နေပြည်တော်စည်ပင်ရိပ်သာ ၂ မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဧည့်ရိပ်သာမှာ သိန်း တရာကျော်တန် လက်ဝတ်လက်စားတွေခိုးခံရ

နေပြည်တော် ဇူလိုင် ၁၂-၂၀၁၉

ကိုထွန်း နေပြည်တော်

 

လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့  နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ဇူလိုင် ၁၁ ရက်ညဦးပိုင်းက ခိုးယူခံလိုက်ရပါတယ်။  ရွှေထည်တွေခိုးယူခံလိုက်ရတဲ့   အမည်မဖေါ်ပြလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် က

 

‘ ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲ​ကုတင်​​ပေါ်က ဆလင်းဘက်​အိတ်​ကိုဆွဲယူ​ရွှေဘူးကိုနှိုက်​ယူတယ်​​ပေါ့ ပြီး​တော့ အိတ်​ကိုပြန်​ထားတဲ့အချိန်​မှာ အမျိုးသမီးက လက်​ကိုလှမ်းမြင်​လို့လိုက်​ဆွဲတယ်​။ အော်​ပါတယ်​။ ဒါ​ပေမယ့်​ အနီးဝန်းကျင်​မှာဘယ်​သူမှမရှိကြဘူး ကိုယ်​စားလှယ်​​တွေက မ​ရောက်​​သေးဘူး​လေ၊ ပြူတင်း​ဘောင်​​ပေါ်မှာ ဆွဲကြိုးတကုံးနဲ့ လက်​စွပ်​တစ်​ကွင်းကျန်​ခဲ့တယ်​’ လို့  ပြောပါတယ်။

 

ခိုးခံရတဲ့ ထဲမှာ ၂၅သိန်းတန်း စိန်လက်ကောက်၊ ၁၀ သိန်းတန် စိန်လက်စွပ်၊  ၁၈ သိန်းတန် ပုလဲစိန်ကွပ်ထားတဲ့ လက်စွပ်တကွင်း၊ တကွင်း ၅မူးသားရှိတဲ့ ပိုက်ပွ ရွှေလက်ကောက် ၉ ကွင်းနဲ့  ၆ သိန်းတန် ဖုချိန်း တခု စုစုပေါင်း ၁၀၄ သိန်းခန့် ပါသွားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးက တရားလိုလုပ် တိုင်ကြားထားတယ်လို့  သိရပါတယ်။

 

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေထည်တွေခိုးယူခံခဲ့ရတဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့အမျိုးသမီးကရာဇသတ်ကြီးပုဒ်မ၃၈၀နဲ့သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပါတယ်။

 

ဒီကိစ္စကို ဇမ္ဗူသီရိမြို့မရဲစခန်းက(ပ)၁၄၂  / ၂၀၁၉  ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုလက်ခံဆောင်ရွက်ပြီး တရားခံ ဖမ်းမိနိုင်ရေး နယ်ထိမ်းခေါင်းဆောင်တွေနဲ့ ဆက်လက် ဆောင်ရွက်နေတယ်လို့  ပြောပါတယ်။

 

#voiceofmyanmar #နေပြည်တော် #စည်ပင်ရိပ်သာ #လက်ဝတ်လက်စားတွေခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW