နေပြည်တော် ဇူလိုင် ၁၂-၂၀၁၉
ကိုထွန်း နေပြည်တော်
လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ဇူလိုင် ၁၁ ရက်ညဦးပိုင်းက ခိုးယူခံလိုက်ရပါတယ်။ ရွှေထည်တွေခိုးယူခံလိုက်ရတဲ့ အမည်မဖေါ်ပြလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် က
‘ ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲကုတင်ပေါ်က ဆလင်းဘက်အိတ်ကိုဆွဲယူရွှေဘူးကိုနှိုက်ယူတယ်ပေါ့ ပြီးတော့ အိတ်ကိုပြန်ထားတဲ့အချိန်မှာ အမျိုးသမီးက လက်ကိုလှမ်းမြင်လို့လိုက်ဆွဲတယ်။ အော်ပါတယ်။ ဒါပေမယ့် အနီးဝန်းကျင်မှာဘယ်သူမှမရှိကြဘူး ကိုယ်စားလှယ်တွေက မရောက်သေးဘူးလေ၊ ပြူတင်းဘောင်ပေါ်မှာ ဆွဲကြိုးတကုံးနဲ့ လက်စွပ်တစ်ကွင်းကျန်ခဲ့တယ်’ လို့ ပြောပါတယ်။
ခိုးခံရတဲ့ ထဲမှာ ၂၅သိန်းတန်း စိန်လက်ကောက်၊ ၁၀ သိန်းတန် စိန်လက်စွပ်၊ ၁၈ သိန်းတန် ပုလဲစိန်ကွပ်ထားတဲ့ လက်စွပ်တကွင်း၊ တကွင်း ၅မူးသားရှိတဲ့ ပိုက်ပွ ရွှေလက်ကောက် ၉ ကွင်းနဲ့ ၆ သိန်းတန် ဖုချိန်း တခု စုစုပေါင်း ၁၀၄ သိန်းခန့် ပါသွားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးက တရားလိုလုပ် တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေထည်တွေခိုးယူခံခဲ့ရတဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့အမျိုးသမီးကရာဇသတ်ကြီးပုဒ်မ၃၈၀နဲ့သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပါတယ်။
ဒီကိစ္စကို ဇမ္ဗူသီရိမြို့မရဲစခန်းက(ပ)၁၄၂ / ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုလက်ခံဆောင်ရွက်ပြီး တရားခံ ဖမ်းမိနိုင်ရေး နယ်ထိမ်းခေါင်းဆောင်တွေနဲ့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
#voiceofmyanmar #နေပြည်တော် #စည်ပင်ရိပ်သာ #လက်ဝတ်လက်စားတွေခိုးခံရ