊ ​ကျောင်းသားပြည်​သူတွေက တံတားဖြူမှတ်​တိုင်​ကနေ သမဂ္ဂရင်​ပြင်​နီအထိ ချီတက်​လမ်း​လျှောက်​​အ​လေးပြုကြဦးမယ်လို့လည်း သိရပါတယ်​။

 

#voiceofmyanmar #ဆဲဗင်းဇူလိုင် #ရန်ကုန်တက္ကသိုလ် #ဗကသ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW