ဂျပန်ပင်လယ်ပြင်အတွင်းကို ဒုံးပျံနှစ်စင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးပျံနှစ်စင်း ပင်လယ်ပြင်အတွင်းကို  ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။

 

ဇူလိုင် ၂၅ ရက်အစောပိုင်းက ပစ်လွှတ်ခဲ့တဲ့ အဲဒီ ဒုံးပျံနှစ်စင်းဟာ  အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်အတွင်းကို  မကျရောက်မီ ၅၀ ကီလိုမီတာအမြင့်ကနေ မိုင်ပေါင်း ၂၇၀ အကွာအဝေးကို ဖြတ်သန်းခဲ့ပါတယ်။

 

လာမယ့်လမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့အပေါ် မြောက်ကိုရီးယားက အမျက်ဒေါသထွက်နေခဲ့ပြီးနောက် အခုလို ဒုံးပျံပစ်လွှတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ  နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်တဲ့အပေါ် အကျိုးသက်ရောက်စေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ ဒီနေ့ ဇူလိုင် ၂၅  ရက်မှာ ပထမဆုံးဒုံးပျံကို မနက် ၅ နာရီ ၃၄ မိနစ်မှာ ပစ်ခတ်ခဲ့ပြီး ဒုတိယ ဒုံးပျံကို ၅ နာရီ ၅၇ မိနစ်မှာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်တွေက ပြောပါတယ်။

 

ဒုံးပျံပစ်ခတ်မှုကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ၀န်ဆန်အနီးမှာ  ပြုလုပ်ခဲ့ပြီး ပစ်ခတ်မှုကို ကင်ဂျုံအန်ကြီးကြပ်ခြင်း မရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တင်းမာမှုတွေ လျှော့ချရေးအတွက် အထောက်အကူမဖြစ်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။

 

Ref : BBC

Photo : AP

 

#voiceofmyanmar #ဂျပန် #ပင်လယ်ပြင်အတွင်းကိုဒုံးပျံနှစ်စင်းပစ်ခတ် #မြောက်ကိုရီးယား #တောင်ကိုရီးယား #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW