မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ကျေးရွာတချို့ရေနစ်မြုပ်

မင်းပြား၊ ဇူလိုင် ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားနေတဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။   မိုးကြီးရေလျှံမှုတွေကြောင့် လေးမြို့မြစ်ရေမြင့်တက်လာတာကြောင့် မင်းပြားမြို့အပါအဝင် ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းအတွင်းက ကျေးရွာတော်တော်များများဟာ ရေနစ်မြုပ်နေတာဖြစ်တယ်လို့ မင်းပြားမြို့က ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။   “ဒီရက်ပိုင်းအတွင်းမှာ မိုးကြီးပြီးတော့ လေးမြို့မြစ်ရေပြည့်လျှံတဲ့အတွက် ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။ မင်းပြားမြို့ပေါ်မှာလည်း မြုပ်တယ်။ ပြီးတော့ မင်းပြားမြို့နယ် ဖုံသာချောင်းနဲ့ ပန်းမြောင်းကြီးချောင်းတွေမှာလည်း ရွာတော်တော်များများ မြုပ်နေပါတယ်။”လို့ မင်းပြားမြို့က ဦးသိန်းဇံက ပြောပါတယ်။   မင်းပြားမြို့ပေါ်မှာ ရပ်ကွက် ၈ ခုရှိပြီး အားလုံးနီးပါးရေနစ်မြုပ်နေကြောင်းနဲ့ ပန်းမြောင်းကြီးချောင်းအတွင်းမှာ ကပ်ပဲ့၊ သာစည်၊ ချောင်းတို၊ ပိန္နဲတောင်၊ မင်းဖူးစသည့် ကျေးရွာပေါင်း ၁၀ ကျော်နဲ့ ဖုံသာချောင်းအတွင်းက ကျေးရွာတွေ နစ်မြုပ်နေတာ ဖြစ်ပါတယ်။…

Read More

စစ်ပွဲတွေရပ်စဲရေးအတွက် ပြည်ပအကူအညီတွေ လိုအပ်နေတယ်လို့ ရခိုင်လွှတ်တော်အကြံပြု

စစ်တွေ၊ ဇူလိုင် ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရာနာဘာဂနာတို့ မနေ့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။     အဲ့ဒီတွေ့ဆုံမှုမှာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေ၊ ဒုက္ခသည်အရေးကိစ္စတွေနဲ့ ဘင်္ဂါလီအရေးကိစ္စတွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ သိရပါတယ်။     “မစ္စဘာဂနာကတော့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေ၊ စစ်ရေးကိစ္စတွေကို ရပ်စဲဖို့နဲ့ ဘင်္ဂါလီတွေ ပြန်လည် လက်ခံရေးကိစ္စတွေကို မေးမြန်းတာပေါ့။ ဒုက္ခသည်တွေရဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ ဘယ်လို ဆောင်ရွက်သင့်လဲဆိုတာတွေကို ဆွေးနွေးကြတာပါ။”လို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းက ပြောပါတယ်။     ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးအခက်အခဲတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာအပြင် ရခိုင်စစ်ပွဲတွေကို ရပ်စဲနိုင်ရေးနဲ့ပတ်သက်လို့ အကြံအညဏ်တွေကိုလည်း ရယူခဲ့တယ်လို့ ဆိုပါတယ်။…

Read More

ယာဉ်တိုက်မှုဖြစ်လို့ သေဆုံးသူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ကား အပြန်မှာ အဲဒီကားလည်း ယာဉ်မတော်တဆဖြစ် ယာဉ်မောင်းသေ

မုံရွာ၊ ဇူလိုင် ၁၂ -၂၀၁၉ ဗျဂ္ဃ (VOM)     စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို နာမှုကူညီရေးအသင်းကားတစ်စီးက ဆေးရုံပို့ပေးခဲ့ပြီး အပြန်မှာ အဲဒီကားလည်း ယာဉ်မတော်တဆမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံးသွားတယ်လို့ အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး(မုံရွာ)က သိရပါတယ်။     “အဝေးပြေးလမ်းပေါ်က မုံရွာ-မန္တလေးလမ်းပေါ်က ပထမယာဉ်တိုက်မှုကိုတော့ ချောင်းဦးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မုံရွာက ယာဉ်တိုက်မှုကိုတော့ မုံရွာမြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားပါတယ်။”လို့ အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး(မုံရွာ)မှ ဒုရဲမှုး ဇော်ဝင်းနိုင်က ပြောပါတယ်။     ဖြစ်စဉ်မှာ မနေ့ ဇူလိုင် ၁၁ ရက်က မုံရွာ – မန္တလေးလမ်းမကြီး မိုင်တိုင်အမှတ် ၆၅/၂-၃ ကြား၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ  မြိုင်မြို့ကနေ မန္တလေးကို ထွက်ခွာလာတဲ့ ရွှေမန်းသူ…

Read More

ကျူးရှင်းလင်းရေးဆောင်ရွက်နေစဉ် ဟန့်တား နှောင့်ယှက်ခဲ့သူတွေကို အမှုဖွင့်အရေးယူ

မန္တလေး၊ ဇူလိုင် ၁၂-၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ရေနီမြောင်းအနီး လမ်း ၇၀ နဲ့ ၇၃လမ်းကြားမှာ စည်ပင်သာယာက လမ်းမြေဖောက်မှာဖြစ်တဲ့အတွက် ကျူးကျော်နေထိုင်နေတဲ့ အိမ်တွေကို ရှင်းလင်းရာမှာ ထိခိုက်ဒဏ်ရာရအောင် ဝင်ရောက်ဟန့်တားခဲ့သူတွေကို အမှုဖွင့် အရေးယူထားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။   မနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ကျူးကျော်ဆိုသူတွေကို ရှင်းလင်းဖယ်ရှားနေစဉ် အဲဒီမှာ နေထိုင်သူတွေကလည်း သူတို့ဟာ အထောက်အထားအစုံနဲ့ နေထိုင်နေတာဖြစ်တယ်ဆိုပြီး မဖယ်ရှားဘဲ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်ပစ်ဖောက် ခြောက်လှန့်ခဲ့ပါတယ်။   ” ဒီမြေကို သူတို့ပိုင်တယ်ဆိုပြီး စာလာပို့တယ်၊ ကျနော်တို့ကလည်း ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်လာတဲ့ တောင်သူပါ။ ကျနော်တို့က ၁၉၉၉ ခုနှစ်ကတည်းက နေလာပြီး ၂၀၀၁-၂၀၀၂ အထိ အခွန်ထမ်းဆောင်ခဲ့တာပါ။…

Read More

နေပြည်တော်စည်ပင်ရိပ်သာ ၂ မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဧည့်ရိပ်သာမှာ သိန်း တရာကျော်တန် လက်ဝတ်လက်စားတွေခိုးခံရ

နေပြည်တော် ဇူလိုင် ၁၂-၂၀၁၉ ကိုထွန်း နေပြည်တော်   လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့  နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ဇူလိုင် ၁၁ ရက်ညဦးပိုင်းက ခိုးယူခံလိုက်ရပါတယ်။  ရွှေထည်တွေခိုးယူခံလိုက်ရတဲ့   အမည်မဖေါ်ပြလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် က   ‘ ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲ​ကုတင်​​ပေါ်က ဆလင်းဘက်​အိတ်​ကိုဆွဲယူ​ရွှေဘူးကိုနှိုက်​ယူတယ်​​ပေါ့ ပြီး​တော့ အိတ်​ကိုပြန်​ထားတဲ့အချိန်​မှာ အမျိုးသမီးက လက်​ကိုလှမ်းမြင်​လို့လိုက်​ဆွဲတယ်​။ အော်​ပါတယ်​။ ဒါ​ပေမယ့်​ အနီးဝန်းကျင်​မှာဘယ်​သူမှမရှိကြဘူး ကိုယ်​စားလှယ်​​တွေက မ​ရောက်​​သေးဘူး​လေ၊ ပြူတင်း​ဘောင်​​ပေါ်မှာ ဆွဲကြိုးတကုံးနဲ့ လက်​စွပ်​တစ်​ကွင်းကျန်​ခဲ့တယ်​’ လို့  ပြောပါတယ်။   ခိုးခံရတဲ့ ထဲမှာ ၂၅သိန်းတန်း စိန်လက်ကောက်၊ ၁၀ သိန်းတန် စိန်လက်စွပ်၊  ၁၈ သိန်းတန် ပုလဲစိန်ကွပ်ထားတဲ့…

Read More

တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနေရာနဲ့ တိုင်းတရားလွှတ်တော် တရားသူကြီးနေရာမှာ ဝန်ကြီးချုပ်အဆိုပြုထားသူတွေကို လွှတ်တော်က သဘောတူ

မန္တလေး၊ ဇူလိုင် ၁၁ – ၂၀၁၉ နေသူ(VOM)   ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (ဒုတိယန့) မှာ မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ဦးအောင်ကြည်နဲ့ အနားယူသွားခဲ့တဲ့ တိုင်းတရားလွှတ်တော် တရားသူကြီးနေရာမှာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှမြင့်တို့ကို  ခန့်အပ်ဖို့ လွှတ်တော်က သဘောတူညီခဲ့ပါတယ်။   သူတို့နှစ်ဦးကို မနေ့က တိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။   မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ အငြိမ်းစားယူသွားတဲ့ မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီးနေရာမှာ ခရိုင်တွဲဖက်တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါ်လှမြင့်တို့ကို ခန့်အပ်ဖို့ သဘောတူညီခဲ့တာပါ။   ဒေါ်လှမြင့်( ၅၆…

Read More

ခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့အစားကျွေးရင် စည်ပင်ဥပဒေအရ အရေးယူမယ်

ရန်ကုန်၊ ဇူလိုင် ၁၂ – ၂၀၁၉ သိင်္ဂင်္ီ(VOM)   ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းက လမ်းဘေးခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ အစားကျွေးခဲ့မယ်ဆိုရင်တော့ စည်ပင်သာယာရေးဥပဒေအရ အရေးယူမယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။   “ကျွေးရင် ကိုယ့်ခြံထဲမှာ ကျွေးပါ။ လမ်းမှာကျွေးတော့ မစားတဲ့သူ၊ စားတဲ့သူ ရှိတယ်။ ခြင်ပေါက်ဖွားမှုလည်း ရှိလာနိုင်တယ်။ ခွေးပေါက်ဖွားမှုလည်း များလာမှာစိုးလို့ ဒီဟာကို ဥပဒေနဲ့တားတာ။ ကျနော်တို့ ထုတ်လိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးပြီးမှ ထွက်လာတာပါ။ ဥပဒေက ရှိတယ်။ ဥပဒေက အသက်ဝင်နေပြီ။”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။   မနေ့ ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးလှူဒါန်းခြင်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်တဲ့ အခမ်းအနားမှာ ခွေးလေခွေးလွင့်တွေနဲ့ပတ်သက်ပြီး…

Read More
VOM News

FREE
VIEW